Google I/O 2019 မွာ ဘာေတြမိတ္ဆက္ႏိုင္သလဲ

[ Zawgyi ]

Google I/O ဆိုတာဘာလဲ Google I/O ဆိုတာ Google က ႏွစ္စဥ္က်င္းပေနက် developer ကြန္ဖရင့္ျဖစ္ၿပီး app ေတြနဲ႔ ဝန္ေဆာင္မႈအတြက္ hardware, software နဲ႔ update အသစ္ေတြ အမ်ိဳးမ်ိဳးကုိ ထုတ္ျပန္ေၾကညာေပးတဲ့ ပြဲတစ္ပြဲျဖစ္ပါတယ္။

Google I/O ကုိ ဘယ္အခ်ိန္၊ ဘယ္ေနရာမွာ လုပ္မွာလဲ။ ပြဲကုိ ေမလ ၇ ရက္ကေန ေမလ ၉ ရက္အထိ ျပဳလုပ္မွာ ျဖစ္ပါတယ္။ ကယ္လီဖိုးနီးယားျပည္နယ္၊ ေမာင္တိန္ဗ်ဴးၿမိဳ႕က Shoreline Amphitheatre မွာျပဳလုပ္သြားမ်ာ ျဖစ္ပါတယ္။

Google I/O လက္မွတ္။ Google အေနနဲ႔ ကုမၸဏီဝက္ဘ္ဆိုက္ေပၚက စာရင္းသြင္းထားသူေတြထဲ ပြဲတက္ေရာက္မယ့္သူေတြကိ က်ပန္းေရြးခ်ယ္ဖို႔အတြက္ ရန္ပုံေငြရွာဖို႔ မဲေဖာက္တဲ့စနစ္ကုိ သုံးပါတယ္။ ကံထူးသူေတြအေနနဲ႔ လက္မွတ္ဖိုးေပးရဦးမွာ ျဖစ္ပါတယ္။ အေထြေထြအတြက္ ေဒၚလာ ၁,၁၅၀, အစုအဖြဲ႕အတြက္ ေဒၚလာ ၇၅၀ နဲ႔ ပညာရွင္ေတြအတြက္ ေဒၚလာ ၃၇၅ က်သင့္မွာ ျဖစ္ပါတယ္။ အခုဆိုရင္ ပြဲအတြက္ စာရင္းေပးသြင္းမႈ ပိတ္လိုက္ၿပီး ကံထူးသူေတြကုိ အီးေမးလ္ကတစ္ဆင့္ အသိေပးေနပါၿပီ။

Google I/O 2019 မွာဘာေတြ ထုတ္ေဖာ္ျပသႏိုင္မလဲ

Google အေနနဲ႔ I/O ကြန္ဖရင့္နဲ႔ ပတ္သက္ၿပီး တရားဝင္ မသိရေသးပါဘူး။ ကုမၸဏီအေနနဲ႔ အေျခခံ အခ်ိန္စာရင္းကုိေတာ့ event hub မွာတင္ထားပါတယ္။

Android Q

Google အေနနဲ႔ Android Q လို႔လက္ရွိသိေနၾကတဲ့ OS ဗားရွင္းသစ္ အေသးစိတ္ကို ပြဲမွာ မိတ္ဆက္ႏိုင္ပါတယ္။ Google အေနနဲ႔ Android Q ရဲ႕ ပထမနဲ႔ ဒုတိယ developer preview ေတြကုိ ျဖန္႔ခ်ိထားပါတယ္။ Google အေနနဲ႔ I/O ကြန္ဖရင့္ကိုအသုံးခ်ၿပီး ပထမဆုံး public beta ေတြကို ျဖန္႔ခ်ိႏိုင္ပါတယ္။

အေစာပုိင္း beta ေတြက Q မွာ ဘာေတြပါဝင္လာမလဲဆိုတာ ျပသေပးႏိုင္မွာပါ။ Android Q မွာမတူညီတဲ့အေရာင္၊ ေဝမွ်မႈ tool ေတြ၊ သတိေပးခ်က္ေတြကုိ ဖယ္ရွားမႈခ်ိန္ညႇိျခင္း၊ QR code ေတြကေန Wi-Fi ေဝမွ်မႈနဲ႔ secret desktop mode အျပင္ native screen recorder နဲ႔ခ်ိန္ညိႇထားတဲ့ မိုက္က႐ိုဖုန္း featureေ ေတြ၊ အသံပုိင္းဆိုင္ရာ setting ေတြပါဝင္လာမွာ ျဖစ္ပါတယ္။

Google Stadia

Google ဟာ Stadia လို႔အမည္ရတဲ့ ဂိမ္းဝန္ေဆာင္မႈနဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ကို ထုတ္ျပန္ဖြယ္ ရွိပါတယ္။ Google ဟာ မတ္လ GDC gaming ကြန္ဖရင့္မွာ cloud အေျခခံ Stadia platform ကုိ မိတ္ဆက္ထားပါတယ္။

