September 20, 2018

Google Assistant ပါဝင္တဲ့ အေကာင္းဆံုး စမတ္စပီကာ (၇) မ်ိဳး

[ Zawgyi ]

Google ရဲ႕ virtual personal assistant ျဖစ္တဲ့ Google Assistant ဟာ ၿပိဳင္ဘက္ေတြထက္ ပိုမိုေခ်ာေမြ႕တဲ့ interaction ေတြကို ေထာက္ပံ့ေပးႏိုင္ပါတယ္။ ဒီ virtual assistant ဟာ အခ်ိန္နဲ႔အမွ် ပိုမိုေကာင္းမြန္လာသလို ေလ့လာမႈေတြကိုလည္း အဆက္မျပတ္ ျပဳလုပ္ေနပါတယ္။

Google Assistant ပါဝင္တဲ့ စပီကာေတြမွာ လုပ္ေဆာင္ခ်က္အျပည့္အဝ ျပဳလုပ္ႏိုင္ဖို႔အတြက္ Wi-Fi ခ်ိတ္ဆက္မႈ လိုအပ္ပါတယ္။ ဒါေပမဲ့လည္း လိုအပ္တဲ့အခါမွာ Bluetooth ကေနတစ္ဆင့္ ႏွစ္သက္ရာ မိုဘိုင္းထုတ္ကုန္နဲ႔ ခ်ိတ္ဆက္ႏိုင္ပါတယ္။

ဒါေၾကာင့္ Google Assistant စနစ္ပါဝင္တဲ့ အေကာင္းဆံုး စမတ္စပီကာေတြကို ေဖာ္ျပလိုက္ပါတယ္။

(၁) Google Home Max Smart Speaker
$399

Google Home Max ဟာ Google Assistant ပါဝင္တဲ့ အေကာင္းဆံုးစမတ္စပီကာတစ္ခု ျဖစ္ပါတယ္။ စတိုင္က်လွပၿပီး ဘက္စံုအသံုးျပဳႏိုင္ပါတယ္။ အသံအရည္အေသြးကလည္း ၿပိဳင္ဘက္ေတြထက္ ပိုေကာင္းပါတယ္။

၄.၅ လက္မ woofer ႏွစ္ခုနဲ႔ ၀.၇ လက္မ tweeter ႏွစ္ခု ပါဝင္တဲ့အတြက္ ဟန္ခ်က္ညီတဲ့ အသံအေတြ႕အႀကံဳကို ရရိွႏိုင္ပါတယ္။ Quad-core processor နဲ႔ built-in microphone ေျခာက္ခုကို အသံုးျပဳထားတဲ့အတြက္ေၾကာင့္လည္း ဖြင့္ထားတဲ့ အေၾကာင္းအရာအတြက္ အေကာင္းဆံုး အသံအေတြ႕အႀကံဳကို ေထာက္ပံ့ေပးႏိုင္ပါလိမ့္မယ္။

2. Google Home Mini Smart Speaker
$49

ေစ်းသက္သာတဲ့ Google Home Mini ဟာ Amazon Echo Dot အစား ေရြးခ်ယ္ႏိုင္တဲ့ ထုတ္ကုန္တစ္ခုျဖစ္ပါတယ္။ လက္ဝါးအရြယ္သာရိွတဲ့ စပီကာရဲ႕ဒီဇိုင္းဟာ လွပၿပီး အျပင္ဘက္မွာ အထည္နဲ႔ ဖံုးအုပ္ထားပါတယ္။

Home Mini မွာ ၄၀ မီလီမီတာ စပီကာတစ္ခုပဲ ပါဝင္တာေၾကာင့္ အရည္အေသြးျမင့္မားတဲ့ အသံကို ရရိွႏိုင္မွာမဟုတ္ပါဘူး။ ဒါ့အျပင္ Home Mini ကို ေစ်းသက္သက္သာသာနဲ႔ Google Assistant ကို အသံုးျပဳႏိုင္ေအာင္ ရည္ရြယ္ဖန္တီးထားတာ ျဖစ္ပါတယ္။

