Google Pixel 3 (64GB)

[ Unicode ]

Price : 1,350,000 Ks

အားသာခ်က္

ျမင့္မားေကာင္းမြန္တဲ့ ကင္မရာစနစ္နဲ႔ ပိုမိုတုိးတက္လာတဲ့ ၅.၅ လက္မ OLED screen ေတြက သေဘာက်စရာပါ။ ေနာက္တစ္ခုက လက္တစ္ဖက္တည္းနဲ႔ ကိုင္တြယ္အသုံးျပဳႏုိင္တဲ့ ဖုန္းကိုယ္ထည္ အရြယ္အစားပါ။

အားနည္းခ်က္

ဖုန္းရဲ႕ အရြယ္အစားအရဆိုရင္ေတာ့ ဘက္ထရီနဲ႔အသုံးျပဳႏုိင္တဲ့ ၾကာခ်ိန္က ဒီထက္ပိုမ်ားသင့္သလို တျခားဖုန္းေတြမွာ သူ႔ေစ်းနဲ႔ဆို 6GM RAM ပါတာကို ရႏုိင္ေပမယ့္ ဒီဖုန္းကေတာ့ 4GB RAM ပဲပါ၀င္တာေတြက သူ႔ရဲ႕အားနည္းခ်က္လုိ႔ေျပာရမွာပါ။

CPU

ဒီဖုန္းမွာ 10nm Snapdragon 845 chip ကို အသုံးျပဳထားၿပီး ဒီ chipset က လက္ရွိစြမ္းေဆာင္ရည္ပိုင္း ျမင့္မားေကာင္းမြန္မႈ အျမင့္ဆုံး chipset ဆိုတာကေတာ့ ျငင္းမရတဲ့အခ်က္ပါ။ RAM အေနနဲ႔ 4GB နဲ႔ သိုေလွာင္ႏုိင္မႈပမာဏ 64GB/128GB ဆိုၿပီး ထုတ္လုပ္ထားပါတယ္။ ဒီဖုန္းက ျမန္ဆန္ေကာင္းမြန္မႈရွိတဲ့ Chipset ကိုအသုံးျပဳထားသလို လုပ္ေဆာင္ခ်က္ေတြကို ပိုမိုေကာင္းမြန္တဲ့ Android 9.0 (Pie) ကို ထည့္သြင္းထားပါတယ္။

ဒီဇိုင္းနဲ႔ မ်က္ႏွာျပင္

Pixel 3 ရဲ႕ ေက်ာဘက္အေပၚပိုင္းကေတာ့ ေတာက္ပတဲ့ဖန္သားျဖစ္ၿပီး က်န္တဲ့ေအာက္ပိုင္း ၈ဝ ရာခုိင္ႏႈန္း ကေတာ့ သတၱဳကိုယ္ထည္ ျဖစ္ပါတယ္။ အရည္အေသြးျမင့္ ဖုန္းကိုယ္ထည္ျဖစ္ေပမယ့္ သူ႔အရင္ထြက္ခဲ့တဲ့ ဖုန္းဒီဇုိင္းနဲ႔ တအားႀကီးကြဲထြက္သြားတာမ်ဳိး မရွိပါဘူး။

မ်က္ႏွာျပင္အရြယ္အစား ၅.၅ လက္မရွိတဲ့ P-OLED Display က 1080×2160 pixel အထိ ေထာက္ပံ့ေပးႏုိင္ပါတယ္။ သူ႔အရင္ထြက္ခဲ့တဲ့ Pixel 2 ထက္ပိုၿပီး megapixels ပိုင္းပိုမ်ားလာလို႔ ၾကည့္ရတာေတာက္ပေကာင္းမြန္မႈ ရွိသလို ဖုန္းျမင္ကြင္းကလည္း အရင္ကထက္ ပိုရွည္ၿပီး ေဘးေဘာင္က်ဥ္းသြားတဲ့အတြက္ ျမင္ကြင္းပိုင္း က်ယ္၀န္းမႈရွိလာပါတယ္။

