Global MBA Offshore Program သင္တန္းေလွ်ာက္လႊာမ်ား ဇန္နဝါရီလ ၁၆ ရက္အထိ တိုးျမႇင့္လက္ခံ

[ Zawgyi ]

Global MBA Offshore Program သင္တန္းေလွ်ာက္လႊာေတြကို ဇန္နဝါရီလ ၁၆ ရက္အထိ တိုးျမႇင့္လက္ခံသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္နဲ႔ ထိုင္းႏိုင္ငံ University of the Thai Chamber of Commerce (UTCC) တို႔ ပူးေပါင္းဖြင့္လွစ္တာျဖစ္ပါၿပီး ယခုဖြင့္လွစ္မယ့္ Global MBA (Batch-12) ရဲ႕ Admission Schedule ကို ဒုတိယအႀကိမ္အျဖစ္ ဇန္နဝါရီ ၁၆ ရက္အထိ ထပ္မံတိုးျမွင့္ေပးထားတာ ျဖစ္ပါတယ္။

Global MBA Program ဟာ ထိုင္းႏိုင္ငံ University of the Thai Chamber of Commerce(UTCC) မွာ သင္ျပေန တဲ့ ႏိုင္ငံတကာတကၠသိုလ္ေတြက ပါေမာကၡေတြ၊ အေမရိကန္ တကၠသိုလ္ေတြကပါရဂူဘြဲ႕ထိုင္းပါေမာကၡေတြ ပူးေပါင္းသင္ၾကားပို႔ခ်တဲ့ မဟာဘြဲ႕သင္တန္းျဖစ္ၿပီး အျပည္ျပည္ဆိုင္ရာ စီးပြားေရး စီမံခန္႔ခြဲမႈ မဟာဘြဲ႔ကို ျပည္တြင္းမွာပင္ တက္ေရာက္ႏိုင္တဲ့ အခြင့္အေရး ျဖစ္ပါတယ္။

တက္ေရာက္လိုသူေတြအေနနဲ႕ လိုအပ္တဲ့စာရြက္စာတမ္း၊ ေဖာင္ပံုစံေတြျဖစ္တဲ့ Admission, Application form , Recommendation ေတြကို ဒီေနရာမွာ ဝင္ေရာက္ၾကည့္ရႈႏုိင္သလို UMFCCI Training Institute ဖုန္း- ၀၁-၂၃၁၄၃၄၄ ~ ၄၉ (လိုင္းခြဲ- ၁၃၃၊၁၃၄) သို႔လည္း ဆက္သြယ္စံုစမ္း ေလွ်ာက္ထားႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

Global MBA Offshore Program သင်တန်းလျှောက်လွှာတွေကို ဇန်နဝါရီလ ၁၆ ရက်အထိ တိုးမြှင့်လက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နဲ့ ထိုင်းနိုင်ငံ University of the Thai Chamber of Commerce (UTCC) တို့ ပူးပေါင်းဖွင့်လှစ်တာဖြစ်ပါပြီး ယခုဖွင့်လှစ်မယ့် Global MBA (Batch-12) ရဲ့ Admission Schedule ကို ဒုတိယအကြိမ်အဖြစ် ဇန်နဝါရီ ၁၆ ရက်အထိ ထပ်မံတိုးမြှင့်ပေးထားတာ ဖြစ်ပါတယ်။

Global MBA Program ဟာ ထိုင်းနိုင်ငံ University of the Thai Chamber of Commerce(UTCC) မှာ သင်ပြနေ တဲ့ နိုင်ငံတကာတက္ကသိုလ်တွေက ပါမောက္ခတွေ၊ အမေရိကန် တက္ကသိုလ်တွေကပါရဂူဘွဲ့ထိုင်းပါမောက္ခတွေ ပူးပေါင်းသင်ကြားပို့ချတဲ့ မဟာဘွဲ့သင်တန်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ကို ပြည်တွင်းမှာပင် တက်ရောက်နိုင်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ လိုအပ်တဲ့စာရွက်စာတမ်း၊ ဖောင်ပုံစံတွေဖြစ်တဲ့ Admission, Application form , Recommendation တွေကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်သလို UMFCCI Training Institute ဖုန်း- ၀၁-၂၃၁၄၃၄၄ ~ ၄၉ (လိုင်းခွဲ- ၁၃၃၊၁၃၄) သို့လည်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါတယ်။