Google Assistant က မေး တာတွေကို ပြန်မဖြေတာကို ဘယ်လိုဖြေရှင်းမလဲ
[ Zawgyi ]
Ref: Guiding Tech
[ Unicode ]
Google ကနေ Android OS မှာ ထည့်သွင်းပေးထားတဲ့ မှတ်ဉာဏ်တုနည်းပညာတစ်ခုဖြစ်တဲ့ Artificial Intelligence က တ ကယ့်ကို ကောင်းမွန်တဲ့ Assistant နည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီ နည်းပညာကို လုပ်ဆောင်စရာ မျိုးစုံအတွက် အသုံးပြုနိုင်ပါတယ်။ ဥပမာ – Apps ကို ဖွင့်ပြီး ဖုန်းခေါ် ခိုင်းတာ၊ သိချင်တာမေးမြန်းတာ၊ ပြင်ပရာသီဥတုအခြေအနေ စုံစမ်းတာ၊ အင်တာနက်မှာ ရှာဖွေခိုင်းတာ စတာတွေကို အသံနဲ့ ခိုင်းစေနိုင်ပါတယ်။
ဒီ Assistant နည်းပညာက တစ်ကယ့်လူတစ်ယောက်နဲ့ အပြန်အလှန် စကားပြောနေရသလိုခံ စားရတဲ့ နည်းပညာတစ်ခုဆိုရင် လည်းမမှားပါဘူး။ အသံနဲ့အပြန် အလှန်မပြောစေချင်ရင် စာတိုနဲ့ အပြန်ပြောဆိုခိုင်းနိုင်ပါသေး တယ်။ အဲလိုမျိုးဖုန်းမှာ အသုံးနိုင်တဲ့ Google Assistant နည်းပညာက မိမိမေးသမျှကို ပြန်ပြီးမဖြေတော့တဲ့ အခါမျိုးမှာဆိုရင်တော့ ခုဖော်ပြပေးမယ့် နည်းလမ်းနဲ့ စမ်းသပ် ဖြေရှင်းနိုင်ပါတယ်။
မိမိရဲ့ ဖုန်း ဒါမှမဟုတ် Table PC တွေမှာ ခုလိုမျိုး Google Assistant က ဘာမှ ပြန်ပြီး အဖြေ မပေးတာမျိုးတွေကြုံနေရတယ်ဆို ရင် အရင်ဦးဖုန်းကို restart ချ ကြည့်ပါ။ ဘာလို့လဲဆိုတော့ ဖုန်း ကို restart ချပေးတာက ဖုန်းမှာ ဖြစ်တတ်တဲ့ ဘာမှန်းမသိတဲ့ error မျိုးစုံအတွက် ပြန်ကောင်းစေနိုင်ပါ တယ်။
နောက်တစ်ခုက Clear Cache လုပ်ပေးတာပါ။ မိမိအနေနဲ့ ဖုန်းကို restart ချလိုက်လို့ အဆင်မပြေ သေးရင်တော့ Google app ရဲ့ cache ကို ရှင်းလင်းပေးတာမျိုး ထပ်လုပ်ကြည့်ဖို့ အကြံပြုလိုပါ တယ်။ Cache ကို ရှင်းလင်း ဖို့အတွက် အရင်ဆုံးဖုန်းရဲ့ Settings ထဲကို ၀င်လိုက်ပါ။ ပြီး ရင်တော့ App & notifications ဆို တာကို ရှာပြီးနှိပ်လိုက်ပါ။
App info စနစ်ထဲကို ရောက် သွားပါလိမ့်မယ်။ အဲဒီထဲကိုရောက် ရင်တော့ Google ဆိုတဲ့ App ကို ရှာပြီး တစ်ချက်နှိပ်လိုက်ပါ။
ပြီးရင်တော့ Storage ဆိုတာ ကို ရှာပြီး ထပ်နှိပ်ပါ။
Storage စနစ်ထဲကိုရောက် သွားပါလိမ့်မယ်။ Storage စနစ်ထဲ ကိုရောက်သွားရင်တော့ Clear cache ဆိုတဲ စာသားပါတဲ့ ခလုတ် ကို တစ်ချက်နှိပ်ပြီး Cache ကို ရှင်း လင်းရမှာဖြစ်ပါတယ်။
အဲလိုလုပ်ပြီးရင်တော့ ဖုန်းကို Restart တစ်ခါထပ်လုပ်ကြည့်ပြီး Google Assistant ကို ပြန်သုံး ကြည့်ပါ။ အဲလိုမှ အဆင်မပြေ