ေရွ႕ဘက္မ်က္ႏွာျပင္အေပၚပိုင္းမွာ ကင္မရာႏွစ္လုံးနဲ႔ စပီကာႏွစ္လုံးပါ၀င္ၿပီး ေအာက္ဘက္မွာေတာ့ စပီကာတစ္လုံး ပါ၀င္မွာျဖစ္ပါတယ္။ ကိုယ္ထည္က IP68 ေရစိုခံႏုိင္မႈရွိမွာျဖစ္ၿပီး အေလးခ်ိန္ကေတာ့ ၁၄၈ ဂရမ္ရွိပါတယ္။

ကင္မရာ

Pixel Visual Core chip နဲ႔ machine-learning ေဆာ့ဖ္၀ဲနည္းပညာေထာက္ပံ့ပါ၀င္တဲ့ Google Pixel 3 ရဲ႕ 12.2MP ေက်ာဘက္ကင္မရာက ဓာတ္ပုံ အရည္အေသြးပိုင္း ၾကည္လင္ျပတ္သားေကာင္းမြန္သလို iPhone XS နဲ႔ Samsung Galaxy Note 9 ကင္မရာေတြထက္ ပိုၿပီး ၾကည့္ရတာ ေႏြးေထြးမႈ (warm) ျဖစ္သလို ေတာက္ပမႈလည္းရွိပါတယ္။ ေနာက္ၿပီး Huawei P20 Pro ေလာက္လည္း ႐ုပ္ထြက္ပိုင္း over-sharpen မျဖစ္ပါဘူး။ အဓိက ပတ္၀န္းက်င္အလင္းအားနည္းတဲ့ ညပိုင္း႐ိုက္ကူးတဲ့ ဓာတ္ပုံေတြမွာ ပိုၿပီး သဘာ၀က်တာက ဒီကင္မရာရဲ႕ အားသာခ်က္ပါ။ Zoom ကလည္း ဒီဂ်စ္တယ္ zoom ပဲပါ၀င္ၿပီး OIS (Optical Image Stabilizations) စနစ္ ေတြေထာက္ပံ့ပါ၀င္ပါတယ္။

ေရွ႕ဘက္ Dual 8MP Selfie ကင္မရာကေတာ့ HDR ပုံေတြကို noise ပါ၀င္မႈနည္းနည္းနဲ႔ ႐ိုက္ကူးႏုိင္ပါတယ္။ တျခားဖုန္းေတြကေတာ့ ၉၇ ဒီဂရီထိ ျမင္ကြင္းက်ယ္႐ိုက္ကူးႏုိင္ေပမယ့္ ဒီဖုန္းကေတာ့ ၇၅ ဒီဂရီျမင္ကြင္းက်ယ္ အထိ ႐ိုက္ကူးႏုိင္မွာျဖစ္ပါတယ္။ ဗီဒီယုိကိုေတာ့ 4K အရည္အေသြးဗီဒီယုိကို 30fps နဲ႔ ႐ုိက္ကူးႏုိင္မွာ ျဖစ္ပါတယ္။

ဘက္ထရီ

2915mAh ပမာဏ ဘက္ထရီက ဒီဖုန္းအတြက္ နည္းတယ္လို႔ဆိုရမွာ ျဖစ္ေပမယ့္ ၁၈ ၀ပ္အားသြင္းေခါင္းနဲ႔ အားသြင္းျမန္ဆန္တဲ့စနစ္ေတြ ေထာက္ပံ့ပါ၀င္တာက ဖုန္းဘက္ထရီ ျမန္ျမန္ျပန္သြင္းႏုိင္ေစမွာျဖစ္ပါတယ္။ ဘက္ထရီစနစ္အတြက္ Qi ႀကိဳးမဲ့အားသြင္းနည္းပညာ ေထာက္ပံ့ပါ၀င္ပါတယ္။

