Google အကူအညီနဲ႔ အေမရိကကုိဝင္ေရာက္လာတဲ့ တ႐ုတ္ရဲ႕ အႀကီးမားဆုံးအြန္လိုင္း လက္လီစတိုး

[ Zawgyi ]

တ႐ုတ္ႏိုင္ငံက အႀကီးဆုံး လက္လီစတိုးျဖစ္တဲ့ JD.com ဟာ အေမရိကန္ေဈးကြက္ထဲ ဝင္ေရာက္ေတာ့မွာ ျဖစ္ပါတယ္။

JD.com ဟာ တ႐ုတ္ႏိုင္ငံအတြင္းက အႀကီးဆုံး အြန္လုိင္းလက္လီစတုိးျဖစ္ၿပီး ကုန္ပစၥည္းေတြကုိ ေဈးဝယ္သူေတြဆီ တိုက္႐ိုက္ေရာင္းခ်ေပးေနတဲ့ ကုမၸဏီတစ္ခု ျဖစ္ပါတယ္။ JD.com ဟာ Google အကူအညီနဲ႔ အေမရိကန္အြန္လိုင္းစတိုးတစ္ခု ဖြင့္လွစ္သြားမယ္လို႔ Bloomberg ကေဖာ္ျပခဲ့ပါတယ္။ အခုပူးေပါင္းမႈကုိ ဇြန္လမွာ ထုတ္ျပန္ခဲ့ၿပီး JD.com ဟာ ပထမဆုံးအႀကိမ္ အျဖစ္ အေမရိကန္က ေဈးဝယ္သူေတြကုိ ကုန္ပစၥည္းေတြကုိ တိုက္႐ိုက္ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ Google ကေတာ့ ေငြေပးေခ်မႈနဲ႔ ေနာက္ကြယ္က လုပ္ငန္းအစီအစဥ္ေတြကို ကုိင္တြယ္ေပးမွာ ျဖစ္ေပမယ့္ JD.com ကေတာ့ ကုန္ပစၥည္းတင္ပုိ႔ေရာင္းခ်မႈေတြ အတြက္ ကုိယ္ပုိင္ စင္တာေတြကို ဖြင့္သြားမွာ ျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔အေနနဲ႔ အေမရိကန္က ေဈးဝယ္သူေတြကုိ ဝန္ေဆာင္မႈေပးမယ့္ စင္တာေတြကေန ကုန္ပစၥည္းေတြ တင္ပုိ႔ေပးသြားမယ္” လို႔ JD.com ရဲ႕သယ္ယူပုိ႔ေဆာင္ေရးအႀကီးအကဲ Bao Yan က Bloomberg ကိုေျပာခဲ့ပါတယ္။

လုပ္ငန္းကုိ ဘယ္အခ်ိန္မွာ စတင္သြားမယ္ဆိုတာ မသတ္မွတ္ရေသးဘူးလို႔ JD.com ကုိယ္စားလွယ္က Business Insider ကိုေျပာခဲ့ပါတယ္။

လက္ရွိမွာ JD.com ဟာ အေမရိကအတြက္ ကုန္ပစၥည္းေတြကုိ တိုက္႐ိုက္မေရာင္းခ်ေသးေပမယ့္ Walmart ကတစ္ဆင့္ အေမရိကန္မွာ ထုတ္ကုန္ေတြ ေရာင္းခ်ဖို႔ ပူးေပါင္းမႈ ျပဳလုပ္ထားပါတယ္။ JD.com နဲ႔ Google ပူးေပါင္းမႈကေတာ့ ၾကားခံမပါဝင္တဲ့ ပူးေပါင္းျဖစ္ပါတယ္။

Google ဟာ JD.com မွာ ေဒၚလာ သန္း ၅၅၀ ရင္းႏွီးျမႇဳပ္ႏွံထားတယ္လို႔ ဒီႏွစ္အေစာပုိင္းမွာ ထုတျ္ပန္ခဲ့ပါတယ္။
JD.com ဟာ တ႐ုတ္ႏိုင္ငံအတြင္း အႀကီးဆုံး လက္လီစတိုးျဖစ္ေပမယ့္ ႏိုင္ငံတကာမွာ ျဖန္႔ၾကက္ထားတဲ့ လုပ္ငန္းမရွိပါဘူး။ JD.com ဟာ Amazon လိုလုပ္ငန္းမ်ိဳးျဖစ္ၿပီး Alibaba လိုမ်ိဳးေတာ့ မဟုတ္ပါဘူး။

Amazon အေနနဲ႔ အေမရိကန္ e-commerce ေဈးကြက္ကုိ ခုိင္မာေအာင္ ျပဳလုပ္ထားခ်ိန္မွာ JD.com ဟာ အေမရိကန္ေဈးကြက္ထဲ ေရာက္ရွိလာပါတယ္။ အခုပူးေပါင္းမႈေၾကာင့္ Google အေနနဲ႔ ေႀကာ္ျငာအေျခခံ ထုတ္ကုန္ရွာေဖြမႈေတြ ရရွိလာႏိုင္ပါတယ္။ Amazon ရဲ႕အလ်င္အျမန္တုိးတက္ေနတဲ့ လုပ္ငန္းေတြထဲက တစ္ခုကလည္း ေၾကာ္ျငာပဲ ျဖစ္ေနပါတယ္။

