September 21, 2018

Global Outbreak (iOS & Android)

Global Outbreak ဆိုတဲ့ ဂိမ်းဟာ ကမ္ဘာမြေပေါ်ပျံ့နှံ့နေတဲ့ လူသတ်ဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် လက်နက်ဆန်းတွေနဲ့ တိုက်ခိုက်ရမယ့်ဂိမ်းဖြစ်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့နဲ့ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို လိုက်လံ ဖယ်ရှားရှင်းလင်းပြီး နယ်မြေတွေကို ပြန်လည် သိမ်းပိုက်ရမှာဖြစ်ပါတယ်။

In-App purchase ဖြစ်တဲ့အတွက် အချို့ feature တွေကိုသုံးစွဲချင်တယ်ဆိုရင် အခကြေးငွေ ထည့်သွင်းပြီး အသုံးပြုရမှာပါ။ US store ကနေ ရယူနိုင်ပြီး iOS version 7.0 နဲ့အထက်မှာ ထည့်သွင်း သုံးစွဲနိုင်မယ့်ဂိမ်းဖြစ်ပါတယ်။

iPhone 4 နှင့် iPad 2 အထက် device တွေမှာ ထည့်သွင်း ကစားနိုင်ပြီး Android OS သုံးစွဲ သူတွေအတွက်ကတော့ Android version 4.1 နဲ့အထက် မှာ ထည့်သွင်းသုံးစွဲနိုင်မှာဖြစ်ပါတယ်။

Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။

-သီဟ