သံုးသပ္ခ်က္

Google Pixel 3 က ဒီေန႔ဒီအခ်ိန္မွာေတာ့ ၿပိဳင္ဘက္ကင္း ကင္မရာ စြမ္းေဆာင္ရည္ေတြကို ပိုင္ဆုိင္ထားတဲ့ စမတ္ဖုန္းတစ္လုံးပဲျဖစ္ပါတယ္။ သူ႔ရဲ႕ ေက်ာဘက္ကင္မရာက aperture f/1.8 ရွိတဲ့ 12.2MP တစ္လုံး တည္းကို အသုံးျပဳထားေပမယ့္ ကင္မရာအတြက္ machine-learning ေဆာ့ဖ္၀ဲနည္းပညာကို အသုံးျပဳထားတဲ့အတြက္ တျခားၿပိဳင္ဘက္ဖုန္းနဲ႔ ယွဥ္ရင္ ကင္မရာနဲ႔ ပတ္သက္တဲ့ ဟာ့ဒ္ဝဲ specs ေတြက ကြာျခားေပမယ့္ တကယ့္ဓာတ္ပုံ႐ိုက္ကူးတဲ့အခါမွာေတာ့ ဒီဖုန္းက ပိုေကာင္းတဲ့ အရည္အေသြးကို ပိုင္ဆုိင္ထားပါတယ္။ Google ရဲ႕ လွ်ဳိ႕ဝွက္ နည္းပညာက ဓာတ္ပုံကို ပိုမိုေကာင္းမြန္တဲ့ အရည္အေသြးနဲ႔ ဖမ္းယူႏုိင္ေအာင္ လုပ္ေပးထားတာျဖစ္ပါတယ္။ ဖုန္းရဲ႕ ဒီဇုိင္းက အရမ္းႀကီးဆြဲေဆာင္မႈ မရွိသလို ဖုန္းကိုအခ်ိန္ျပည့္ စြယ္စုံ အသုံးျပဳသူေတြအတြက္လည္း ဘက္ထရီက ၾကာၾကာမခံပါဘူး။ ဒါေပမဲ့ စမတ္ဖုန္းသုံးသူတုိင္း ေရြးခ်ယ္ၾကတဲ့ ၅.၅ လက္မ၊ ေရွ႕ဘက္ စပီကာႏွစ္လုံးနဲ႔ လက္ထဲမွာ ကိုင္တြယ္ရတာ အံ၀င္ခြင္က်ျဖစ္တဲ့ ကိုယ္ထည္အရြယ္အစားေတြက ဒီဖုန္းကို ေရြးခ်ယ္စရာတစ္ခုအေနနဲ႔ စဥ္းစားသင့္တဲ့အခ်က္ေတြပဲျဖစ္ပါတယ္။ မိမိအေနနဲ႔ ကင္မရာေကာင္းတဲ့ ဖုန္းကို ကိုင္ခ်င္တယ္ ဆိုရင္ေတာ့ ၂ဝ၁၈ ခုႏွစ္အတြင္းထြက္ခဲ့တဲ့ တျခား Flagship ဖုန္းေတြထက္ စာရင္ Pixel 3 က ေရြးခ်ယ္စရာတစ္ခုလို႔ ဆိုခ်င္ပါတယ္။

GSM 3G/LTE
SIM Nano-SIM card & eSIM
Display P-OLED capacitive touchscreen, 5.5 inches (18:9 ratio)
OS Android 9.0 (Pie)
CPU Octa-core (4×2.5 GHz Kryo + 4×1.6 GHz Kryo)
GPU Adreno 630
Camera 12.2 MP, f/1.8, OIS, Dual Pixel PDAF, Dual LED flash, Auto-HDR, panorama; Front Dual 8 MP (f/1.8+f/2.2)
Internal 64/128 GB; RAM 4 GB
Battery Non-removable Li-Po 2915 mAh
Other  Wi-Fi 802.11 a/b/g/n/ac, Bluetooth 5.0, Always-on display, IP68 dust/water resistant, NFC, Fast battery charging, QI wireless charging
Screen
Feature
Camera
Preformance
Battery
Hands on

-ရဲထြဋ္ဝင္း

[ Unicode ]

Price : 1,350,000 Ks

အားသာချက်

မြင့်မားကောင်းမွန်တဲ့ ကင်မရာစနစ်နဲ့ ပိုမိုတိုးတက်လာတဲ့ ၅.၅ လက်မ OLED screen တွေက သဘောကျစရာပါ။ နောက်တစ်ခုက လက်တစ်ဖက်တည်းနဲ့ ကိုင်တွယ်အသုံးပြုနိုင်တဲ့ ဖုန်းကိုယ်ထည် အရွယ်အစားပါ။

အားနည်းချက်

ဖုန်းရဲ့ အရွယ်အစားအရဆိုရင်တော့ ဘက်ထရီနဲ့အသုံးပြုနိုင်တဲ့ ကြာချိန်က ဒီထက်ပိုများသင့်သလို တခြားဖုန်းတွေမှာ သူ့စျေးနဲ့ဆို 6GM RAM ပါတာကို ရနိုင်ပေမယ့် ဒီဖုန်းကတော့ 4GB RAM ပဲပါ၀င်တာတွေက သူ့ရဲ့အားနည်းချက်လို့ပြောရမှာပါ။

