Google Pixel 3 XL

[ Zawgyi ]

Price : (1,290,000 Ks [64GB])

အားသာခ်က္

ျမင့္မားေကာင္းမြန္တဲ့ ကင္မရာစနစ္နဲ႔ ပိုမိုတုိးတက္လာတဲ့ ၆.၃ လက္မ OLED screen ေတြက သေဘာက်စရာပါ။ ျပည့္ဝေကာင္းမြန္ လွတဲ့ ဘက္ထရီပိုင္းက ဒီဖုန္းရဲ႕ အားသာခ်က္ပါ။

အားနည္းခ်က္

ဖုန္းရဲ႕ အရြယ္အစားအရဆိုရင္ေတာ့ Pixel 3 လိုမ်ဳိး လက္တစ္ဖက္ နဲ႔ ကိုင္တြယ္အသုံးျပဳရတာ သိပ္မလြယ္ကူဘူး။ ေနာက္တစ္ခုက ေစ်းႏႈန္းျမင့္မားတာေတြက သူ႔ရဲ႕အားနည္းခ်က္လုိ႔ ေျပာရမွာပါ။

CPU

ဒီဖုန္းမွာ 10nm Snapdragon 845 chip ကို အသုံးျပဳထားၿပီး ဒီ chipset က လက္ရွိစြမ္းေဆာင္ရည္ပိုင္း ျမင့္မားေကာင္းမြန္မႈ အျမင့္ဆုံး chipset ဆိုတာကေတာ့ ျငင္းမရတဲ့အခ်က္ပါ။ RAM အေနနဲ႔ 4GB နဲ႔ သိုေလွာင္ႏုိင္မႈပမာဏ 64GB/128GB ဆိုၿပီး ထုတ္လုပ္ထားပါတယ္။ ဒီဖုန္းက ျမန္ဆန္ေကာင္းမြန္မႈရွိတဲ့ Chipset ကိုအသုံးျပဳထားသလို လုပ္ေဆာင္ခ်က္ေတြကို ပိုမိုေကာင္းမြန္တဲ့ Android 9.0 (Pie) ကို ထည့္သြင္းထားပါတယ္။

ဒီဇိုင္းနဲ႔ မ်က္ႏွာျပင္

Pixel 3 XL ရဲ႕ ေက်ာဘက္အေပၚပိုင္းကေတာ့ ေတာက္ပတဲ့ဖန္သား ျဖစ္ၿပီး က်န္တဲ့ ေအာက္ပိုင္း ၈ဝ ရာခုိင္ႏႈန္းကေတာ့ သတၱဳကိုယ္ထည္ ျဖစ္ပါတယ္။

အရည္အေသြးျမင့္ ဖုန္းကိုယ္ထည္ျဖစ္ေပမယ့္ သူ႔အရင္ ထြက္ခဲ့တဲ့ ဖုန္းဒီဇုိင္းတစ္အားႀကီး ကြဲထြက္သြားတာမ်ဳိးမရွိပါဘူး။

မ်က္ႏွာျပင္အရြယ္အစား ၆.၃ လက္မရွိတဲ့ P-OLED Display က 1440×2960 pixel ထိေထာက္ပံ့ေပးႏုိင္ပါတယ္။ Screen raito က 18.5:9 ရွိၿပီး ဖုန္းကိုယ္ထည္မွာ ျမင္ကြင္းပါ၀င္မႈရာခုိင္ႏႈန္း ၈၂.၈ ရာခုိင္ႏႈန္းရွိပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္အေပၚပိုင္းမွာ ကင္မရာ ႏွစ္လုံးနဲ႔ စပီကာ ႏွစ္လုံးပါ၀င္ၿပီး ေအာက္ဖက္မွာေတာ့ စပီကာတစ္လုံး ပါ၀င္မွာျဖစ္ ပါတယ္။ ကိုယ္ထည္က IP68 ေရစိုခံႏုိင္မႈရွိမွာျဖစ္ၿပီး အေလးခ်ိန္ကေတာ့ ၁၈၄ ဂရမ္ရွိပါတယ္။

