Google Lens app ကို သုံးၿပီး လိပ္စာကတ္ထဲက အခ်က္အလက္ ေတြကို ဖုန္း Contact မွာ ဘယ္လို သိမ္းမလဲ

[ Zawgyi ]

လိပ္စာကတ္ေတြက တစ္ဦးနဲ႔တစ္ဦး ဆက္သြယ္ဖို႔အတြက္ အေရးပါလွပါတယ္။ လိပ္စာကတ္ေတြကို ေနရာတကာ ကိုယ္နဲ႔သယ္သြားဖို႔ ဆိုတာကလည္း မလြယ္လွပါဘူး။ ဒါေၾကာင့္ မိမိရဲ႕ စမတ္ဖုန္းကိုသုံးၿပီး လိပ္စာကတ္ထဲက အခ်က္အလက္ေတြ ဖုန္းထဲမွာ အလြယ္တကူ သိမ္းထားႏုိင္မယ့္ နည္း လမ္းကို ေဖာ္ျပေပးမွာျဖစ္ပါတယ္။

အရင္ဆုံးမိမိရဲ႕ ဖုန္းထဲမွာ Google Photos ဆိုတဲ့ app ကို ထည့္သြင္းရပါမယ္။ အဲဒီ App ကို  PlayStore မွာ အခမဲ့ Download ျပဳလုပ္ႏုိင္ပါတယ္။ Google Photos app ကို ဖုန္းထဲမွာ ထည့္သြင္းၿပီးၿပီ ဆုိရင္ေတာ့ လိပ္စာကတ္ထဲက အခ်က္အလက္ေတြကို ဖုန္းရဲ႕ Contact မွာ အလြယ္တကူစတင္ သိမ္းဆည္းႏုိင္ပါၿပီ။ တစ္ခုသတိျပဳ ရမွာက Google Lens ကို အသုံးျပဳ ဖို႔အတြက္ ဖုန္းမွာ အင္တာနက္ ဖြင့္ထားဖို႔လိုအပ္မွာျဖစ္ပါတယ္။

အရင္ဆုံး မိမိအခ်က္အလက္ ထည့္သြင္းထားလိုတဲ့ လိပ္စာကတ္ ကို ဖုန္းကင္မရာနဲ႔ ဓာတ္ပုံ႐ိုက္ လိုက္ပါ။ ၿပီးရင္ေတာ့ ဖုန္းထဲက Google Photos app ကို ဖြင့္လိုက္ပါ။ ၿပီးရင္ေတာ့ မိမိ႐ုိက္ ထားတဲ့ လိပ္စာကတ္ (Business card) ကို ေရြးလိုက္ပါ။ အဲလိုေရြးၿပီးၿပီးဆိုရင္ေတာ့ Google Lens နဲ႔ စကမ္ဖတ္ဖို႔အတြက္  ေအာက္ကပုံမွာ ျပထားတဲ့ icon သေကၤတေလးကို  တစ္ခ်က္ ႏွိပ္လုိက္ပါ။

အဲလိုႏွိပ္လိုက္ရင္ေတာ့ လိပ္ စာကတ္ထဲက အခ်က္အလက္ေတြ ကို စတင္ၿပီး စကမ္ျပဳလုပ္ပါလိမ့္မယ္။

 

Google Lens စနစ္က စကမ္ ဖတ္ၿပီးတာနဲ႔ လိပ္စာကတ္ထဲက အခ်က္အလက္ေတြျဖစ္တဲ့ အမည္၊ အီးေမးလ္၊ လိပ္စာနဲ႔ တစ္ ျခားအခ်က္အလက္ေတြကို  သူရဲ႕ သတ္မွတ္ထားတဲ့ပုံစံတစ္ခုအေနနဲ႔ ေဖာ္ျပေပးပါလိမ့္မယ္။ အဲဒီ အ ခ်က္အလက္ေတြကို မိမိအေနနဲ႔ ဖုန္းရဲ႕ Contact ထဲမွာ သိမ္းဆည္း ဖိုပအတြက္ Add contact ဆိုတာ ကို ႏွိပ္လိုက္ပါ။