CPU

ဒီဖုန်းမှာ 10nm Snapdragon 845 chip ကို အသုံးပြုထားပြီး ဒီ chipset က လက်ရှိစွမ်းဆောင်ရည်ပိုင်း မြင့်မားကောင်းမွန်မှု အမြင့်ဆုံး chipset ဆိုတာကတော့ ငြင်းမရတဲ့အချက်ပါ။ RAM အနေနဲ့ 4GB နဲ့ သိုလှောင်နိုင်မှုပမာဏ 64GB/128GB ဆိုပြီး ထုတ်လုပ်ထားပါတယ်။ ဒီဖုန်းက မြန်ဆန်ကောင်းမွန်မှုရှိတဲ့ Chipset ကိုအသုံးပြုထားသလို လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်တဲ့ Android 9.0 (Pie) ကို ထည့်သွင်းထားပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

Pixel 3 ရဲ့ ကျောဘက်အပေါ်ပိုင်းကတော့ တောက်ပတဲ့ဖန်သား ဖြစ်ပြီး ကျန်တဲ့ အောက်ပိုင်း ၈ဝ ရာခိုင်နှုန်း ကတော့ သတ္တုကိုယ်ထည် ဖြစ်ပါတယ်။ အရည်အသွေးမြင့် ဖုန်းကိုယ်ထည်ဖြစ်ပေမယ့် သူ့အရင် ထွက်ခဲ့တဲ့ ဖုန်းဒီဇိုင်းနဲ့ တအားကြီးကွဲထွက်သွားတာမျိုး မရှိပါဘူး။

မျက်နှာပြင်အရွယ်အစား ၅.၅ လက်မရှိတဲ့ P-OLED Display က 1080×2160 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ သူ့အရင်ထွက်ခဲ့တဲ့ Pixel 2 ထက်ပိုပြီး megapixels ပိုင်းပိုများလာလို့ ကြည့်ရတာတောက်ပကောင်းမွန်မှု ရှိသလို ဖုန်းမြင်ကွင်းကလည်း အရင်ကထက် ပိုရှည်ပြီး ဘေးဘောင်ကျဉ်းသွားတဲ့အတွက် မြင်ကွင်းပိုင်း ကျယ်ဝန်းမှုရှိလာပါတယ်။

ရှေ့ဘက်မျက်နှာပြင်အပေါ်ပိုင်းမှာ ကင်မရာနှစ်လုံးနဲ့ စပီကာနှစ်လုံးပါ၀င်ပြီး အောက်ဘက်မှာတော့ စပီကာတစ်လုံး ပါ၀င်မှာဖြစ်ပါတယ်။ ကိုယ်ထည်က IP68 ရေစိုခံနိုင်မှုရှိမှာဖြစ်ပြီး အလေးချိန်ကတော့ ၁၄၈ ဂရမ်ရှိပါတယ်။

ကင်မရာ

Pixel Visual Core chip နဲ့ machine-learning ဆော့ဖ်ဝဲနည်းပညာထောက်ပံ့ပါ၀င်တဲ့ Google Pixel 3 ရဲ့ 12.2MP ကျောဘက်ကင်မရာက ဓာတ်ပုံ အရည်အသွေးပိုင်း ကြည်လင်ပြတ်သားကောင်းမွန်သလို iPhone XS နဲ့ Samsung Galaxy Note 9 ကင်မရာတွေထက် ပိုပြီး ကြည့်ရတာ နွေးထွေးမှု (warm) ဖြစ်သလို တောက်ပမှုလည်းရှိပါတယ်။ နောက်ပြီး Huawei P20 Pro လောက်လည်း ရုပ်ထွက်ပိုင်း over-sharpen မဖြစ်ပါဘူး။ အဓိက ပတ်ဝန်းကျင်အလင်းအားနည်းတဲ့ ညပိုင်းရိုက်ကူးတဲ့ ဓာတ်ပုံတွေမှာ ပိုပြီး သဘာဝကျတာက ဒီကင်မရာရဲ့ အားသာချက်ပါ။ Zoom ကလည်း ဒီဂျစ်တယ် zoom ပဲပါ၀င်ပြီး OIS (Optical Image Stabilizations) စနစ် တွေထောက်ပံ့ပါ၀င်ပါတယ်။

