Galaxy S10 မွာပါဝင္လာမယ့္ Samsung ရဲ႕ One UI

[ Zawgyi ]

Samsung ဟာ Galaxy S10 မွာပါဝင္လာမယ့္ One UI ကုိ အေမရိကန္မွာ စတင္ျဖန္႔ခ်ိလုိက္ၿပီ ျဖစ္ပါတယ္။

ဇန္နဝါရီ ၂၉ ရက္၊ အဂၤါေန႔က Xfinity Mobile ဟာ Samsung ရဲ႕ Galaxy S9 နဲ႔ Galaxy S9 Plus ဖုန္းေတြအတြက္ One UI update ကိုျဖန္႔ခ်ိလိုက္ပါတယ္။ အဲဒီ update ကို လာမယ့္ရက္အနည္းငယ္အတြင္း အျခားဆက္သြယ္ေရး ကုမၸဏီကတစ္ဆင့္ Galaxy S9, S9 Plus နဲ႔ Note 9 ေမာ္ဒယ္ေတြအတြက္ ျဖန္႔ခ်ိေပးသြားမွာျဖစ္ပါတယ္လို႔ Samsung ေျပာေရးဆိုခြင့္ရွိသူက ေျပာခဲ့ပါတယ္။

Samsung ဟာ Android Pie အေပၚက ပါဝင္မယ့္ မိုဘိုင္း interface ကို ျပန္လည္ ဒီဇိုင္းေရးဆြဲၿပီး ႏိုဝင္ဘာလအတြင္း ျပဳလုပ္ခဲ့တဲ့ developer ကြန္ဖရင့္မွာ ထုတ္ေဖာ္ျပသသြားခဲ့ပါတယ္။ One UI ရဲ႕ ရည္မွႏ္းခ်က္ကေတာ့ အျပန္အလွန္ ဆက္သြယ္မႈေတြကုိ သဘာဝက်ေအာင္ ျပဳလုပ္ထားၿပီး ဖုန္းသစ္ display ေတြႀကီးမားလာတဲ့အခါတင္မကဘဲ ေခါက္စမတ္ဖုန္းဒီဇိုင္းမွာလည္း အသုံးျပဳႏိုင္ေအာင္ ျပဳလုပ္ထားပါတယ္။

One UI မွာ အာ႐ုံေျပာင္းလႊဲႏိုင္တဲ့အရာေတြနဲ႔ ႐ႈပ္ပြေနတဲ့ဒီဇိုင္းကို ေလွ်ာ႔ခ်ထားပါတယ္။ တခ်ိဳ႕ feature အသစ္ေတြထဲမွာ အသုံးအမ်ားဆုံး လုပ္ေဆာင္ခ်က္ေတြကို ပထမဆုံးျပသေပးတာနဲ႔ ခလုတ္ေတြကို လက္မနဲ႔နီးတဲ့ေနရာမွာ ေနရာခ်ထားတဲ့အရာေတြ ပါဝင္လာပါတယ္။ ဒါ့အျပင္ screen ထက္ဝက္မွာ content ကုိၾကည့္႐ႈၿပီး က်န္တဲ့တစ္ဝက္မွာ ဖုန္းကို အသုံးျပဳထားေတြလည္း လုပ္ႏိုင္ပါတယ္။ One UI ဟာ screen ကို အၾကာႀကီး စိုက္ၾကည့္တဲ့အခါ မ်က္စိသက္သာေအာင္ ျပဳလုပ္ထားပါေသးတယ္။

စိုးထက္
Ref: CNET

[ Unicode ]

Samsung ဟာ Galaxy S10 မှာပါဝင်လာမယ့် One UI ကို အမေရိကန်မှာ စတင်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၉ ရက်၊ အင်္ဂါနေ့က Xfinity Mobile ဟာ Samsung ရဲ့ Galaxy S9 နဲ့ Galaxy S9 Plus ဖုန်းတွေအတွက် One UI update ကိုဖြန့်ချိလိုက်ပါတယ်။ အဲဒီ update ကို လာမယ့်ရက်အနည်းငယ်အတွင်း အခြားဆက်သွယ်ရေး ကုမ္ပဏီကတစ်ဆင့် Galaxy S9, S9 Plus နဲ့ Note 9 မော်ဒယ်တွေအတွက် ဖြန့်ချိပေးသွားမှာဖြစ်ပါတယ်လို့ Samsung ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

Samsung ဟာ Android Pie အပေါ်က ပါဝင်မယ့် မိုဘိုင်း interface ကို ပြန်လည် ဒီဇိုင်းရေးဆွဲပြီး နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့တဲ့ developer ကွန်ဖရင့်မှာ ထုတ်ဖော်ပြသသွားခဲ့ပါတယ်။ One UI ရဲ့ ရည်မှန်းချက်ကတော့ အပြန်အလှန် ဆက်သွယ်မှုတွေကို သဘာဝကျအောင် ပြုလုပ်ထားပြီး ဖုန်းသစ် display တွေကြီးမားလာတဲ့အခါတင်မကဘဲ ခေါက်စမတ်ဖုန်းဒီဇိုင်းမှာလည်း အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။

One UI မှာ အာရုံပြောင်းလွှဲနိုင်တဲ့အရာတွေနဲ့ ရှုပ်ပွနေတဲ့ဒီဇိုင်းကို လျှော့ချထားပါတယ်။ တချို့ feature အသစ်တွေထဲမှာ အသုံးအများဆုံး လုပ်ဆောင်ချက်တွေကို ပထမဆုံးပြသပေးတာနဲ့ ခလုတ်တွေကို လက်မနဲ့နီးတဲ့နေရာမှာ နေရာချထားတဲ့အရာတွေ ပါဝင်လာပါတယ်။ ဒါ့အပြင် screen ထက်ဝက်မှာ content ကိုကြည့်ရှုပြီး ကျန်တဲ့တစ်ဝက်မှာ ဖုန်းကို အသုံးပြုထားတွေလည်း လုပ်နိုင်ပါတယ်။ One UI ဟာ screen ကို အကြာကြီး စိုက်ကြည့်တဲ့အခါ မျက်စိသက်သာအောင် ပြုလုပ်ထားပါသေးတယ်။

Ref: CNET