Stadia ဟာ ဂိမ္းပရိသတ္မ်ားစြာအတြက္ ထုတ္လုပ္တာ ျဖစ္ပါတယ္။ Chromecast Ultra အျပင္ desktop, laptop, tablet နဲ႔ ဖုန္းေတြေပၚက Chrome (browser) နဲ႔လည္း အသုံးျပဳႏိုင္ပါတယ္။ Stadia ရဲ႕ထူးျခားတဲ့ feature ကေတာ့ စကၠန္႔အနည္းငယ္အတြင္း ထုတ္ကုန္တစ္ခုကေန တစ္ခု ေျပာင္းလဲအသုံးျပဳႏိုင္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဂိမ္မာေတြအေနနဲ႔ ဘယ္ေနရာမွာမဆို ထုတ္ကုန္အမ်ိဳးမ်ိဳးနဲ႔ ဂိမ္းေတြ ကစားႏိုင္မွာ ျဖစ္ပါတယ္။ Stadia မွာ ကိုယ္ပုိင္ ဂိမ္းခလုတ္ ပါဝင္လာပါတယ္။

Google ရဲ႕ Stadia ဟာ Apple Arcade နဲ႔ထိပ္တိုက္ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။

Google Pixel 3a

Google ဟာ ၂၀၁၉ ခုႏွစ္ I/O ပြဲမွာ စမတ္ဖုန္းသစ္တစ္မ်ိဳး ဒါမွမဟုတ္ မ်ားစြာကုိ ပြဲထုတ္ဖြယ္ရွိေနပါတယ္။ Google ရဲ႕ 3a နဲ႔ 3a XL ကိုမိတ္ဆက္ဖြယ္ရွိတယ္လို႔ မတ္လမွာ သတင္းေတြ ထြက္ေပၚေနပါတယ္။ ထုတ္ကုန္နဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြလည္း အခ်ိန္နဲ႔အမွ် ထြက္ေနပါတယ္။ Google အမႈေဆာင္တစ္ဦးဟာ သတင္းမထုတ္ျပန္ရေသးတဲ့ ဖုန္းကုိ အသုံးျပဳေနတယ္လို႔ ဝန္ခံေျပာၾကားခဲ့သလို ေမလ ၇ရက္မွာ hardware သစ္တစ္မ်ိဳးကုိ မိတ္ဆက္ဖြယ္ရွိတယ္လို႔ ကုမၸဏီကလည္း အရိပ္အျမြက္ေျပာခဲ့ပါတယ္။ ရက္အနည္းငယ္အၾကာမွာ တရားဝင္ျဖစ္ဖြယ္ရွိတဲ့ သ႐ုပ္ေဖာ္ပုံေတြ ထြက္ေပၚလာပါတယ္။

စိုးထက္
Ref: AndroidAuthority

[ Unicode ]

Google I/O ဆိုတာဘာလဲ။ Google I/O ဆိုတာ Google က နှစ်စဉ်ကျင်းပနေကျ developer ကွန်ဖရင့်ဖြစ်ပြီး app တွေနဲ့ ဝန်ဆောင်မှုအတွက် hardware, software နဲ့ update အသစ်တွေ အမျိုးမျိုးကို ထုတ်ပြန်ကြေညာပေးတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။

Google I/O ကို ဘယ်အချိန်၊ ဘယ်နေရာမှာ လုပ်မှာလဲ။ ပွဲကို မေလ ရ ရက်ကနေ မေလ ၉ ရက်အထိ ပြုလုပ်မှာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ မောင်တိန်ဗျူးမြို့က Shoreline Amphitheatre မှာပြုလုပ်သွားမျာ ဖြစ်ပါတယ်။

Google I/O လက်မှတ်။ Google အနေနဲ့ ကုမ္ပဏီဝက်ဘ်ဆိုက်ပေါ်က စာရင်းသွင်းထားသူတွေထဲ ပွဲတက်ရောက်မယ့်သူတွေကိ ကျပန်းရွေးချယ်ဖို့အတွက် ရန်ပုံငွေရှာဖို့ မဲဖောက်တဲ့စနစ်ကို သုံးပါတယ်။ ကံထူးသူတွေအနေနဲ့ လက်မှတ်ဖိုးပေးရဦးမှာ ဖြစ်ပါတယ်။ အထွေထွေအတွက် ဒေါ်လာ ၁,၁၅၀, အစုအဖွဲ့အတွက် ဒေါ်လာ ရ၅၀ နဲ့ ပညာရှင်တွေအတွက် ဒေါ်လာ ၃၇၅ ကျသင့်မှာ ဖြစ်ပါတယ်။ အခုဆိုရင် ပွဲအတွက် စာရင်းပေးသွင်းမှု ပိတ်လိုက်ပြီး ကံထူးသူတွေကို အီးမေးလ်ကတစ်ဆင့် အသိပေးနေပါပြီ။