ကင္မရာ

Pixel Visual Core chip နဲ႔ machine-learning ေဆာ့ဖ္၀ဲနည္းပညာေထာက္ပံ့ပါ၀င္တဲ့ Google Pixel 3 XL ရဲ႕ 12.2MP ေက်ာဘက္ကင္မရာက ဓာတ္ပုံ အရည္အေသြးပိုင္း ၾကည္ လင္ပတ္သားေကာင္းမြန္သလို iPhone XS နဲ႔ Samsung Galaxy Note 9 ကင္မရာေတြထက္ ပိုၿပီး ၾကည့္ရတာ ေႏြးေထြးမႈ (warm) ျဖစ္သလို ေတာက္ပမႈလည္းရွိပါတယ္။ အဓိက ပတ္၀န္းက်င္အလင္းအားနည္းတဲ့ ညပိုင္႐ိုက္ကူးတဲ့ ဓာတ္ပုံေတြမွာ ပိုၿပီး သဘာ၀က်တာက ဒီကင္မရာရဲ႕ အားသာခ်က္ပါ။ Zoom ကလည္း ဒစ္ ဂ်စ္တယ္ zoom ပဲပါ၀င္ၿပီး dual pixel PDAF နည္းပညာ၊ OIS (Optical Image Stabilizations) စနစ္ ေတြေထာက္ပံ့ပါ၀င္ပါတယ္။

ေရွ႕ဘက္ Dual 8MP Selfie ကင္မရာနဲ႔ သူ႔အတြက္ေထာက္ပံ့ပါ၀င္တဲ့ machine-learning စနစ္ေတြက selfie ပုံေတြကို အေကာင္းဆုံး ႐ိုက္ကူးႏုိင္တဲ့အျပင္ ပုံမွန္ ၇၅ ဒီဂရီထက္ပိုမိုက်ယ္တဲ့ ၉၇ ဒီဂရီျမင္ကြင္းက်ယ္ဓာတပ္ုံေတြကို ႐ိုက္ကူးႏုိင္တဲ့အတြက္ အဖြဲ႔လိုက္ပုံေတြကို အလြယ္တကူ ႐ိုက္ကူးႏုိင္မွာျဖစ္ပါတယ္။ ။ ဗီဒီယုိကိုေတာ့ 1080p အရည္အေသြးဗီဒီယုိကို 30fps နဲ႔ ႐ုိက္ကူးႏုိင္မွာျဖစ္ပါတယ္။

ဘက္ထရီ

3430 mAh ပမာဏ ဘက္ထရီက ဒီဖုန္းအတြက္ နည္းတယ္လို႔ထင္ရေပမယ့္ တစ္ရက္ခြဲနီးပါးေလာက္ အသုံးျပဳႏုိင္တာ Pixel 3XL လိုမ်ဳိး ျမင္ကြင္းအရြယ္အစား ႀကီးမားတဲ့ဖုန္းအတြက္ ေက်နပ္စရာေကာင္းတဲ့အခ်က္လို႔ ဆိုရမွာျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့ အားသြင္းျမန္ဆန္တဲ့ 18 Watt အားသြင္းစနစ္နဲ႔ ႀကိဳးမဲ့အားသြင္းနည္းပညာေတြ ေထာက္ပံ့ပါ၀င္ပါတယ္။

သံုးသပ္ခ်က္

Google Pixel 3 XL က ဒီေန႔ဒီအခ်ိန္မွာေတာ့ ျမင္ကြင္းအရြယ္ အစားႀကီးမားၿပီး ၿပိဳင္ဘက္ကင္း ကင္မရာ စြမ္းေဆာင္ရည္ေတြကို ပိုင္ဆုိင္ထားတဲ့ စမတ္ဖုန္းတစ္လုံးပဲျဖစ္ပါတယ္။ ကိုယ့္အေနနဲ႔ ျမင္ကြင္းႀကီးၿပီး ကင္မရာေကာင္းတဲ့ ဖုန္းကို ကိုင္ခ်င္တယ္ဆိုရင္ေတာ့ ေစ်းႏႈန္းျမင့္မားတဲ့ Pixel 3 XL က စိတ္ေက်နပ္စရာတစ္ခုျဖစ္မယ္လို႔ ဆိုခ်င္ပါတယ္။