3. Sony LF-S50G Smart Speaker
$168

Sony LF-S50G စမတ္စပီကာမွာ built-in ဒီဂ်စ္တယ္နာရီ ပါဝင္ၿပီး ေကာင္းမြန္တဲ့ 360-degree အသံအရည္အေသြးကို ေထာက္ပံ့ေပးႏုိင္ပါတယ္။ Chromecast နဲ႔ multiroom audio အေထာက္အပံ့အျပင္ တစ္ခ်က္ထိ႐ံုနဲ႔ မိုဘိုင္းထုတ္ကုန္ေတြကို ခ်ိတ္ဆက္ေပးမယ့္ Bluetooth connectivity with NFC တို႔လည္း ပါဝင္လာပါတယ္။

စပီကာရဲ႕ကိုယ္ထည္က ေရစင္တဲ့ဒဏ္ကိုခံႏိုင္ၿပီး လိုအပ္တဲ့အခါမွာ အျပင္ဘက္က ကာဗာကို ျဖဳတ္ၿပီးေဆးႏိုင္ပါတယ္။

4. JBL Link 20 Smart Speaker
$199.95

JBL Link 20 ဟာ Google Assistant ပါဝင္တဲ့ ေရစိုခံစပီကာေတြထဲမွာ အေကာင္းဆံုးျဖစ္ပါတယ္။ က်စ္လ်စ္ၿပီး အၾကမ္းဒဏ္ခံႏိုင္တဲ့ ကိုယ္ထည္ကို ခိုင္ခံ့တဲ့အထည္နဲ႔ ဖံုးအုပ္ထားပါတယ္။

JBL ရဲ႕ထုတ္ကုန္တစ္ခုျဖစ္တာေၾကာင့္ bass သံကို ပိုႀကိဳက္သူေတြကေတာ့ ႏွစ္သက္ၾကမွာပါ။ ဘက္ထရီအေနနဲ႔ သံုးတဲ့အခါမွာေတာ့ ၁၀ နာရီၾကာ အသံုးျပဳႏိုင္ပါလိမ့္မယ္။

5. Google Home Smart Speaker
$129

Google Home စမတ္စပီမွာေတာ့ စတိုင္က်လွပၿပီး စိတ္ႀကိဳက္ျပင္ဆင္ႏိုင္တဲ့ ဒီဇိုင္းတစ္ခု ပါဝင္ပါတယ္။ သံုးစြဲသူအေနနဲ႔ စပီကာမွာ မတူညီတဲ့အေရာင္ေတြ၊ အထည္စေတြကို ေျပာင္းလဲတပ္ဆင္ႏိုင္ပါတယ္။

Audio driver ႏွစ္ခုနဲ႔ passive radiator ႏွစ္ခု ပါဝင္တာေၾကာင့္ ေကာင္းမြန္တဲ့အသံအရည္အေသြးကို ေထာက္ပံ့ေပးႏိုင္ပါတယ္။ Voice recognition ကလည္း အလြန္ေကာင္းမြန္ပါတယ္။ အျခားေသာ Google စပီကာေတြလိုပဲ Home ကို အသံေရာ လက္အမူအရာေတြနဲ႔ပါ ထိန္းခ်ဳပ္အသံုးျပဳႏိုင္ပါတယ္။

6. JBL Link 300 Smart Speaker
$249.95

အားျပင္းတဲ့ Bass သံကို ႏွစ္သက္သူေတြအတြက္ JBL Link 300 စမတ္စပီကာရိွပါတယ္။ ႀကီးမားတဲ့ ၃.၅ လက္မ woofer တစ္ခုနဲ႔ ၂၀ မီလီမီတာ tweeter တစ္ခု ပါဝင္ပါတယ္။ အနက္နဲ႔ အျဖဴဆိုၿပီး အေရာင္ႏွစ္မ်ိဳးနဲ႔ ရရိွႏိုင္ပါတယ္။