အဲလိုႏွိပ္လိုက္ရင္ ဖုန္းရဲ႕ Contact စနစ္ေပၚလာမွာျဖစ္ပါ တယ္။ ဖုန္းရဲ႕ Contact ထဲမွာ သိမ္းဖို႔အတြက္ Create Contact ကို ႏွိပ္လိုက္ပါ။

Create contact ႏွိပ္လိုက္ရင္ ေတာ့ ဖုန္းရဲ႕ contact စနစ္ထဲမွာ  ခုလိုမ်ဳိးအခ်က္အလက္ေတြကို သိမ္းဆည္းမွာျဖစ္ၿပီး မိမိအေနနဲပ႔ မိမိထပ္ျဖည့္သြင္းခ်င္တဲ့အခ်က္ အလက္ေတြကို ထပ္မံျဖည့္သြင္း ပါ။ ၿပီးရင္ေတာ့ ျမင္ကြင္းညာဘက္ အေပးေထာင့္နားက SAVE ဆိုတဲ့ ခလုတ္ကိုႏွိပ္လိုက္ပါ။

ဒါဆိုရင္ ဖုန္းထဲမွာ လိပ္စာ ကတ္ထဲက အခ်က္အလက္ကို သိမ္းဆည္းၿပီးျဖစ္ပါတယ္။ ဒါပဲ လားဆိုေတာ့မဟုတ္ပါဘူး။ Google Lens က ဒီထက္ပိုၿပီး အသုံးျပဳႏုိင္ပါတယ္။ မိမိအေနနဲ႔ စကမ္ဖတ္ထားတဲ့ လိပ္စာကတ္ ထဲက အခ်က္အလက္ေတြထဲက အတုိင္း အီးေမးလ္၊ ဒါမွမဟုတ္ ၀က္ဘ္ဆိုက္၊ ဒါမွမဟုတ္ အခ်က္ အလက္စာသားကို ကူးယူတာမ်ဳိး၊  ခ်က္ခ်င္း အီးေမးလ္ပို႔တာမ်ဳိး၊ ၀က္ဘ္ဆိုက္ကို ၀င္ၾကည့္တာမ်ဳိး ေတြကို လုပ္ေဆာင္ႏုိင္ပါတယ္။

Google Lens preview မွာ ေအာက္ကပုံအတုိင္းေပၚလာတဲ့ အခါမွာ Send Mail ကို ႏွိပ္လိုက္ မယ္ဆိုရင္ လိပ္စာကတ္ထဲက အီးေမးလ္လိပ္စာကို ခ်က္ခ်င္း ေမးလ္ပို႔ဖို႔အတြက္ Mail app ကို ဖြင့္ေပးပါလိမ့္မယ္။

ေနာက္ၿပီး လိပ္စာကို Google Maps မွာ ၾကည့္ဖို႔အတြက္ Maps ကို ႏွိပ္လုိက္မယ္ဆုိရင္ ေျမပုံေပၚ မွာ လိပ္စာကို ေဖာ္ျပေပးမွာျဖစ္ပါ တယ္။ Copy text ကို ႏွိပ္လိုက္မယ္ ဆိုရင္ေတာ့ လိပ္စာကတ္ထဲက အခ်က္အလက္ကို ကူးယူေပးမွာ ျဖစ္ၿပီး မိမိအေနနဲ႔ သီးသန္႔သိမ္း Note ထဲမွာသိမ္းတာမ်ဳိး တစ္ျခား သူကို မက္ေဆ့ခ်္ပို႔တာမ်ဳိးေတြ လုပ္ေဆာင္ႏုိင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ လိပ္စာကတ္ထဲကစာ သားေတြကို မိမိလိုခ်င္တဲ့အပိုင္း ေလာက္ကိုပဲ select လုပ္ၿပီး ကူး ယူးႏုိင္မွာလည္းျဖစ္ပါတယ္။

ေနာက္ၿပီး Share icon ကို ႏွိပ္ၿပီးလည္း လိပ္စာကတ္ထဲက ၀က္ဘ္ဆိုက္လိပ္စာနဲ႔ အခ်က္ အလက္ေတြကိုလည္း တစ္ျခားသူ ေတြကို အလြယ္တကူ မွ်ေ၀ႏုိင္မွာ ျဖစ္ပါတယ္။

