Global Game Jam Myanmar တြင္ ပါဝင္ဖန္တီးလိုသည့္လူငယ္မ်ား အြန္လိုင္းမွ စာရင္းေပးသြင္းႏိုင္

[ Zawgyi ]

ျပည္တြင္း၊ ျပည္ပက ဂိမ္းဖန္တီးေရးဆြဲသူေတြအတြက္ တစ္ကမၻာလံုးအတိုင္းအတာနဲ႔ ဂိမ္းဖန္တီးပြဲေတာ္ျဖစ္တဲ့ Global Game Jam Myanmar ကို ျပဳလုပ္သြားမွာျဖစ္ၿပီး ပါဝင္ဖန္တီးလိုတဲ့ လူငယ္ေတြအေနနဲ႔ အြန္လိုင္းမွ စာရင္းေပးသြင္းႏိုင္ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

ဇန္နဝါရီ ၂၅ ရက္မွ ၂၇ ရက္အထိ Kanaung Hub မွာ ျပဳလုပ္သြားမွာျဖစ္ၿပီး ပြဲေတာ္မွာ အဖြဲ႔လိုက္ပါဝင္ပူးေပါင္းၿပီး ဂိမ္းဖန္တီးႏိုင္သလို တစ္ဦးတစ္ေယာက္ခ်င္းအေနနဲ႔လည္း ဖန္တီးႏိုင္မယ္လို႔ သိရပါတယ္။ ဂိမ္းတစ္ခု ဖန္တီးျပဳလုပ္ဖို႔အတြက္ အခ်ိန္ ၄၈ နာရီ ရရွိမွာျဖစ္ေၾကာင္း၊ ဖန္တီးျပဳလုပ္ထားတဲ့ ဂိမ္းပေရာဂ်က္ကို ဇန္နဝါရီ ၂၇ ရက္ တနဂၤေႏြေန႔ ေန႔လယ္ပိုင္းမွာ အၿပီးသတ္ျပဳလုပ္ရမွာျဖစ္ပါတယ္။ ျပည္တြင္းျပည္ပက Programmer Artis, Designer, Animator, Script Writer, Project Manager, Music ပိုင္းနဲ႔ပတ္သက္သူေတြ သာမက ဂိမ္းေရးသားသူေတြ၊ ဂိမ္းအေၾကာင္းေလ့လာခ်င္သူေတြ ပါဝင္ႏိုင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ ပြဲေန႔ေတြမွာ ျပည္တြင္းက နာမည္ႀကီးလူငယ္ေတြျဖစ္တဲ့ Art Mentor ျဖစ္တဲ့ ဦးႏိုဗယ္ေအာင္နဲ႔ Artist Mentor ျဖစ္သူ ဦးေအာင္ေက်ာ္ခင္ကလည္း အေတြ႕အႀကံဳေတြနဲ႔ အႀကံဥာဏ္ေကာင္းေတြကို ေပးသြားမွာျဖစ္ပါတယ္။

ပါဝင္ဖန္တီးလိုတဲ့လူငယ္ေတြ အေနနဲ႔ ဒီေနရာကေန တစ္ဆင့္ Register ျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ဇန္နဝါရီလကျပဳလုပ္တဲ့ ဂိမ္းဖန္တီးပြဲေတာ္မွာ ႏိုင္ငံေပါင္း ၁၀၈ ႏိုင္ငံ က ဂိမ္းေပါင္း ၈၆၀၆ ခုကို ဖန္တီးျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

-ေအာင္သက္ကို

[ Unicode ]

ပြည်တွင်း၊ ပြည်ပက ဂိမ်းဖန်တီးရေးဆွဲသူတွေအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဂိမ်းဖန်တီးပွဲတော်ဖြစ်တဲ့ Global Game Jam Myanmar ကို ပြုလုပ်သွားမှာဖြစ်ပြီး ပါဝင်ဖန်တီးလိုတဲ့ လူငယ်တွေအနေနဲ့ အွန်လိုင်းမှ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိ Kanaung Hub မှာ ပြုလုပ်သွားမှာဖြစ်ပြီး ပွဲတော်မှာ အဖွဲ့လိုက်ပါဝင်ပူးပေါင်းပြီး ဂိမ်းဖန်တီးနိုင်သလို တစ်ဦးတစ်ယောက်ချင်းအနေနဲ့လည်း ဖန်တီးနိုင်မယ်လို့ သိရပါတယ်။ ဂိမ်းတစ်ခု ဖန်တီးပြုလုပ်ဖို့အတွက် အချိန် ၄၈ နာရီ ရရှိမှာဖြစ်ကြောင်း၊ ဖန်တီးပြုလုပ်ထားတဲ့ ဂိမ်းပရောဂျက်ကို ဇန်နဝါရီ ၂၇ ရက် တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှာ အပြီးသတ်ပြုလုပ်ရမှာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပက Programmer Artis, Designer, Animator, Script Writer, Project Manager, Music ပိုင်းနဲ့ပတ်သက်သူတွေ သာမက ဂိမ်းရေးသားသူတွေ၊ ဂိမ်းအကြောင်းလေ့လာချင်သူတွေ ပါဝင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပွဲနေ့တွေမှာ ပြည်တွင်းက နာမည်ကြီးလူငယ်တွေဖြစ်တဲ့ Art Mentor ဖြစ်တဲ့ ဦးနိုဗယ်အောင်နဲ့ Artist Mentor ဖြစ်သူ ဦးအောင်ကျော်ခင်ကလည်း အတွေ့အကြုံတွေနဲ့ အကြံဉာဏ်ကောင်းတွေကို ပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ဖန်တီးလိုတဲ့လူငယ်တွေ အနေနဲ့ ဒီနေရာကနေ တစ်ဆင့် Register ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီလကပြုလုပ်တဲ့ ဂိမ်းဖန်တီးပွဲတော်မှာ နိုင်ငံပေါင်း ၁၀၈ နိုင်ငံ က ဂိမ်းပေါင်း ၈၆၀၆ ခုကို ဖန်တီးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။