7. Insignia Voice Smart Speaker
$49.99

Insignia ရဲ႕ Voice စမတ္စပီကာ LED alarm နာရီတစ္ခု ပါဝင္ပါတယ္။ ဒါ့အျပင္ ကိုယ့္တည္ေနရာရဲ႕ လက္ရိွအပူခ်ိန္ကိုလည္း ျပသေပးႏိုင္ပါတယ္။ အသံအရည္အေသြးက စိတ္ေက်နပ္ဖြယ္ရာေကာင္းပါတယ္။ အနက္နဲ႔ မီးခိုးဆိုၿပီး အေရာင္ႏွစ္မ်ိဳးနဲ႔ ရရိွႏိုင္ပါတယ္။

Ref: BestProducts

==============

[ Unicode ]

Google Assistant ပါဝင်တဲ့ အကောင်းဆုံး စမတ်စပီကာ (၇) မျိုး

==============

Google ရဲ့ virtual personal assistant ဖြစ်တဲ့ Google Assistant ဟာ ပြိုင်ဘက်တွေထက် ပိုမိုချောမွေ့တဲ့ interaction တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီ virtual assistant ဟာ အချိန်နဲ့အမျှ ပိုမိုကောင်းမွန်လာသလို လေ့လာမှုတွေကိုလည်း အဆက်မပြတ် ပြုလုပ်နေပါတယ်။

Google Assistant ပါဝင်တဲ့ စပီကာတွေမှာ လုပ်ဆောင်ချက်အပြည့်အဝ ပြုလုပ်နိုင်ဖို့အတွက် Wi-Fi ချိတ်ဆက်မှု လိုအပ်ပါတယ်။ ဒါပေမဲ့လည်း လိုအပ်တဲ့အခါမှာ Bluetooth ကနေတစ်ဆင့် နှစ်သက်ရာ မိုဘိုင်းထုတ်ကုန်နဲ့ ချိတ်ဆက်နိုင်ပါတယ်။

ဒါကြောင့် Google Assistant စနစ်ပါဝင်တဲ့ အကောင်းဆုံး စမတ်စပီကာတွေကို ဖော်ပြလိုက်ပါတယ်။

(၁) Google Home Max Smart Speaker
$399

Google Home Max ဟာ Google Assistant ပါဝင်တဲ့ အကောင်းဆုံးစမတ်စပီကာတစ်ခု ဖြစ်ပါတယ်။ စတိုင်ကျလှပပြီး ဘက်စုံအသုံးပြုနိုင်ပါတယ်။ အသံအရည်အသွေးကလည်း ပြိုင်ဘက်တွေထက် ပိုကောင်းပါတယ်။

၄.၅ လက်မ woofer နှစ်ခုနဲ့ ၀.၇ လက်မ tweeter နှစ်ခု ပါဝင်တဲ့အတွက် ဟန်ချက်ညီတဲ့ အသံအတွေ့အကြုံကို ရရှိနိုင်ပါတယ်။ Quad-core processor နဲ့ built-in microphone ခြောက်ခုကို အသုံးပြုထားတဲ့အတွက်ကြောင့်လည်း ဖွင့်ထားတဲ့ အကြောင်းအရာအတွက် အကောင်းဆုံး အသံအတွေ့အကြံုကို ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။

2. Google Home Mini Smart Speaker
$49

စျေးသက်သာတဲ့ Google Home Mini ဟာ Amazon Echo Dot အစား ရွေးချယ်နိုင်တဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ လက်ဝါးအရွယ်သာရှိတဲ့ စပီကာရဲ့ဒီဇိုင်းဟာ လှပပြီး အပြင်ဘက်မှာ အထည်နဲ့ ဖုံးအုပ်ထားပါတယ်။

Home Mini မှာ ၄၀ မီလီမီတာ စပီကာတစ်ခုပဲ ပါဝင်တာကြောင့် အရည်အသွေးမြင့်မားတဲ့ အသံကို ရရှိနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် Home Mini ကို စျေးသက်သက်သာသာနဲ့ Google Assistant ကို အသုံးပြုနိုင်အောင် ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပါတယ်။