GSM 3G/LTE
SIM Nano-SIM card & eSIM
Display P-OLED capacitive touchscreen, 6.3 inches (18.5:9 ratio)
OS Android 9.0 (Pie)
CPU Octa-core (4×2.5 GHz Kryo + 4×1.6 GHz Kryo)
GPU Adreno 630
Camera 2.2 MP, f/1.8, OIS, Dual Pixel PDAF, Dual LED flash, Auto-HDR, panorama; Front Dual 8 MP (f/1.8+f/2.2)
Battery Non-removable Li-Po 3430 mAh
Internal 64/128 GB; RAM 4 GB
Others Wi-Fi 802.11 a/b/g/n/ac, Bluetooth 5.0, Always-on display, IP68 dust/water resistant, NFC, Fast battery charging, QI wireless charging
Display
Performance
Camera
Battery
Hand On
Over All

-ရဲထြဋ္ဝင္း

[ Unicode ]

Price : (1,290,000 Ks [64GB])

အားသာချက်

မြင့်မားကောင်းမွန်တဲ့ ကင်မရာစနစ်နဲ့ ပိုမိုတိုးတက်လာတဲ့ ၆.၃ လက်မ OLED screen တွေက သဘောကျစရာပါ။ ပြည့်ဝကောင်းမွန် လှတဲ့ ဘက်ထရီပိုင်းက ဒီဖုန်းရဲ့ အားသာချက်ပါ။

အားနည်းချက်

ဖုန်းရဲ့ အရွယ်အစားအရဆိုရင်တော့ Pixel 3 လိုမျိုး လက်တစ်ဖက် နဲ့ ကိုင်တွယ်အသုံးပြုရတာ သိပ်မလွယ်ကူဘူး။ နောက်တစ်ခုက စျေးနှုန်းမြင့်မားတာတွေက သူ့ရဲ့အားနည်းချက်လို့ ပြောရမှာပါ။

CPU

ဒီဖုန်းမှာ 10nm Snapdragon 845 chip ကို အသုံးပြုထားပြီး ဒီ chipset က လက်ရှိစွမ်းဆောင်ရည်ပိုင်း မြင့်မားကောင်းမွန်မှု အမြင့်ဆုံး chipset ဆိုတာကတော့ ငြင်းမရတဲ့အချက်ပါ။ RAM အနေနဲ့ 4GB နဲ့ သိုလှောင်နိုင်မှုပမာဏ 64GB/128GB ဆိုပြီး ထုတ်လုပ်ထားပါတယ်။ ဒီဖုန်းက မြန်ဆန်ကောင်းမွန်မှုရှိတဲ့ Chipset ကိုအသုံးပြုထားသလို လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်တဲ့ Android 9.0 (Pie) ကို ထည့်သွင်းထားပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

Pixel 3 XL ရဲ့ ကျောဘက်အပေါ်ပိုင်းကတော့ တောက်ပတဲ့ဖန်သား ဖြစ်ပြီး ကျန်တဲ့ အောက်ပိုင်း ၈ဝ ရာခိုင်နှုန်းကတော့ သတ္တုကိုယ်ထည် ဖြစ်ပါတယ်။

အရည်အသွေးမြင့် ဖုန်းကိုယ်ထည်ဖြစ်ပေမယ့် သူ့အရင် ထွက်ခဲ့တဲ့ ဖုန်းဒီဇိုင်းတစ်အားကြီး ကွဲထွက်သွားတာမျိုးမရှိပါဘူး။