Google Lens ကို လိပ္စာကတ္ေတြထဲက အခ်က္အ လက္ကို သိမ္းဆည္းဖို႔အတြက္ သာမကဘဲ မိမိ႐ုိက္ကူးခဲ့တဲ့ ဓာတ္ပုံ ေတြရဲ႕ တည္ေနရာေတြ၊ အလားတူပုံစံတူေနရာ၊ ကုမၸဏီလိုဂို၊ အရာဝတၳဳစတာေတြ ရွာေဖြ ဖို႔အတြက္၊ စာအုပ္ထဲ က အခ်က္အလက္ေတြကို ဓာတ္

ပုံ႐ုိက္ထားၿပီး စာသားအေနနဲ႔ ေျပာင္းလဲဖို႔လည္း အသံုးျပဳႏိုင္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

လိပ်စာကတ်တွေက တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့အတွက် အရေးပါလှပါတယ်။ လိပ်စာကတ်တွေကို နေရာတကာ ကိုယ်နဲ့သယ်သွားဖို့ ဆိုတာကလည်း မလွယ်လှပါဘူး။ ဒါကြောင့် မိမိရဲ့ စမတ်ဖုန်းကိုသုံးပြီး လိပ်စာကတ်ထဲက အချက်အလက်တွေ ဖုန်းထဲမှာ အလွယ်တကူ သိမ်းထားနိုင်မယ့် နည်း လမ်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။

အရင်ဆုံးမိမိရဲ့ ဖုန်းထဲမှာ Google Photos ဆိုတဲ့ app ကို ထည့်သွင်းရပါမယ်။ အဲဒီ App ကို PlayStore မှာ အခမဲ့ Download ပြုလုပ်နိုင်ပါတယ်။ Google Photos app ကို ဖုန်းထဲမှာ ထည့်သွင်းပြီးပြီ ဆိုရင်တော့ လိပ်စာကတ်ထဲက အချက်အလက်တွေကို ဖုန်းရဲ့ Contact မှာ အလွယ်တကူစတင် သိမ်းဆည်းနိုင်ပါပြီ။ တစ်ခုသတိပြု ရမှာက Google Lens ကို အသုံးပြု ဖို့အတွက် ဖုန်းမှာ အင်တာနက် ဖွင့်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။

အရင်ဆုံး မိမိအချက်အလက် ထည့်သွင်းထားလိုတဲ့ လိပ်စာကတ် ကို ဖုန်းကင်မရာနဲ့ ဓာတ်ပုံရိုက် လိုက်ပါ။ ပြီးရင်တော့ ဖုန်းထဲက Google Photos app ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ မိမိရိုက် ထားတဲ့ လိပ်စာကတ် (Business card) ကို ရွေးလိုက်ပါ။ အဲလိုရွေးပြီးပြီးဆိုရင်တော့ Google Lens နဲ့ စကမ်ဖတ်ဖို့အတွက် အောက်ကပုံမှာ ပြထားတဲ့ icon သင်္ကေတလေးကို တစ်ချက် နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ လိပ် စာကတ်ထဲက အချက်အလက်တွေ ကို စတင်ပြီး စကမ်ပြုလုပ်ပါလိမ့်မယ်။

Google Lens စနစ်က စကမ် ဖတ်ပြီးတာနဲ့ လိပ်စာကတ်ထဲက အချက်အလက်တွေဖြစ်တဲ့ အမည်၊ အီးမေးလ်၊ လိပ်စာနဲ့ တစ် ခြားအချက်အလက်တွေကို သူရဲ့ သတ်မှတ်ထားတဲ့ပုံစံတစ်ခုအနေနဲ့ ဖော်ပြပေးပါလိမ့်မယ်။ အဲဒီ အ ချက်အလက်တွေကို မိမိအနေနဲ့ ဖုန်းရဲ့ Contact ထဲမှာ သိမ်းဆည်း ဖိုပအတွက် Add contact ဆိုတာ ကို နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင် ဖုန်းရဲ့ Contact စနစ်ပေါ်လာမှာဖြစ်ပါ တယ်။ ဖုန်းရဲ့ Contact ထဲမှာ သိမ်းဖို့အတွက် Create Contact ကို နှိပ်လိုက်ပါ။

