GARMIN GPS Montana 680

[ Zawgyi ]



-ကျော်ဇေယျ

[ Unicode ]

GARMIN အမှတ်တံဆိပ် Montana 680 မော်ဒယ် GPS ဖြစ်ပါတယ်။ Garmin BirdEye Satellite Image, Garmin World Wide Base map စတဲ့ Software တွေ အသင့်ပါ၀င်သလို အခြားသော Software တွေ၊ မြေပုံတွေကိုပါ အသေးစိတ်ထည့်သွင်း အသုံးပြုနိုင်တဲ့အတွက် မြန်မာနိုင်ငံက မြို့ကြီးများစွာရဲ့ မြေပုံအသေးစိတ်ကိုပါ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Display က 4″ Dual-Orientation Touchscreen အမျိုးအစား အသုံးပြုထားတဲ့အတွက် ထိတွေ့စေခိုင်း အသုံးပြုနိုင်ပါတယ်။ Internal Memory 4GB ပါ၀င်ပြီး လိုအပ်ရင် ထပ်တိုးသုံးနိုင်မယ့် SD Card Slot ပါ၀င်ပါတယ်။ 8 MP အရည်အသွေးရှိတဲ့ ကင်မရာထောက်ပံ့ပေးထားပြီး Location အတိအကျ ဖော်နိုင်ပါတယ်။ Barometric Altimeter ပါ၀င်တာကြောင့် အမြင့်ပေတွေပါ တိုင်းတာနိုင်ပါတယ်။

Waypoint 4000, Routes 200, Tracks 200, Tracking Point 10000 မှတ်သားထားနိုင်ပြီး အချက်အလက်တွေကို USB နဲ့ ချိတ်ဆက်လွှဲပြောင်းနိုင်သလို ကြိုးမဲ့စနစ်နဲ့လည်း လွှဲပြောင်းပေးပို့နိုင်ပါတယ်။ IPX7 Certified ဖြစ်တဲ့အတွက် ရေလုံပါတယ်။ ဘက်ထရီအနေနဲ့ နှစ်မျိုး အသုံးပြုနိုင်ပါတယ်။ အရွယ်အစား 7.4 x 14.5 x 3.6 cm ဖြစ်ပြီး 289 g အလေးချိန်ရှိပါတယ်။ တစ်နှစ်အာမခံနဲ့ ရောင်းချပေးမှာဖြစ်ပြီး Concordia International Co., Ltd ဖုန်း – ၀၉ ၂၅၃ ၃၆၂ ၈၀၀ (နေပြည်တော်)၊ ၀၉ ၂၅၄၃၇၈၁၃၆ (မန္တလေး) နဲ့ ၀၉ ၄၄၃၀၀ ၉ ၂၁၈ (ရန်ကုန်) တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။