စုိးထက္
Ref: BusinessInsider

[ Unicode ]

တရုတ်နိုင်ငံက အကြီးဆုံး လက်လီစတိုးဖြစ်တဲ့ JD.com ဟာ အမေရိကန်ဈေးကွက်ထဲ ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။

JD.com ဟာ တရုတ်နိုင်ငံအတွင်းက အကြီးဆုံး အွန်လိုင်းလက်လီစတိုးဖြစ်ပြီး ကုန်ပစ္စည်းတွေကို ဈေးဝယ်သူတွေဆီ တိုက်ရိုက်ရောင်းချပေးနေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ JD.com ဟာ Google အကူအညီနဲ့ အမေရိကန်အွန်လိုင်းစတိုးတစ်ခု ဖွင့်လှစ်သွားမယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။ အခုပူးပေါင်းမှုကို ဇွန်လမှာ ထုတ်ပြန်ခဲ့ပြီး JD.com ဟာ ပထမဆုံးအကြိမ် အဖြစ် အမေရိကန်က ဈေးဝယ်သူတွေကို ကုန်ပစ္စည်းတွေကို တိုက်ရိုက်ရောင်းချသွားမှာ ဖြစ်ပါတယ်။ Google ကတော့ ငွေပေးချေမှုနဲ့ နောက်ကွယ်က လုပ်ငန်းအစီအစဉ်တွေကို ကိုင်တွယ်ပေးမှာ ဖြစ်ပေမယ့် JD.com ကတော့ ကုန်ပစ္စည်းတင်ပို့ရောင်းချမှုတွေ အတွက် ကိုယ်ပိုင် စင်တာတွေကို ဖွင့်သွားမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ အမေရိကန်က ဈေးဝယ်သူတွေကို ဝန်ဆောင်မှုပေးမယ့် စင်တာတွေကနေ ကုန်ပစ္စည်းတွေ တင်ပို့ပေးသွားမယ်” လို့ JD.com ရဲ့သယ်ယူပို့ဆောင်ရေးအကြီးအကဲ Bao Yan က Bloomberg ကိုပြောခဲ့ပါတယ်။

လုပ်ငန်းကို ဘယ်အချိန်မှာ စတင်သွားမယ်ဆိုတာ မသတ်မှတ်ရသေးဘူးလို့ JD.com ကိုယ်စားလှယ်က Business Insider ကိုပြောခဲ့ပါတယ်။

လက်ရှိမှာ JD.com ဟာ အမေရိကအတွက် ကုန်ပစ္စည်းတွေကို တိုက်ရိုက်မရောင်းချသေးပေမယ့် Walmart ကတစ်ဆင့် အမေရိကန်မှာ ထုတ်ကုန်တွေ ရောင်းချဖို့ ပူးပေါင်းမှု ပြုလုပ်ထားပါတယ်။ JD.com နဲ့ Google ပူးပေါင်းမှုကတော့ ကြားခံမပါဝင်တဲ့ ပူးပေါင်းဖြစ်ပါတယ်။

Google ဟာ JD.com မှာ ဒေါ်လာ သန်း ၅၅၀ ရင်းနှီးမြှုပ်နှံထားတယ်လို့ ဒီနှစ်အစောပိုင်းမှာ ထုတြ်ပန်ခဲ့ပါတယ်။
JD.com ဟာ တရုတ်နိုင်ငံအတွင်း အကြီးဆုံး လက်လီစတိုးဖြစ်ပေမယ့် နိုင်ငံတကာမှာ ဖြန့်ကြက်ထားတဲ့ လုပ်ငန်းမရှိပါဘူး။ JD.com ဟာ Amazon လိုလုပ်ငန်းမျိုးဖြစ်ပြီး Alibaba လိုမျိုးတော့ မဟုတ်ပါဘူး။

Amazon အနေနဲ့ အမေရိကန် e-commerce ဈေးကွက်ကို ခိုင်မာအောင် ပြုလုပ်ထားချိန်မှာ JD.com ဟာ အမေရိကန်ဈေးကွက်ထဲ ရောက်ရှိလာပါတယ်။ အခုပူးပေါင်းမှုကြောင့် Google အနေနဲ့ ကြော်ငြာအခြေခံ ထုတ်ကုန်ရှာဖွေမှုတွေ ရရှိလာနိုင်ပါတယ်။ Amazon ရဲ့အလျင်အမြန်တိုးတက်နေတဲ့ လုပ်ငန်းတွေထဲက တစ်ခုကလည်း ကြော်ငြာပဲ ဖြစ်နေပါတယ်။

စိုးထက်
Ref: BusinessInsider