Galaxy S10 မွာ ultrasonic fingerprint sensor ပါဝင္လာမည္

[ Zawgyi ]

Samsung ဟာ လာမယ့္ႏွစ္ ၂၀၁၉ မွာ ထြက္ရွိမယ့္ Galaxy S10 မွာ iris scanner အစား ultrasonic fingerprint sensor နဲ႔ အစားထိုးသြားမယ္လုိ႔ သိရပါတယ္။ Samsung ဟာ iris scanning နည္းပညာကို တိက်၊ လုံၿခဳံေစဖို႔ တုိးတက္ေအာင္ ဖန္တီးႏိုင္ဖုိ႔ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့ Samsung ဟာ လာမယ့္ႏွစ္မွာ iris scanner ကိုစြန္႔လႊတ္ၿပီး display sensor မွာမစမ္းသပ္ရေသးတဲ့ ultrasonic fingerprint ကုိ အသုံးျပဳဖို႔ စီစဥ္ေနပါတယ္။

Samsung အေနနဲ႔ လာမယ့္ႏွစ္အေစာပုိင္းမွာ ထြက္ရွိမယ့္ Galaxy S10 ေမာ္ဒယ္တစ္ခုရဲ႕ display အတြင္း fingerprint ကုိထည့္သြင္းမယ္လို႔ ေကာလာဟသတင္းထြက္ေပၚေနတာ ၾကာၿပီျဖစ္ပါတယ္။ Samsung ဟာ Galaxy S10 မွာ optical fingerprint sensor ကို ထည့္သြင္းမယ္လို႔လည္း ေကာလာဟလ သတင္းထြက္ခဲ့ပါတယ္။

ဒါေပမဲ့ Samsung ဟာ ultrasonic fingerprint sensor ကုိပဲအသုံးျပဳသြားမယ္လို႔ @Ice universe က Twitter မွာေဖာ္ျပခဲ့ပါတယ္။ Samsung ဟာ ကိုယ္ပုိင္ fingerprint sensor ကုိ လုပ္ကုိင္ေနသလားကိုေတာ့ မသိရေသးပါဘူး။ ဒါေပမဲ့ Qualcomm ဟာ အဲဒီနည္းပညာကုိ ေဈးကြက္တင္သြင္းေရာင္းခ်ဖို႔ ႀကိဳးစားတဲ့ တစ္ခုတည္းေသာ ကုမၸဏီႀကီးတစ္ခုျဖစ္ပါတယ္။ ဒါေပမဲ့ Samsung အေနနဲ႔ Galaxy S10 မွာ display အတြင္းက fingerprint sensor ကိုထည့္သြင္းမယ္ဆုိရင္ ကုိယ္ပုိင္ Exynos ခ်စ္ပ္ေတြအစား Qualcomm ခ်စ္ပ္ကုိပဲ အသုံးျပဳရမွာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း Samsung အေနနဲ႔ Qualcomm ခ်စ္ပ္ေတြကုိ ထုတ္ကုန္မွာ အသုံးျပဳႏိုင္ဖြယ္ မရွိပါဘူး။

Samsung အေနနဲ႔ ထုတ္ကုန္သစ္မွာ ေက်ာဘက္ fingerprint scanner နဲ႔ iris scanning ကို စြန္႔လႊတ္သြားမွာပါ။ အဲဒီေနရာမွာ Samsung ဟာ ေဈးကြက္ထဲမွာ အသုံးျပဳေနၾကတဲ့ optical FoD ေတြထက္ စိတ္ခ်ရၿပီး တိက်တဲ့ ultrasonic FoD ကိုပဲ အသုံးျပဳသြားမယ္လို႔ သိရပါတယ္။

စိုးထက္
Ref: SlashGear

[ Unicode ]

Samsung ဟာ လာမယ့်နှစ် ၂၀၁၉ မှာ ထွက်ရှိမယ့် Galaxy S10 မှာ iris scanner အစား ultrasonic fingerprint sensor နဲ့ အစားထိုးသွားမယ်လို့ သိရပါတယ်။ Samsung ဟာ iris scanning နည်းပညာကို တိကျ၊ လုံခြုံစေဖို့ တိုးတက်အောင် ဖန်တီးနိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ Samsung ဟာ လာမယ့်နှစ်မှာ iris scanner ကိုစွန့်လွှတ်ပြီး display sensor မှာမစမ်းသပ်ရသေးတဲ့ ultrasonic fingerprint ကို အသုံးပြုဖို့ စီစဉ်နေပါတယ်။

Samsung အနေနဲ့ လာမယ့်နှစ်အစောပိုင်းမှာ ထွက်ရှိမယ့် Galaxy S10 မော်ဒယ်တစ်ခုရဲ့ display အတွင်း fingerprint ကိုထည့်သွင်းမယ်လို့ ကောလာဟသတင်းထွက်ပေါ်နေတာ ကြာပြီဖြစ်ပါတယ်။ Samsung ဟာ Galaxy S10 မှာ optical fingerprint sensor ကို ထည့်သွင်းမယ်လို့လည်း ကောလာဟလ သတင်းထွက်ခဲ့ပါတယ်။

ဒါပေမဲ့ Samsung ဟာ ultrasonic fingerprint sensor ကိုပဲအသုံးပြုသွားမယ်လို့ @Ice universe က Twitter မှာဖော်ပြခဲ့ပါတယ်။ Samsung ဟာ ကိုယ်ပိုင် fingerprint sensor ကို လုပ်ကိုင်နေသလားကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ Qualcomm ဟာ အဲဒီနည်းပညာကို ဈေးကွက်တင်သွင်းရောင်းချဖို့ ကြိုးစားတဲ့ တစ်ခုတည်းသော ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ Samsung အနေနဲ့ Galaxy S10 မှာ display အတွင်းက fingerprint sensor ကိုထည့်သွင်းမယ်ဆိုရင် ကိုယ်ပိုင် Exynos ချစ်ပ်တွေအစား Qualcomm ချစ်ပ်ကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း Samsung အနေနဲ့ Qualcomm ချစ်ပ်တွေကို ထုတ်ကုန်မှာ အသုံးပြုနိုင်ဖွယ် မရှိပါဘူး။

Samsung အနေနဲ့ ထုတ်ကုန်သစ်မှာ ကျောဘက် fingerprint scanner နဲ့ iris scanning ကို စွန့်လွှတ်သွားမှာပါ။ အဲဒီနေရာမှာ Samsung ဟာ ဈေးကွက်ထဲမှာ အသုံးပြုနေကြတဲ့ optical FoD တွေထက် စိတ်ချရပြီး တိကျတဲ့ ultrasonic FoD ကိုပဲ အသုံးပြုသွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: SlashGear