September 20, 2018

Google Assistant အတြက္ အသံအသစ္ကို ဘယ္လိုေျပာင္းသုံးမလဲ

[ Zawgyi ]

Google ရဲ႕ AI-powered Assistant ျဖစ္တဲ့ Google Assistant ကို စမ္းသပ္အသုံးျပဳႏုိင္ ဖို႔အတြက္ ပိုမိုလူသားဆန္တဲ့ အသံ အသစ္ေျခာက္မ်ဳိးကို စမ္းသပ္အ သုံးျပဳႏုိင္ေအာင္ ထုတ္ေပးလိုက္ပါတယ္။ ဒီႏွစ္ကုန္ပိုင္းေလာက္မွာေတာ့ အဆိုေတာ္ John Legend ရဲက သံနဲ႔ အသုံးျပဳႏုိင္မယ္လို႔ ေၾကညာထားပါေသးတယ္။

မိမိရဲ႕ Android ဖုန္းမွာ Google Assistant စနစ္ေထာက္ပံ့ ပါ၀င္တယ္ဆိုရင္ေတာ့ အသံထြက္ အသစ္ေတြကို ေအာက္ပါနည္းလမ္း အတုိင္းေျပာင္းလဲ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

အရင္ဆုံး Google Assistant ကို ဖြင့္ဖို႔အတြက္ ဖုန္းရဲ႕ Home ခလုတ္ကိုႏွိပ္လိုက္ပါ ဒါမွမဟုတ္ Hey Google ဆိုၿပီးေျပာလိုက္ပါ။ ဒါဆိုရင္ေတာ့ Google Assistant ပြင့္လာမွာျဖစ္ၿပီး ျမင္ကြင္းရဲ႕ ညာ ဘက္ေဘာင္နားက အျပာေရာင္ ေစ်းဝယ္အိတ္ပုံစံ icon ကို တစ္ ခ်က္ႏွိပ္လုိက္ပါ။

ဒါဆိုရင္ေတာ့ Explore စနစ္ထဲကို ေရာက္သြားမွာျဖစ္ၿပီး ျမင္ကြင္းရဲ႕ ညာဘက္အေပၚေထာင့္နားက အစက္သုံးစက္ျဖစ္တဲ့ menu icon ကို ထပ္ႏွိပ္ပါ။

menu icon ကို ႏွိပ္လုိက္ရင္ ေတာ့ ေဘာက္တစ္ခုေပၚလာမွာ ျဖစ္ၿပီး Settings ဆိုတဲ့စာသားကို ေရြးလုိက္ပါ။

Settings စနစ္ထဲကိုေရာက္ သြားရင္ေတာ့ Preferences ဆို တဲ့စာသားကို တစ္ခ်က္ႏွိပ္ၿပီး စနစ္ထဲကို ဝင္ေပးရပါမယ္။

Preferences စနစ္ထဲကို ေရာက္ရင္ေတာ့ Assistant Voice စာသားကို ထပ္ႏွိပ္လိုက္ပါ။

Assistant Voice စနစ္ထဲကို ေရာက္ရင္ေတာ့ ေရြးခ်ယ္စရာ အသံ ၈ မ်ဳိးကို ေတြ႔ပါလိမ့္မယ္။ မိမိႏွစ္သက္ရာအသံတစ္မ်ဳိးကို ေရြးခ်ယ္အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။

အဲဒီအသံ ၈ မ်ဳိးမွာ ေယာက္်ား သံ ၄ မ်ဳိးနဲ႔ မိန္းမသံ ၄ မ်ဳိးရွိမွာျဖစ္ ပါတယ္။

-ရဲထြဋ္ဝင္း

=========

[ Unicode ]

Google Assistant အတွက် အသံအသစ်ကို ဘယ်လိုပြောင်းသုံးမလဲ

=========

Google ရဲ့ AI-powered Assistant ဖြစ်တဲ့ Google Assistant ကို စမ်းသပ်အသုံးပြုနိုင် ဖို့အတွက် ပိုမိုလူသားဆန်တဲ့ အသံ အသစ်ခြောက်မျိုးကို စမ်းသပ်အ သုံးပြုနိုင်အောင် ထုတ်ပေးလိုက်ပါတယ်။ ဒီနှစ်ကုန်ပိုင်းလောက်မှာတော့ အဆိုတော် John Legend ရဲက သံနဲ့ အသုံးပြုနိုင်မယ်လို့ ကြေညာထားပါသေးတယ်။

မိမိရဲ့ Android ဖုန်းမှာ Google Assistant စနစ်ထောက်ပံ့ ပါ၀င်တယ်ဆိုရင်တော့ အသံထွက် အသစ်တွေကို အောက်ပါနည်းလမ်း အတိုင်းပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အရင်ဆုံး Google Assistant ကို ဖွင့်ဖို့အတွက် ဖုန်းရဲ့ Home ခလုတ်ကိုနှိပ်လိုက်ပါ ဒါမှမဟုတ် Hey Google ဆိုပြီးပြောလိုက်ပါ။ ဒါဆိုရင်တော့ Google Assistant ပွင့်လာမှာဖြစ်ပြီး မြင်ကွင်းရဲ့ ညာ ဘက်ဘောင်နားက အပြာရောင် စျေးဝယ်အိတ်ပုံစံ icon ကို တစ် ချက်နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ Explore စနစ်ထဲကို ရောက်သွားမှာဖြစ်ပြီး မြင်ကွင်းရဲ့ ညာဘက်အပေါ်ထောင့်နားက အစက်သုံးစက်ဖြစ်တဲ့ menu icon ကို ထပ်နှိပ်ပါ။

menu icon ကို နှိပ်လိုက်ရင် တော့ ဘောက်တစ်ခုပေါ်လာမှာ ဖြစ်ပြီး Settings ဆိုတဲ့စာသားကို ရွေးလိုက်ပါ။

Settings စနစ်ထဲကိုရောက် သွားရင်တော့ Preferences ဆို တဲ့စာသားကို တစ်ချက်နှိပ်ပြီး စနစ်ထဲကို ဝင်ပေးရပါမယ်။

Preferences စနစ်ထဲကို ရောက်ရင်တော့ Assistant Voice စာသားကို ထပ်နှိပ်လိုက်ပါ။

Assistant Voice စနစ်ထဲကို ရောက်ရင်တော့ ရွေးချယ်စရာ အသံ ၈ မျိုးကို တွေ့ပါလိမ့်မယ်။ မိမိနှစ်သက်ရာအသံတစ်မျိုးကို ရွေးချယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အဲဒီအသံ ၈ မျိုးမှာ ယောက်ျား သံ ၄ မျိုးနဲ့ မိန်းမသံ ၄ မျိုးရှိမှာဖြစ် ပါတယ်။

-ရဲထွဋ်ဝင်း