မျက်နှာပြင်အရွယ်အစား ၆.၃ လက်မရှိတဲ့ P-OLED Display က 1440×2960 pixel ထိထောက်ပံ့ပေးနိုင်ပါတယ်။ Screen raito က 18.5:9 ရှိပြီး ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါ၀င်မှုရာခိုင်နှုန်း ၈၂.၈ ရာခိုင်နှုန်းရှိပါတယ်။ ရှေ့ဘက်မျက်နှာပြင်အပေါ်ပိုင်းမှာ ကင်မရာ နှစ်လုံးနဲ့ စပီကာ နှစ်လုံးပါ၀င်ပြီး အောက်ဖက်မှာတော့ စပီကာတစ်လုံး ပါ၀င်မှာဖြစ် ပါတယ်။ ကိုယ်ထည်က IP68 ရေစိုခံနိုင်မှုရှိမှာဖြစ်ပြီး အလေးချိန်ကတော့ ၁၈၄ ဂရမ်ရှိပါတယ်။

ကင်မရာ

Pixel Visual Core chip နဲ့ machine-learning ဆော့ဖ်ဝဲနည်းပညာထောက်ပံ့ပါ၀င်တဲ့ Google Pixel 3 XL ရဲ့ 12.2MP ကျောဘက်ကင်မရာက ဓာတ်ပုံ အရည်အသွေးပိုင်း ကြည် လင်ပတ်သားကောင်းမွန်သလို iPhone XS နဲ့ Samsung Galaxy Note 9 ကင်မရာတွေထက် ပိုပြီး ကြည့်ရတာ နွေးထွေးမှု (warm) ဖြစ်သလို တောက်ပမှုလည်းရှိပါတယ်။ အဓိက ပတ်ဝန်းကျင်အလင်းအားနည်းတဲ့ ညပိုင်ရိုက်ကူးတဲ့ ဓာတ်ပုံတွေမှာ ပိုပြီး သဘာဝကျတာက ဒီကင်မရာရဲ့ အားသာချက်ပါ။ Zoom ကလည်း ဒစ် ဂျစ်တယ် zoom ပဲပါ၀င်ပြီး dual pixel PDAF နည်းပညာ၊ OIS (Optical Image Stabilizations) စနစ် တွေထောက်ပံ့ပါ၀င်ပါတယ်။

ရှေ့ဘက် Dual 8MP Selfie ကင်မရာနဲ့ သူ့အတွက်ထောက်ပံ့ပါ၀င်တဲ့ machine-learning စနစ်တွေက selfie ပုံတွေကို အကောင်းဆုံး ရိုက်ကူးနိုင်တဲ့အပြင် ပုံမှန် ရ၅ ဒီဂရီထက်ပိုမိုကျယ်တဲ့ ၉၇ ဒီဂရီမြင်ကွင်းကျယ်ဓာတပ်ုံတွေကို ရိုက်ကူးနိုင်တဲ့အတွက် အဖွဲ့လိုက်ပုံတွေကို အလွယ်တကူ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ။ ဗီဒီယိုကိုတော့ 1080p အရည်အသွေးဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဘက်ထရီ

3430 mAh ပမာဏ ဘက်ထရီက ဒီဖုန်းအတွက် နည်းတယ်လို့ထင်ရပေမယ့် တစ်ရက်ခွဲနီးပါးလောက် အသုံးပြုနိုင်တာ Pixel 3XL လိုမျိုး မြင်ကွင်းအရွယ်အစား ကြီးမားတဲ့ဖုန်းအတွက် ကျေနပ်စရာကောင်းတဲ့အချက်လို့ ဆိုရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ အားသွင်းမြန်ဆန်တဲ့ 18 Watt အားသွင်းစနစ်နဲ့ ကြိုးမဲ့အားသွင်းနည်းပညာတွေ ထောက်ပံ့ပါ၀င်ပါတယ်။

သုံးသပ်ချက်

Google Pixel 3 XL က ဒီနေ့ဒီအချိန်မှာတော့ မြင်ကွင်းအရွယ် အစားကြီးမားပြီး ပြိုင်ဘက်ကင်း ကင်မရာ စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတဲ့ စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ မြင်ကွင်းကြီးပြီး ကင်မရာကောင်းတဲ့ ဖုန်းကို ကိုင်ချင်တယ်ဆိုရင်တော့ စျေးနှုန်းမြင့်မားတဲ့ Pixel 3 XL က စိတ်ကျေနပ်စရာတစ်ခုဖြစ်မယ်လို့ ဆိုချင်ပါတယ်။