ရှေ့ဘက် Dual 8MP Selfie ကင်မရာကတော့ HDR ပုံတွေကို noise ပါ၀င်မှုနည်းနည်းနဲ့ ရိုက်ကူးနိုင်ပါတယ်။ တခြားဖုန်းတွေကတော့ ၉၇ ဒီဂရီထိ မြင်ကွင်းကျယ်ရိုက်ကူးနိုင်ပေမယ့် ဒီဖုန်းကတော့ ရ၅ ဒီဂရီမြင်ကွင်းကျယ် အထိ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဗီဒီယိုကိုတော့ 4K အရည်အသွေးဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဘက်ထရီ

2915mAh ပမာဏ ဘက်ထရီက ဒီဖုန်းအတွက် နည်းတယ်လို့ဆိုရမှာ ဖြစ်ပေမယ့် ၁၈ ၀ပ်အားသွင်းခေါင်းနဲ့ အားသွင်းမြန်ဆန်တဲ့စနစ်တွေ ထောက်ပံ့ပါ၀င်တာက ဖုန်းဘက်ထရီ မြန်မြန်ပြန်သွင်းနိုင်စေမှာဖြစ်ပါတယ်။ ဘက်ထရီစနစ်အတွက် Qi ကြိုးမဲ့အားသွင်းနည်းပညာ ထောက်ပံ့ပါ၀င်ပါတယ်။

သုံးသပ်ချက်

Google Pixel 3 က ဒီနေ့ဒီအချိန်မှာတော့ ပြိုင်ဘက်ကင်း ကင်မရာ စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတဲ့ စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ သူ့ရဲ့ ကျောဘက်ကင်မရာက aperture f/1.8 ရှိတဲ့ 12.2MP တစ်လုံး တည်းကို အသုံးပြုထားပေမယ့် ကင်မရာအတွက် machine-learning ဆော့ဖ်ဝဲနည်းပညာကို အသုံးပြုထားတဲ့အတွက် တခြားပြိုင်ဘက်ဖုန်းနဲ့ ယှဉ်ရင် ကင်မရာနဲ့ ပတ်သက်တဲ့ ဟာ့ဒ်ဝဲ specs တွေက ကွာခြားပေမယ့် တကယ့်ဓာတ်ပုံရိုက်ကူးတဲ့အခါမှာတော့ ဒီဖုန်းက ပိုကောင်းတဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားပါတယ်။ Google ရဲ့ လျှို့ဝှက် နည်းပညာက ဓာတ်ပုံကို ပိုမိုကောင်းမွန်တဲ့ အရည်အသွေးနဲ့ ဖမ်းယူနိုင်အောင် လုပ်ပေးထားတာဖြစ်ပါတယ်။ ဖုန်းရဲ့ ဒီဇိုင်းက အရမ်းကြီးဆွဲဆောင်မှု မရှိသလို ဖုန်းကိုအချိန်ပြည့် စွယ်စုံ အသုံးပြုသူတွေအတွက်လည်း ဘက်ထရီက ကြာကြာမခံပါဘူး။ ဒါပေမဲ့ စမတ်ဖုန်းသုံးသူတိုင်း ရွေးချယ်ကြတဲ့ ၅.၅ လက်မ၊ ရှေ့ဘက် စပီကာနှစ်လုံးနဲ့ လက်ထဲမှာ ကိုင်တွယ်ရတာ အံဝင်ခွင်ကျဖြစ်တဲ့ ကိုယ်ထည်အရွယ်အစားတွေက ဒီဖုန်းကို ရွေးချယ်စရာတစ်ခုအနေနဲ့ စဉ်းစားသင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။ မိမိအနေနဲ့ ကင်မရာကောင်းတဲ့ ဖုန်းကို ကိုင်ချင်တယ် ဆိုရင်တော့ ၂ဝ၁၈ ခုနှစ်အတွင်းထွက်ခဲ့တဲ့ တခြား Flagship ဖုန်းတွေထက် စာရင် Pixel 3 က ရွေးချယ်စရာတစ်ခုလို့ ဆိုချင်ပါတယ်။