Create contact နှိပ်လိုက်ရင် တော့ ဖုန်းရဲ့ contact စနစ်ထဲမှာ ခုလိုမျိုးအချက်အလက်တွေကို သိမ်းဆည်းမှာဖြစ်ပြီး မိမိအနေနဲပ့ မိမိထပ်ဖြည့်သွင်းချင်တဲ့အချက် အလက်တွေကို ထပ်မံဖြည့်သွင်း ပါ။ ပြီးရင်တော့ မြင်ကွင်းညာဘက် အပေးထောင့်နားက SAVE ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ပါ။

ဒါဆိုရင် ဖုန်းထဲမှာ လိပ်စာ ကတ်ထဲက အချက်အလက်ကို သိမ်းဆည်းပြီးဖြစ်ပါတယ်။ ဒါပဲ လားဆိုတော့မဟုတ်ပါဘူး။ Google Lens က ဒီထက်ပိုပြီး အသုံးပြုနိုင်ပါတယ်။ မိမိအနေနဲ့ စကမ်ဖတ်ထားတဲ့ လိပ်စာကတ် ထဲက အချက်အလက်တွေထဲက အတိုင်း အီးမေးလ်၊ ဒါမှမဟုတ် ၀က်ဘ်ဆိုက်၊ ဒါမှမဟုတ် အချက် အလက်စာသားကို ကူးယူတာမျိုး၊ ချက်ချင်း အီးမေးလ်ပို့တာမျိုး၊ ၀က်ဘ်ဆိုက်ကို ၀င်ကြည့်တာမျိုး တွေကို လုပ်ဆောင်နိုင်ပါတယ်။

Google Lens preview မှာ အောက်ကပုံအတိုင်းပေါ်လာတဲ့ အခါမှာ Send Mail ကို နှိပ်လိုက် မယ်ဆိုရင် လိပ်စာကတ်ထဲက အီးမေးလ်လိပ်စာကို ချက်ချင်း မေးလ်ပို့ဖို့အတွက် Mail app ကို ဖွင့်ပေးပါလိမ့်မယ်။

နောက်ပြီး လိပ်စာကို Google Maps မှာ ကြည့်ဖို့အတွက် Maps ကို နှိပ်လိုက်မယ်ဆိုရင် မြေပုံပေါ် မှာ လိပ်စာကို ဖော်ပြပေးမှာဖြစ်ပါ တယ်။ Copy text ကို နှိပ်လိုက်မယ် ဆိုရင်တော့ လိပ်စာကတ်ထဲက အချက်အလက်ကို ကူးယူပေးမှာ ဖြစ်ပြီး မိမိအနေနဲ့ သီးသန့်သိမ်း Note ထဲမှာသိမ်းတာမျိုး တစ်ခြား သူကို မက်ဆေ့ချ်ပို့တာမျိုးတွေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လိပ်စာကတ်ထဲကစာ သားတွေကို မိမိလိုချင်တဲ့အပိုင်း လောက်ကိုပဲ select လုပ်ပြီး ကူး ယူးနိုင်မှာလည်းဖြစ်ပါတယ်။

နောက်ပြီး Share icon ကို နှိပ်ပြီးလည်း လိပ်စာကတ်ထဲက ၀က်ဘ်ဆိုက်လိပ်စာနဲ့ အချက် အလက်တွေကိုလည်း တစ်ခြားသူ တွေကို အလွယ်တကူ မျှဝေနိုင်မှာ ဖြစ်ပါတယ်။

Google Lens ကို လိပ်စာကတ်တွေထဲက အချက်အ လက်ကို သိမ်းဆည်းဖို့အတွက် သာမကဘဲ မိမိရိုက်ကူးခဲ့တဲ့ ဓာတ်ပုံ တွေရဲ့ တည်နေရာတွေ၊ အလားတူပုံစံတူနေရာ၊ ကုမ္ပဏီလိုဂို၊ အရာဝတ္ထုစတာတွေ ရှာဖွေ ဖို့အတွက်၊ စာအုပ်ထဲ က အချက်အလက်တွေကို ဓာတ်

ပုံရိုက်ထားပြီး စာသားအနေနဲ့ ပြောင်းလဲဖို့လည်း အသုံးပြုနိုင်ပါတယ်။