သေးရင်တော့ Input mode ကို ထပ်ပြီး စစ်ဆေးကြည့်ဖို့လိုအပ် မှာဖြစ်ပါတယ်။ Input mode ဆိုတာက Google Assistant ကို အသံနဲ့ကော စာတိုပေးပို့ခြင်းနဲ့ ကော ခိုင်းစေနိုင်ဖို့အတွက် မိမိစိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်မယ့် စနစ်ဖြစ်ပါတယ်။ ဒီစနစ်ရဲ့ input mode ကို ချိန်းကြည့်ပြီး စမ်းသပ်သင့်ပါတယ်။
အရင်ဆုံး Google Assistant ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း Explore icon ကို တစ်ချက်နှိပ်လိုက်ပါ။
အဲလိုနှိပ်လိုက်ရင်တော့ Explore စနစ်ထဲကို ရောက်သွားပါလိမ့်မယ်။ အဲလိုရောက်သွားရင်တော့ မြင်ကွင်းရဲ့ ညာဘက်အပေါ် ထောင့်နားက အစက်သုံးခုဆင့်ထားတဲ့ menu icon ကို တစ်ချက်နှိပ်လိုက်ပါ။ အဲလိုနှိပ်ပြီးရင်တော့ Settings စာသားကို နှိပ်လိုက်ပါ။
Settings စနစ်ထဲကိုရောက် သွားပါလိမ့်မယ်။ အဲဒီထဲကမှ Phone ဆိုတဲ့စာသားကို ရှာပြီး နှိပ်လိုက်ပါ။
Phone စနစ်ထဲကို ရောက် သွားပါလိမ့်မယ်။ အဲဒီထဲကမှ Preferred input ဆိုတဲ့စာသားကို ရှာပြီး တစ်ချက်နှိပ်လိုက်ပါ။
အဲလိုနှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်း ဘောက်တစ် ခုပေါ်လာမှာဖြစ်မှာဖြစ်ပါတယ်။ Voice ဒါမှမဟုတ် Keyboard တစ်ခုကို ပြောင်းလိုက်ပါ။
အဲလိုမှ အဆင်မပြေသေးရင် နောက်ထပ် Speech output ကို ဖွင့်ပေးကြည့်ပါ။ ခုနကအတိုင်း Google Assistant Settings > Phone ထဲက Speech output ဆို တာကို ၀င်ကြည့်ကြည့်ပါ။
အဲဒီမှာ Hands-free only mode ကို ရွေးထားမိတယ်ဆိုရင် တော့ ဖုန်းက အသံနဲ့ ပြန်လည်ဖြေ ကြားမှာ မ ဟုတ်ပါဘူး။ ဒါကြောင့် အဲဒီနေရာ မှာ On ဆိုတာကို ရွေးထားမထား စစ်ကြည့်ပါ။ မရွေးထားရင် ရွေးပေးလိုက်ပါ။
နောက်တစ်ခုအနေနဲ့ Media volume ကို မိမိအနေနဲ့ တိုးထား မိလားစစ်ကြည့်သင့်ပါသေးတယ်။ Media volume ကို ကျယ်ပေးကြည့် ပါ။ Media volume ကို Settings ထဲက Sounds ထဲမှာ ၀င်ကြည့်ပြီး ကျယ်ကြည့်ပါ။
အပေါ်ကပြောတဲ့နည်းလမ်း တွေတမ်းစမ်းသပ်ကြည့်တာ အဆင်မပြေသေးရင်တော့ Google app ကို update လုပ်ပေးဖို့လိုမ လိုကို ထပ်မံစစ်ဆေးသင့်ပါတယ်။ Google Play Store app ကို ဖွင့် လိုက်ပါ။ ပြီးရင်တော့ My apps & games ဆိုတာကို ရှာလိုက်ပါ။
ပြီးရင်တော့ ဖုန်းထဲက Google app ဘေးနားမှာ UPDATE ဆိုတာ မျိုးပြနေရင်တော့ app ကို update လုပ်ပေးကြည့်ဖို့ တိုက်တွန်းလိုပါ တယ်။
ဒီနည်းလမ်းတွေက Google Assistant app ကို နဂိုအတိုင်း ပြန် လည်အသုံးပြုနိုင်စေမယ့် နည်း လမ်းတွေပဲဖြစ်ပါတယ်။
Ref: Guiding Tech