3. Sony LF-S50G Smart Speaker
$168

Sony LF-S50G စမတ်စပီကာမှာ built-in ဒီဂျစ်တယ်နာရီ ပါဝင်ပြီး ကောင်းမွန်တဲ့ 360-degree အသံအရည်အသွေးကို ထောက်ပံ့ပေးနိုင်ပါတယ်။ Chromecast နဲ့ multiroom audio အထောက်အပံ့အပြင် တစ်ချက်ထိရုံနဲ့ မိုဘိုင်းထုတ်ကုန်တွေကို ချိတ်ဆက်ပေးမယ့် Bluetooth connectivity with NFC တို့လည်း ပါဝင်လာပါတယ်။

စပီကာရဲ့ကိုယ်ထည်က ရေစင်တဲ့ဒဏ်ကိုခံနိုင်ပြီး လိုအပ်တဲ့အခါမှာ အပြင်ဘက်က ကာဗာကို ဖြုတ်ပြီးဆေးနိုင်ပါတယ်။

4. JBL Link 20 Smart Speaker
$199.95

JBL Link 20 ဟာ Google Assistant ပါဝင်တဲ့ ရေစိုခံစပီကာတွေထဲမှာ အကောင်းဆုံးဖြစ်ပါတယ်။ ကျစ်လျစ်ပြီး အကြမ်းဒဏ်ခံနိုင်တဲ့ ကိုယ်ထည်ကို ခိုင်ခံ့တဲ့အထည်နဲ့ ဖုံးအုပ်ထားပါတယ်။

JBL ရဲ့ထုတ်ကုန်တစ်ခုဖြစ်တာကြောင့် bass သံကို ပိုကြိုက်သူတွေကတော့ နှစ်သက်ကြမှာပါ။ ဘက်ထရီအနေနဲ့ သုံးတဲ့အခါမှာတော့ ၁၀ နာရီကြာ အသုံးပြုနိုင်ပါလိမ့်မယ်။

5. Google Home Smart Speaker
$129

Google Home စမတ်စပီမှာတော့ စတိုင်ကျလှပပြီး စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ ဒီဇိုင်းတစ်ခု ပါဝင်ပါတယ်။ သုံးစွဲသူအနေနဲ့ စပီကာမှာ မတူညီတဲ့အရောင်တွေ၊ အထည်စတွေကို ပြောင်းလဲတပ်ဆင်နိုင်ပါတယ်။

Audio driver နှစ်ခုနဲ့ passive radiator နှစ်ခု ပါဝင်တာကြောင့် ကောင်းမွန်တဲ့အသံအရည်အသွေးကို ထောက်ပံ့ပေးနိုင်ပါတယ်။ Voice recognition ကလည်း အလွန်ကောင်းမွန်ပါတယ်။ အခြားသော Google စပီကာတွေလိုပဲ Home ကို အသံရော လက်အမူအရာတွေနဲ့ပါ ထိန်းချုပ်အသုံးပြုနိုင်ပါတယ်။

6. JBL Link 300 Smart Speaker
$249.95

အားပြင်းတဲ့ Bass သံကို နှစ်သက်သူတွေအတွက် JBL Link 300 စမတ်စပီကာရှိပါတယ်။ ကြီးမားတဲ့ ၃.၅ လက်မ woofer တစ်ခုနဲ့ ၂၀ မီလီမီတာ tweeter တစ်ခု ပါဝင်ပါတယ်။ အနက်နဲ့ အဖြူဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။

7. Insignia Voice Smart Speaker
$49.99

Insignia ရဲ့ Voice စမတ်စပီကာ LED alarm နာရီတစ်ခု ပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ့်တည်နေရာရဲ့ လက်ရှိအပူချိန်ကိုလည်း ပြသပေးနိုင်ပါတယ်။ အသံအရည်အသွေးက စိတ်ကျေနပ်ဖွယ်ရာကောင်းပါတယ်။ အနက်နဲ့ မီးခိုးဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။

Ref: BestProducts