Google I/O 2019 မှာဘာတွေ ထုတ်ဖော်ပြသနိုင်မလဲ

Google အနေနဲ့ I/O ကွန်ဖရင့်နဲ့ ပတ်သက်ပြီး တရားဝင် မသိရသေးပါဘူး။ ကုမ္ပဏီအနေနဲ့ အခြေခံ အချိန်စာရင်းကိုတော့ event hub မှာတင်ထားပါတယ်။

Android Q

Google အနေနဲ့ Android Q လို့လက်ရှိသိနေကြတဲ့ OS ဗားရှင်းသစ် အသေးစိတ်ကို ပွဲမှာ မိတ်ဆက်နိုင်ပါတယ်။ Google အနေနဲ့ Android Q ရဲ့ ပထမနဲ့ ဒုတိယ developer preview တွေကို ဖြန့်ချိထားပါတယ်။ Google အနေနဲ့ I/O ကွန်ဖရင့်ကိုအသုံးချပြီး ပထမဆုံး public beta တွေကို ဖြန့်ချိနိုင်ပါတယ်။

အစောပိုင်း beta တွေက Q မှာ ဘာတွေပါဝင်လာမလဲဆိုတာ ပြသပေးနိုင်မှာပါ။ Android Q မှာမတူညီတဲ့အရောင်၊ ဝေမျှမှု tool တွေ၊ သတိပေးချက်တွေကို ဖယ်ရှားမှုချိန်ညှိခြင်း၊ QR code တွေကနေ Wi-Fi ဝေမျှမှုနဲ့ secret desktop mode အပြင် native screen recorder နဲ့ချိန်ညှိထားတဲ့ မိုက်ကရိုဖုန်း featureေ တွေ၊ အသံပိုင်းဆိုင်ရာ setting တွေပါဝင်လာမှာ ဖြစ်ပါတယ်။

Google Stadia

Google ဟာ Stadia လို့အမည်ရတဲ့ ဂိမ်းဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ကို ထုတ်ပြန်ဖွယ် ရှိပါတယ်။ Google ဟာ မတ်လ GDC gaming ကွန်ဖရင့်မှာ cloud အခြေခံ Stadia platform ကို မိတ်ဆက်ထားပါတယ်။

Stadia ဟာ ဂိမ်းပရိသတ်များစွာအတွက် ထုတ်လုပ်တာ ဖြစ်ပါတယ်။ Chromecast Ultra အပြင် desktop, laptop, tablet နဲ့ ဖုန်းတွေပေါ်က Chrome (browser) နဲ့လည်း အသုံးပြုနိုင်ပါတယ်။ Stadia ရဲ့ထူးခြားတဲ့ feature ကတော့ စက္ကန့်အနည်းငယ်အတွင်း ထုတ်ကုန်တစ်ခုကနေ တစ်ခု ပြောင်းလဲအသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်မာတွေအနေနဲ့ ဘယ်နေရာမှာမဆို ထုတ်ကုန်အမျိုးမျိုးနဲ့ ဂိမ်းတွေ ကစားနိုင်မှာ ဖြစ်ပါတယ်။ Stadia မှာ ကိုယ်ပိုင် ဂိမ်းခလုတ် ပါဝင်လာပါတယ်။

Google ရဲ့ Stadia ဟာ Apple Arcade နဲ့ထိပ်တိုက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Google Pixel 3a

Google ဟာ ၂၀၁၉ ခုနှစ် I/O ပွဲမှာ စမတ်ဖုန်းသစ်တစ်မျိုး ဒါမှမဟုတ် များစွာကို ပွဲထုတ်ဖွယ်ရှိနေပါတယ်။ Google ရဲ့ 3a နဲ့ 3a XL ကိုမိတ်ဆက်ဖွယ်ရှိတယ်လို့ မတ်လမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ထုတ်ကုန်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေလည်း အချိန်နဲ့အမျှ ထွက်နေပါတယ်။ Google အမှုဆောင်တစ်ဦးဟာ သတင်းမထုတ်ပြန်ရသေးတဲ့ ဖုန်းကို အသုံးပြုနေတယ်လို့ ဝန်ခံပြောကြားခဲ့သလို မေလ ရရက်မှာ hardware သစ်တစ်မျိုးကို မိတ်ဆက်ဖွယ်ရှိတယ်လို့ ကုမ္ပဏီကလည်း အရိပ်အမြွက်ပြောခဲ့ပါတယ်။ ရက်အနည်းငယ်အကြာမှာ တရားဝင်ဖြစ်ဖွယ်ရှိတဲ့ သရုပ်ဖော်ပုံတွေ ထွက်ပေါ်လာပါတယ်။

Ref: AndroidAuthority