Galaxy S10+ ဓာတ္ပုံေတြ ေပါက္ၾကားထြက္ေပၚ

[ Zawgyi ]

ေနာက္ဆုံးေပါက္ၾကား ထြက္ေပၚလာတဲ့ Samsung Galaxy S10 ဓာတ္ပုံက အရြယ္အစားႀကီးမားတဲ့ Galaxy S10+ ျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီဓာတ္ပုံေတြကို CAD နဲ႔ဆြဲထားတာျဖစ္ၿပီး ေရွ႕ကင္မရာဒီဇိုင္းသစ္နဲ႔ ေက်ာဘက္မွာ ကင္မရာ၃ လုံး ပါဝင္လာပါတယ္။

ပုံထဲမွာပါဝင္တဲ့ ရက္စြဲဟာ မတ္လ ၈ ရက္ျဖစ္ၿပီး Galaxy S10+ ကိုေရာင္းခ်မယ့္အခ်ိန္ ျဖစ္ႏိုင္ပါတယ္။ ေဖေဖာ္ဝါရီလ ၂၀ ရက္မွာ ထုတ္ကုန္ကုိ ထုတ္ေဖာ္မိတ္ဆက္မွာျဖစ္ပါတယ္။
ဖုန္းရဲ႕ေရွ႕ကင္မရာမွာ dual ကင္မရာနဲ႔ cut out ဒီဇိုင္းကုိ အသုံးျပဳထားပါတယ္။ ဖုန္းမွာ QHD+ ႐ုပ္ထြက္အရည္အေသြး ပါဝင္လာႏိုင္ပါတယ္။

ပုံထဲက ဖုန္းမွာ iris biometric scanner စနစ္ေထာက္ပံ့မႈ မပါဝင္ပါဘူး။ ဒါေပမဲ့ Galaxy S10 မွာ Samsung ဟာအဲဒီ feature ကုိ စတင္ ထည့္သြင္းဖြယ္ရွိပါတယ္။

Galaxy S10 ကုိ ေဖေဖာ္ဝါရီလ Unpacked ပြဲမွာ ျပသမွာ ျဖစ္ပါတယ္။ Galaxy S10 ေမာ္ဒယ္ ၃ မ်ိဳးအထိ မိတ္ဆက္ဖြယ္ရွိပါတယ္။ အဲဒီ ေမာ္ဒယ္ ၃ မ်ိဳးရဲ႕ မ်က္ႏွာျပင္က ၅.၈ လက္မ၊ ၆.၁ လက္မနဲ႔ S10+ ကေတာ့ ၆.၄ လက္မ ရွိတယ္လို႔ ေကာလာဟလ ထြက္ေပၚေနပါတယ္။ S10 မွာ ေဈးကြက္ေပၚမူတည္ၿပီး Qualcomm Snapdragon 855 ဒါမွမဟုတ္ Exynos 9820 chipset ပါဝင္လာႏိုင္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

နောက်ဆုံးပေါက်ကြား ထွက်ပေါ်လာတဲ့ Samsung Galaxy S10 ဓာတ်ပုံက အရွယ်အစားကြီးမားတဲ့ Galaxy S10+ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဓာတ်ပုံတွေကို CAD နဲ့ဆွဲထားတာဖြစ်ပြီး ရှေ့ကင်မရာဒီဇိုင်းသစ်နဲ့ ကျောဘက်မှာ ကင်မရာ၃ လုံး ပါဝင်လာပါတယ်။

ပုံထဲမှာပါဝင်တဲ့ ရက်စွဲဟာ မတ်လ ၈ ရက်ဖြစ်ပြီး Galaxy S10+ ကိုရောင်းချမယ့်အချိန် ဖြစ်နိုင်ပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ထုတ်ကုန်ကို ထုတ်ဖော်မိတ်ဆက်မှာဖြစ်ပါတယ်။
ဖုန်းရဲ့ရှေ့ကင်မရာမှာ dual ကင်မရာနဲ့ cut out ဒီဇိုင်းကို အသုံးပြုထားပါတယ်။ ဖုန်းမှာ QHD+ ရုပ်ထွက်အရည်အသွေး ပါဝင်လာနိုင်ပါတယ်။

ပုံထဲက ဖုန်းမှာ iris biometric scanner စနစ်ထောက်ပံ့မှု မပါဝင်ပါဘူး။ ဒါပေမဲ့ Galaxy S10 မှာ Samsung ဟာအဲဒီ feature ကို စတင် ထည့်သွင်းဖွယ်ရှိပါတယ်။

Galaxy S10 ကို ဖေဖော်ဝါရီလ Unpacked ပွဲမှာ ပြသမှာ ဖြစ်ပါတယ်။ Galaxy S10 မော်ဒယ် ၃ မျိုးအထိ မိတ်ဆက်ဖွယ်ရှိပါတယ်။ အဲဒီ မော်ဒယ် ၃ မျိုးရဲ့ မျက်နှာပြင်က ၅.၈ လက်မ၊ ၆.၁ လက်မနဲ့ S10+ ကတော့ ၆.၄ လက်မ ရှိတယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။ S10 မှာ ဈေးကွက်ပေါ်မူတည်ပြီး Qualcomm Snapdragon 855 ဒါမှမဟုတ် Exynos 9820 chipset ပါဝင်လာနိုင်ပါတယ်။

Ref: GSMArena