Google Pixel ထုတ္ကုန္ေတြအားလုံးမွာ အသုံးျပဳႏိုင္တဲ့ Android Q developer beta

[ Zawgyi ]

Google ဟာ မ်ိဳးဆက္သစ္ Android ဗားရွင္းသစ္ျဖစ္တဲ့ Android Q ပထမဆုံး preview ကို developer ေတြဆီ ျဖန္႔ခ်ိလိုက္ၿပီျဖစ္ပါတယ္။ အခုျဖန္႔ခ်ိမႈက developer ေတြအတြက္ပဲ ျဖစ္ပါတယ္။ အခု update သစ္မွာ စိတ္ဝင္စားစရာေကာင္းတဲ့ အေျပာင္းအလဲေတြျဖစ္တဲ့ privacy control ေတြနဲ႔ ေခါက္စမတ္ဖုန္းေတြအတြက္ native ေထာက္ပံ့မႈေတြ ပါဝင္လာမယ္လို႔ Google ကေျပာခဲ့ပါတယ္။

Android Q ရဲ႕ပထမဆုံး beta ဗားရွင္းကုိ Pixel ထုတ္ကုန္ေတြမွာ အသုံးျပဳႏိုင္ပါတယ္။ ပထမဆုံးမ်ိဳးဆက္ Pixel နဲ႔ Pixel XL မွာလည္း အသုံးျပဳႏိုင္ပါတယ္။ ဒါေပမဲ့ အဓိက ထုတ္ကုန္ေတြမွာေတာ့ Android Q beta ဗားရွင္းကို install မလုပ္ဖို႔ အႀကံေပးခ်င္ပါတယ္။

Q မွာ အဓိက ေျပာင္းလဲသြားတာကေတာ့ တည္ေနရာအတြက္ privacy setting ထပ္ေဆာင္းပါဝင္လာၿပီး app ကိုအသုံးျပဳေနစဥ္မွာ အခ်က္အလက္ကို ထုတ္လုပ္ေပးဖို႔ app ေတြကုိ သုံးစြဲသူက ကန္႔သတ္ႏိုင္ပါတယ္။ Google ဟာ ဓာတ္ပုံေတြ၊ ဗီဒီယိုေတြနဲ႔ အသံဖိုင္လိုမ်ိဳး အရာကို အသုံးျပဳမယ့္ app ေတြကို ကန္႔သတ္ခ်က္အသစ္ေတြ ျပဳလုပ္ႏိုင္ပါတယ္။

Q ဟာ ေခါက္စမတ္ဖုန္းေတြအတြက္ သင့္ေတာ္ေအာင္ ျပဳလုပ္ထားပါတယ္။ Q မွာ spilt-screen mode ေတြ အတြက္ app ေတြကို အရြယ္ျပန္ေျပာင္းဖုိ႔ တိုးတက္မႈအျပင္ ေနာက္ခံအတြင္းက app ေတြကုိ ရပ္တာ၊ ျပန္စတာအတြက္ ေထာက္ပံ့မႈ ပါဝင္လာပါတယ္။ အဲဒီ လုပ္ေဆာင္ခ်က္ေတြက ဒီႏွစ္ေႏွာင္းပုိင္းမွာ ထြက္ရွိမယ့္ Galaxy Fold နဲ႔ Huawei Mate X လိုမ်ိဳး ထုတ္ကုန္ေတြအတြက္ အေထာက္အကူ ျဖစ္လာမွာပါ။

စိုးထက္
Ref: TheVerge

[ Unicode ]

Google ဟာ မျိုးဆက်သစ် Android ဗားရှင်းသစ်ဖြစ်တဲ့ Android Q ပထမဆုံး preview ကို developer တွေဆီ ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။ အခုဖြန့်ချိမှုက developer တွေအတွက်ပဲ ဖြစ်ပါတယ်။ အခု update သစ်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတွေဖြစ်တဲ့ privacy control တွေနဲ့ ခေါက်စမတ်ဖုန်းတွေအတွက် native ထောက်ပံ့မှုတွေ ပါဝင်လာမယ်လို့ Google ကပြောခဲ့ပါတယ်။

Android Q ရဲ့ပထမဆုံး beta ဗားရှင်းကို Pixel ထုတ်ကုန်တွေမှာ အသုံးပြုနိုင်ပါတယ်။ ပထမဆုံးမျိုးဆက် Pixel နဲ့ Pixel XL မှာလည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ အဓိက ထုတ်ကုန်တွေမှာတော့ Android Q beta ဗားရှင်းကို install မလုပ်ဖို့ အကြံပေးချင်ပါတယ်။

Q မှာ အဓိက ပြောင်းလဲသွားတာကတော့ တည်နေရာအတွက် privacy setting ထပ်ဆောင်းပါဝင်လာပြီး app ကိုအသုံးပြုနေစဉ်မှာ အချက်အလက်ကို ထုတ်လုပ်ပေးဖို့ app တွေကို သုံးစွဲသူက ကန့်သတ်နိုင်ပါတယ်။ Google ဟာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ အသံဖိုင်လိုမျိုး အရာကို အသုံးပြုမယ့် app တွေကို ကန့်သတ်ချက်အသစ်တွေ ပြုလုပ်နိုင်ပါတယ်။

Q ဟာ ခေါက်စမတ်ဖုန်းတွေအတွက် သင့်တော်အောင် ပြုလုပ်ထားပါတယ်။ Q မှာ spilt-screen mode တွေ အတွက် app တွေကို အရွယ်ပြန်ပြောင်းဖို့ တိုးတက်မှုအပြင် နောက်ခံအတွင်းက app တွေကို ရပ်တာ၊ ပြန်စတာအတွက် ထောက်ပံ့မှု ပါဝင်လာပါတယ်။ အဲဒီ လုပ်ဆောင်ချက်တွေက ဒီနှစ်နှောင်းပိုင်းမှာ ထွက်ရှိမယ့် Galaxy Fold နဲ့ Huawei Mate X လိုမျိုး ထုတ်ကုန်တွေအတွက် အထောက်အကူ ဖြစ်လာမှာပါ။

Ref: TheVerge