Geneinno Titan Underwater ROV

[ Zawgyi ]

တန္ဖိုး-ကန္ေဒၚလာ $2,519.10

အားသာခ်က္

1/2.5″ အရြယ္အစား CMOS Sensor နဲ႔ျဖစ္ၿပီး 8MP အရည္အေသြးရွိ ကင္မရာ ေထာက္ပံ့ေပးထားပါတယ္။ ေရေအာက္ပံုရိပ္ဖမ္းယူမႈအတြက္ အေထာက္ကူျဖစ္ေစဖို႔ အလင္းအား 1500
Lumen ျပင္းအားရွိ LED မီးႏွစ္လံုုး ေထာက္ပ့ံေပးထားပါတယ္။ ေရေအာက္မွာ 8MP အရည္အေသြးရွိတဲ့ ဓာတ္ပံု နဲ႔ 4K Video အရည္အေသြးရွိတဲ့ ဗီဒီယိုဖိုင္ေတြကို ႐ိုက္ကူးမွတ္သား ေပးႏိုင္သလို အသံုးျပဳသူထံသို႔လည္း Resolution 1080p Streaming အေနနဲ႔ တိုက္႐ိုက္ျပန္ပို႔ ေပးႏိုင္ပါတယ္။ အားျပည့္ခ်ိန္ မွာ ၄.၅ နာရီၾကာ အသံုးျပဳေမာင္းႏွင္ႏိုင္မွာ ျဖစ္ပါတယ္။ ေရေအာက္ သြားလာမႈႏႈန္းက တစ္စကၠန္႔ကို ၆.၆ ေပႏႈန္းနဲ႔ျဖစ္ပါတယ္။ ၁၀၀ မီတာ အတြင္းကေန ထိန္းခ်ဳပ္အသံုးျပဳႏိုင္ပါတယ္။ စမတ္ဖုန္းေတြ နဲ႔ Tablet တို႔မွာ App ထည့္သြင္းကာ ခ်ိတ္ဆက္အသံုးျပဳႏိုင္မွာလည္း ျဖစ္ပါတယ္။ iOS 9.0 နဲ႔ အထက္၊ Android OS 5.0 အထက္ ခ်ိတ္ဆက္ႏိုင္ပါတယ္။ ေရေအာက္ကို မီတာတစ္ရာအနက္အထိ ဆင္းသက္ႏိုင္မွာ ျဖစ္ပါတယ္။

အားနည္းခ်က္

Video ႐ိုက္ကူးေရးပိုင္းမွာ 4k အရည္အေသြးနဲ႔ ႐ိုက္ကူးႏိုင္ေပမယ့္ Streaming ကိုေတာ့ 1080 နဲ႔ပဲ ျပန္ပို႔ႏိုင္ပါတယ္။ ဓာတ္ပံုအတြက္ကိုလည္း 8MP ပဲရရွိႏိုင္ပါတယ္။

သံုးသပ္ခ်က္

ေရေအာက္ ႐ိုက္ကူးေရး ကိရိယာျဖစ္ၿပီး ေရေအာက္ဓာတ္ပံု၊ ဗီဒီယို ႐ိုက္ကူးေရးသမားေတြ၊ အဏၰ၀ါေဗဒ ေလ့လာလိုသူေတြ၊ အဏဝါေဗဒနဲ႔ မစၧေဗဒ (ငါးပညာ) ပညာရွင္ေတြ အသံုးတည့္တဲ့ ေစ်းႏႈန္းသင့္တင့္တဲ့ ROV ျဖစ္ပါတယ္။

လုပ္ေဆာင္ခ်က္

ဘက္ထရီအတြက္ 10.8 VDC, 9000 mAh, 97.2 Wh ကို အသံုးျပဳထားၿပီး အားအျပည့္သြင္းထားရင္ ေမာင္းႏွင္ ၄ နာရီၾကာ ေမာင္းႏွင္ႏိုင္ပါတယ္။ ကင္မရာမွာ 1/2.5″ အရြယ္အစား CMOS Sensor ကို အသံုးျပဳထားၿပီး Lens Angle of view အေနနဲ႔ အလ်ား 160 ံ အတြင္းမွာရွိတဲ့ ပံုရိပ္ေတြကို ဖမ္းယူႏိုင္ပါတယ္။ ဓာတ္ပံု အရည္အေသြးကေတာ့ 8 Megapixel ျဖစ္ပါတယ္။ ဗီဒီယိုအေနနဲ႔ Ultra HD 4K အရည္အေသြးရွိ ဗီဒီယိုဖိုင္ေတြကို ႐ိုက္ကူးႏိုင္မွာျဖစ္ပါတယ္။ SDXC 32GB အထိ ေထာက္ပံ့ေပးၿပီး အရြယ္အစား 39.1 x 34.8 x16.5 cm နဲ႔ အေလးခ်ိန္က 4.5kg ရွိပါတယ္။

