Global Game Jam 2019 ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပမည်

[ Zawgyi ]




[ Unicode ]

မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှ ကြီးမှူးပြီး Global Game Jam 2019 ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမယ်လို့ သိရပါတယ်။

အခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Global Game Jam မှာ နှစ်စဉ်နှစ်တိုင်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကျင်းပတဲ့ အကြီးမားဆုံး Game Developing Event တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ Global Game Jam မှာ ဂိမ်းတစ်ခုဖြစ်ဖို့ လိုအပ်တဲ့ Game Developer, Concept Artist, 3D Artist, Animator, Sound Engineer စတဲ့ နယ်ပယ်အစုံမှ ဂိမ်းဖန်တီးသူတွေနဲ့အတူ ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ်ကျင်းပလျက်ရှိတယ်လို့ သိရပါတယ်။

၂၀၀၉ ခုနှစ်မှ စတင်ကာ ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပပြုလုပ်လျက်ရြှိပီး ယခုလာမယ့် ၂၀၁၉ ခုနှစ်မှာလည်း Global Game Jam Event ကို မြန်မာနိုင်ငံအတွက် MCIA မှ ဦးဆောင်ကာ ပထမဦးဆုံးအနေနဲ့ ပူးပေါင်းကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။