Global Education Exhibition 2019 ကျင်းပမည်

[ Zawgyi ]




တက်ရောက်လိုသူတွေ အနေနဲ့ ဒီနေရာမှာ Form ဖြည့်သွင်းကာ တက်ရောက်နိုင်မှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို၊ ဖုန်း – ၀၁-၅၂၇၈၃၈ နဲ့ ၀၉၄၄၅၅၆၆၇၀၁- ၇၀၂ ကို ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ

[ Unicode ]

အာရှ၊ဥရောပ နိုင်ငံအသီးသီးက နိုင်ငံတကာတက္ကသိုလ်တွေ ပါဝင်မယ့် Global Education Exhibition 2019 ပညာရေးပြပွဲကို မတ်လ ၃၀ ရက် နံနက် ၉ နာရီမှ ၁၂ နာရီအထိ Novotel Hotel Yangon Max မှာ ကျင်းပ ပြုလုပ်သွားမယ်လို့သိရပါတယ်။

ပြပွဲမှာသက်သာတဲ့ ကုန်ကျစရိတ်နဲ့ ပညာသင်ခွင့်ရရှိမယ့် အမေရိကန်ကောလိပ်တွေ၊ ၊ iGCSE လက်မှတ်ရ ကျောင်းသူ/ကျောင်းသားတွေ အတွက်တိုက်ရိုက်ဝင်ခွင့်ပေးမယ့် အမေရိကန်၊ အင်္ဂလန်၊ကနေဒါ၊ သြစတြေးလျတက္ကသိုလ်တွေ၊ ပညာသင်ဆုတွေနဲ့ iGCSE ရမှတ်နည်းသူတွေအတွက် ဝင်ခွင့်ရရှိနိုင်မယ့် ပညာရေးလမ်းကြောင်းတွေနဲ့ သင့်တော်တဲ့ တက္ကသိုလ်တွေ၊ ပြည်တွင်း အစိုးရ/ပုဂ္ဂလိကကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသူ/ကျောင်းသားတွေ၊ မိမိတို့ ဘာသာရပ် အလိုက် ဆက်လက်တက် ရောက်နိုင်မယ့် နိုင်ငံတကာ တက္ကသိုလ်တွေအကြောင်းကို လေ့လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြပွဲမှာ IELTS လက်မှတ်ကိုင်ဆောင်ထားပြီး တက္ကသိုလ်ဝင်ခွင့်နဲ့ ပညာသင်ဆုပမာဏကိုချက်ခြင်းသိလိုသူတွေ ၊ ပြည်တွင်း HND/ABE/NCC ဒီပလိုမာကိုင်ဆောင်ထားပြီး Ranking မြင့် နိုင်ငံတကာတက္ကသိုလ်တွေကို ဝင်ခွင့်လျှောက်ထားလိုသူတွေတက်ရောက်နိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းရှိ အင်္ဂလန်စနစ်/ အမေရိကန်စနစ် နိုင်ငံတကာကျောင်းတွေမှာ သင်ကြားနေတဲ့ ကလေးတွေအတွက် ကြိုတင်သိရှိထားသင့်တဲ့ နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့်တွေအကြောင်းရှင်းလင်းပြောကြားမယ့် တက္ကသိုလ်တွေ ပါ၀င်မှာဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ ဒီနေရာမှာ Form ဖြည့်သွင်းကာ တက်ရောက်နိုင်မှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို၊ ဖုန်း – ၀၁-၅၂၇၈၃၈ နဲ့ ၀၉၄၄၅၅၆၆၇၀၁- ရ၀၂ ကို ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ်။