Google Docs မွာပါဝင္တဲ့ productivity tool ကုိ chat app အျဖစ္ ဆယ္ေက်ာ္သက္ေတြ အသုံးျပဳေန

[ Zawgyi ]

Google ဟာ အခုတစ္ပတ္ အေစာပုိင္းမွာ Allo app ကုိပိတ္သိမ္းလိုက္ၿပီး Google+ ရဲ႕ အခ်က္အလက္ ေပါက္ၾကားမႈေၾကာင့္ သုံးစြဲသူေတြ ေဝဖန္ခံခဲ့ရပါတယ္။ Google ဟာ လူမႈေရးမီဒီယာမွာ ပါဝင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ က်႐ႈံးခဲ့ပါတယ္။ ဒါေပမဲ့ Google ရဲ႕ Docs ကိုေတာ့ လူမႈေရးမီဒီယာထဲ ထည့္သြင္းရမလို ျဖစ္ေနပါၿပီ။

Google Doc ကို ယေန႔ေခတ္ ဆယ္ေက်ာ္သက္ေတြက chat app အျဖစ္အသုံးျပဳပုံ အေသးစိတ္ကုိ The Atlantic က ေဖာ္ျပခဲ့ပါတယ္။ ဆယ္ေက်ာ္သက္ေတြဟာ built-in live chat ကုိအသုံးမျပဳဘဲ စာရြက္စာတမ္းတစ္ခုမွာ စာသားေတြကုိ တစ္ခ်ိန္တည္းနဲ႔ လူေပါင္းမ်ားစြာ ထည့္သြင္းႏိုင္တဲ့ အခ်ိန္နဲ႔တစ္ေျပးညီ ပူးေပါင္းလုပ္ေဆာင္မႈကို အသုံးျပဳၾကတာျဖစ္ပါတယ္။

တခ်ိဳ႕ကေလးေတြဟာ တစ္ရက္တာအတြက္ Doc ကိုဖန္တီးၿပီး သူငယ္ခ်င္းေတြနဲ႔ ေဝမွ်ထားကာ ေနာက္ေတာ့ ဖ်က္ပစ္လုိက္ၾကပါတယ္။ စာရြက္စာတမ္းေတြမွာ ရွည္လ်ားတဲ့ ဝါက်ေတြနဲ႔ စာပုိဒ္ေတြပါဝင္ၿပီး သုံးစြဲသူေတြက font အမ်ိဳးမ်ိဳးနဲ႔ အသုံးျပဳထားတဲ့အတြက္ စကားေျပာဆိုမႈကို ခြဲျခားႏိုင္ပါတယ္။

G Suite ap ရဲ႕အဓိက အစိတ္အပိုင္းတစ္ခုက productivity ပုံစံပဲ ျဖစ္ပါတယ္။ Chromebook ေတြ အသုံးမ်ားလာတာနဲ႔ laptop အသုံးျပဳမႈကိုခြင့္ျပဳထားခံရတဲ့ ကေလးေတြက ေဝမွ်ထားတဲ့ Google Docs ဒါမွမဟုတ္ ဆရာ/ဆရာမဆီက ပြားယူထားတဲ့ သင္ခန္းစာေတြမွာ ကေလးေတြဟာ စာသင္ရင္းနဲ႔ စာလုပ္ရင္း အခ်င္းအခ်င္း ဆက္သြယ္ၾကပါတယ္။

ကေလးေတြဟာ Google Docs အစိတ္အပုိင္းအားလုံးကုိ သူတို႔ ကုိယ္က်ိဳးအတြက္ အဓိက အသုံးျပဳၾကတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ဆက္ေက်ာ္သက္ကေလးေတြအနားကုိ ဆရာ/ဆရာမ ခ်ဥ္းကပ္လာတာနဲ႔ Resolve ခလုတ္ကို ႏွိပ္ၿပီး စကားေျပာဆိုမႈေတြကို ဖ်က္ပစ္တယ္လို႔ သိရပါတယ္။

စိုးထက္
Ref: 9to5Google

[ Unicode]

Google ဟာ အခုတစ်ပတ် အစောပိုင်းမှာ Allo app ကိုပိတ်သိမ်းလိုက်ပြီး Google+ ရဲ့ အချက်အလက် ပေါက်ကြားမှုကြောင့် သုံးစွဲသူတွေ ဝေဖန်ခံခဲ့ရပါတယ်။ Google ဟာ လူမှုရေးမီဒီယာမှာ ပါဝင်ဖို့ ကြိုးစားခဲ့ပေမယ့် ကျရှုံးခဲ့ပါတယ်။ ဒါပေမဲ့ Google ရဲ့ Docs ကိုတော့ လူမှုရေးမီဒီယာထဲ ထည့်သွင်းရမလို ဖြစ်နေပါပြီ။

Google Doc ကို ယနေ့ခေတ် ဆယ်ကျော်သက်တွေက chat app အဖြစ်အသုံးပြုပုံ အသေးစိတ်ကို The Atlantic က ဖော်ပြခဲ့ပါတယ်။ ဆယ်ကျော်သက်တွေဟာ built-in live chat ကိုအသုံးမပြုဘဲ စာရွက်စာတမ်းတစ်ခုမှာ စာသားတွေကို တစ်ချိန်တည်းနဲ့ လူပေါင်းများစွာ ထည့်သွင်းနိုင်တဲ့ အချိန်နဲ့တစ်ပြေးညီ ပူးပေါင်းလုပ်ဆောင်မှုကို အသုံးပြုကြတာဖြစ်ပါတယ်။

တချို့ကလေးတွေဟာ တစ်ရက်တာအတွက် Doc ကိုဖန်တီးပြီး သူငယ်ချင်းတွေနဲ့ ဝေမျှထားကာ နောက်တော့ ဖျက်ပစ်လိုက်ကြပါတယ်။ စာရွက်စာတမ်းတွေမှာ ရှည်လျားတဲ့ ဝါကျတွေနဲ့ စာပိုဒ်တွေပါဝင်ပြီး သုံးစွဲသူတွေက font အမျိုးမျိုးနဲ့ အသုံးပြုထားတဲ့အတွက် စကားပြောဆိုမှုကို ခွဲခြားနိုင်ပါတယ်။

G Suite ap ရဲ့အဓိက အစိတ်အပိုင်းတစ်ခုက productivity ပုံစံပဲ ဖြစ်ပါတယ်။ Chromebook တွေ အသုံးများလာတာနဲ့ laptop အသုံးပြုမှုကိုခွင့်ပြုထားခံရတဲ့ ကလေးတွေက ဝေမျှထားတဲ့ Google Docs ဒါမှမဟုတ် ဆရာ/ဆရာမဆီက ပွားယူထားတဲ့ သင်ခန်းစာတွေမှာ ကလေးတွေဟာ စာသင်ရင်းနဲ့ စာလုပ်ရင်း အချင်းအချင်း ဆက်သွယ်ကြပါတယ်။

ကလေးတွေဟာ Google Docs အစိတ်အပိုင်းအားလုံးကို သူတို့ ကိုယ်ကျိုးအတွက် အဓိက အသုံးပြုကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆက်ကျော်သက်ကလေးတွေအနားကို ဆရာ/ဆရာမ ချဉ်းကပ်လာတာနဲ့ Resolve ခလုတ်ကို နှိပ်ပြီး စကားပြောဆိုမှုတွေကို ဖျက်ပစ်တယ်လို့ သိရပါတယ်။

Ref: 9to5Google