Garmin Approcah S 10 Golf Watch

[ Zawgyi ]



-ကျော်ဇေယျ

[ Unicode ]

ဂေါက်ရိုက်ကစားသမားတွေအတွက် အထောက်အကူပြုမယ့် Approch S 10 Golf Watch ဖြစ်ပါတယ်။ Garmin ရဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ Golf ကစားသူတွေအနေနဲ့ ဒီနာရီကိုပတ်ပြီး ကစားရင် ပတ်ပတ်လည် ကစားမှု၊ ရိုက်ချက်၊ စုစုပေါင်း အကွာအဝေး၊ စုစုပေါင်းအချိန်၊ ရမှတ်၊ အကျဉ်းချုပ်တွေကို လက်ပတ်နာရီပေါ်မှာ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ Memory 64MB ပါ၀င်ပါတယ်။ Display resolution အနေနဲ့ 128 x 128 pixels အရည်အသွေးရှိ Display type- sunlight-visible, transflective memory-in-pixel (MIP) အမျိုးအစားကို အသုံးပြုထားတဲ့အတွက် အလင်းအားနည်းတဲ့နေရာတွေနဲ့ နေရောင်အောက်မှာပါ ထင်ရှားစွာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

5 ATM ဖြစ်တဲ့အတွက် ရေအောက်မီတာ ၅၀ အထိ ရေစိမ်ခံနိုင်ပါတယ်။ အားအပြည့် သွင်းထားချိန် နာရီသဖွယ် အသုံးပြုရုံ သက်သက်ဆိုပါက ၁၄ ပတ်အထိ အသုံးပြုနိုင်သလို GPS Mode အနေနဲ့ဆိုပါက ၁၂ နာရီဆက်တိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အရွယ်အစားမှာ 35.5 x 40.7 x 11.3 mm ဖြစ်ပြီး အလေးချိန်က 35g သာရှိပါတယ်။ လက်ပတ်ကြိုးကို ဆီလီကွန်သားနဲ့ ပြုလုပ်ထားပါတယ်။ Concordia International Co., Ltd ဖုန်း – ၀၉ ၂၅၃ ၃၆၂ ၈၀၀ (နေပြည်တော်)၊ ၀၉ ၂၅၄၃၇၈၁၃၆ (မန်း) နဲ့ ၀၉ ၄၄၃၀၀ ၉၂၁၈ (ရန်ကုန်) တို့ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။