-ေက်ာ္ေဇယ်
Ref: B & H

[ Unicode ]

တန်ဖိုး-ကန်ဒေါ်လာ $2,519.10

အားသာချက်

1/2.5″ အရွယ်အစား CMOS Sensor နဲ့ဖြစ်ပြီး 8MP အရည်အသွေးရှိ ကင်မရာ ထောက်ပံ့ပေးထားပါတယ်။ ရေအောက်ပုံရိပ်ဖမ်းယူမှုအတွက် အထောက်ကူဖြစ်စေဖို့ အလင်းအား 1500
Lumen ပြင်းအားရှိ LED မီးနှစ်လုုံး ထောက်ပ့ံပေးထားပါတယ်။ ရေအောက်မှာ 8MP အရည်အသွေးရှိတဲ့ ဓာတ်ပုံ နဲ့ 4K Video အရည်အသွေးရှိတဲ့ ဗီဒီယိုဖိုင်တွေကို ရိုက်ကူးမှတ်သား ပေးနိုင်သလို အသုံးပြုသူထံသို့လည်း Resolution 1080p Streaming အနေနဲ့ တိုက်ရိုက်ပြန်ပို့ ပေးနိုင်ပါတယ်။ အားပြည့်ချိန် မှာ ၄.၅ နာရီကြာ အသုံးပြုမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ရေအောက် သွားလာမှုနှုန်းက တစ်စက္ကန့်ကို ၆.၆ ပေနှုန်းနဲ့ဖြစ်ပါတယ်။ ၁၀၀ မီတာ အတွင်းကနေ ထိန်းချုပ်အသုံးပြုနိုင်ပါတယ်။ စမတ်ဖုန်းတွေ နဲ့ Tablet တို့မှာ App ထည့်သွင်းကာ ချိတ်ဆက်အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ iOS 9.0 နဲ့ အထက်၊ Android OS 5.0 အထက် ချိတ်ဆက်နိုင်ပါတယ်။ ရေအောက်ကို မီတာတစ်ရာအနက်အထိ ဆင်းသက်နိုင်မှာ ဖြစ်ပါတယ်။

အားနည်းချက်

Video ရိုက်ကူးရေးပိုင်းမှာ 4k အရည်အသွေးနဲ့ ရိုက်ကူးနိုင်ပေမယ့် Streaming ကိုတော့ 1080 နဲ့ပဲ ပြန်ပို့နိုင်ပါတယ်။ ဓာတ်ပုံအတွက်ကိုလည်း 8MP ပဲရရှိနိုင်ပါတယ်။

သုံးသပ်ချက်

ရေအောက် ရိုက်ကူးရေး ကိရိယာဖြစ်ပြီး ရေအောက်ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးရေးသမားတွေ၊ အဏ္ဏဝါဗေဒ လေ့လာလိုသူတွေ၊ အဏဝါဗေဒနဲ့ မစ္ဆဗေဒ (ငါးပညာ) ပညာရှင်တွေ အသုံးတည့်တဲ့ စျေးနှုန်းသင့်တင့်တဲ့ ROV ဖြစ်ပါတယ်။

လုပ်ဆောင်ချက်

ဘက်ထရီအတွက် 10.8 VDC, 9000 mAh, 97.2 Wh ကို အသုံးပြုထားပြီး အားအပြည့်သွင်းထားရင် မောင်းနှင် ၄ နာရီကြာ မောင်းနှင်နိုင်ပါတယ်။ ကင်မရာမှာ 1/2.5″ အရွယ်အစား CMOS Sensor ကို အသုံးပြုထားပြီး Lens Angle of view အနေနဲ့ အလျား 160 ံ အတွင်းမှာရှိတဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်ပါတယ်။ ဓာတ်ပုံ အရည်အသွေးကတော့ 8 Megapixel ဖြစ်ပါတယ်။ ဗီဒီယိုအနေနဲ့ Ultra HD 4K အရည်အသွေးရှိ ဗီဒီယိုဖိုင်တွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ SDXC 32GB အထိ ထောက်ပံ့ပေးပြီး အရွယ်အစား 39.1 x 34.8 x16.5 cm နဲ့ အလေးချိန်က 4.5kg ရှိပါတယ်။

Ref: B & H