Galaxy S10 မွာ 4K ႐ုပ္ထြက္အရည္အေသြးရွိ selfie ကင္မရာပါဝင္လာ

[ Zawgyi ]

Samsung ဟာ Galaxy S10 ဖုန္းေတြအတြက္ အျမည္းမိတ္ဆက္ ဗီဒီယိုအတိုေလး ၃ ခုကို တင္ခဲ့ပါတယ္။ ပထမဆုံးတင္ခဲ့တဲ့ ဗီဒီယိုအရ S10 ဖုန္းေတြမွာ notch မပါဝင္ေပမယ့္ in-display fingerprint reader ပါဝင္လာမယ္လို႔ သိရပါတယ္။ ဗီဒီယိုေဖာ္ျပခ်က္မွာ ultrasonic နည္းပညာအသုံးျပဳထားပါတယ္။

ဒုတိယဗီဒီယိုတစ္ခုမွာ Galaxy S10 ရဲ႕ selfie ကင္မရာအေၾကာင္းကို အသားေပးေဖာ္ျပထားၿပီး 4K selfie ႐ုပ္ထြက္အရည္အေသြးရွိတဲ့ selfie ဓာတ္ပုံကို႐ိုက္ကူးႏိုင္ပါတယ္။ ေကာလာဟလသတင္းေတြအရ S10 ရဲ႕ ေရွ႕ကင္မရာမွာ Optical Image Stabilization နဲ႔ 10MP ကင္မရာပါဝင္တယ္လို႔ သိရပါတယ္။

ေနာက္ဆုံး ဗီဒီယိုမွာေတာ့ ႀကိဳးမဲ့အားသြင္းစနစ္ကုိ ေဖာ္ျပထားၿပီး Galaxy S10 ဖုန္းေတြမွာ ျမန္ဆန္တဲ့ 15W ႀကိဳးမဲ့အားသြင္းစနစ္နဲ႔ 9W ႀကိဳးမဲ့အားသြင္းစနစ္ကို ေထာက္ပံ့သြားမွာ ျဖစ္ပါတယ္။

Samsung ဟာ Galaxy S10 ဖုန္းေတြအတြက္ ေရာင္းအားျမႇင့္တင္မႈကို ေဖေဖာ္ဝါရီလ ၂၀ ရက္အတြင္း ျပဳလုပ္မယ့္ ထုတ္ကုန္မိတ္ဆက္ပြဲအထိ အရွိန္အဟုန္ျမႇင့္ျပဳလုပ္ေနပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Samsung ဟာ Galaxy S10 ဖုန်းတွေအတွက် အမြည်းမိတ်ဆက် ဗီဒီယိုအတိုလေး ၃ ခုကို တင်ခဲ့ပါတယ်။ ပထမဆုံးတင်ခဲ့တဲ့ ဗီဒီယိုအရ S10 ဖုန်းတွေမှာ notch မပါဝင်ပေမယ့် in-display fingerprint reader ပါဝင်လာမယ်လို့ သိရပါတယ်။ ဗီဒီယိုဖော်ပြချက်မှာ ultrasonic နည်းပညာအသုံးပြုထားပါတယ်။

ဒုတိယဗီဒီယိုတစ်ခုမှာ Galaxy S10 ရဲ့ selfie ကင်မရာအကြောင်းကို အသားပေးဖော်ပြထားပြီး 4K selfie ရုပ်ထွက်အရည်အသွေးရှိတဲ့ selfie ဓာတ်ပုံကိုရိုက်ကူးနိုင်ပါတယ်။ ကောလာဟလသတင်းတွေအရ S10 ရဲ့ ရှေ့ကင်မရာမှာ Optical Image Stabilization နဲ့ 10MP ကင်မရာပါဝင်တယ်လို့ သိရပါတယ်။

နောက်ဆုံး ဗီဒီယိုမှာတော့ ကြိုးမဲ့အားသွင်းစနစ်ကို ဖော်ပြထားပြီး Galaxy S10 ဖုန်းတွေမှာ မြန်ဆန်တဲ့ 15W ကြိုးမဲ့အားသွင်းစနစ်နဲ့ 9W ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

Samsung ဟာ Galaxy S10 ဖုန်းတွေအတွက် ရောင်းအားမြှင့်တင်မှုကို ဖေဖော်ဝါရီလ ၂၀ ရက်အတွင်း ပြုလုပ်မယ့် ထုတ်ကုန်မိတ်ဆက်ပွဲအထိ အရှိန်အဟုန်မြှင့်ပြုလုပ်နေပါတယ်။

Ref: GSMArena