Galaxy Note 9 ရဲ႕ အလန္းစား Home Screen Tips (၅) မ်ဳိး

[ Zawgyi ]

Home screen ဆိုတာက စမတ္ဖုန္းမွာ အၿမဲၾကည့္ျဖစ္တဲ့ အပိုင္းတစ္ခုျဖစ္ပါတယ္။ Home screen ေပၚကတစ္ဆင့္ လုပ္ေဆာင္စရာေတြကို ျမန္ျမန္ဆန္ဆန္ လုပ္ေဆာင္ႏုိင္တာကလည္း လုပ္ငန္းၿပီးေျမာက္မႈကို မ်ားစြာအေထာက္အကူ ေပးပါတယ္။ Samsung Galaxy Note 9 မွာဆို ရင္ Edge Panel Display က app ေတြကို အလြယ္တကူဖြင့္ႏုိင္တဲ့ လုပ္ေဆာင္ေတြ ေထာက္ပံ့ပါဝင္ ပါတယ္။ ဒီလိုလုပ္ေဆာင္ႏုိင္တာေတြက ဖုန္းအသုံးျပဳမႈနဲ႔ လုပ္ငန္းဆုိင္ရာ လုပ္ေဆာင္ခ်က္ေတြ လုပ္ေဆာင္ဖုိ႔အတြက္ Galaxy Note 9 ရဲ႕ Home screen ဆုိင္ရာ အလန္းစား လုပ္ေဆာင္ခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) Navigation Bar

မိမိအေနနဲ႔ ပုံမွန္ Naviagtion bar က အသုံးျပဳရတာ ပ်င္းလာတဲ့ အခါမ်ဳိးမွာ ခုလိုမ်ဳိးလုပ္ေဆာင္ႏုိင္ပါတယ္။ အဲဒါကေတာ့ Damian Piwowarski က ေရးသားထား တဲ့ Navbar Apps ကိုသုံးၿပီး အေရာင္စုံလင္လွတဲ့ Image ပုံေတြနဲ႔ Gallery ထဲက ပုံေတြကို Navigation bar ေနရာမွာ ထည့္သြင္းအသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ ေအာက္ကပုံထဲမွာ Navbar apps ကတစ္ဆင့္ အသုံးျပဳႏုိင္မယ့္ ပုံေတြကို ျမင္ေတြ႔ရွာပါ။ Navbar Apps ကို PlayStore မွာ အခမဲ့ Download ျပဳလုပ္ႏုိင္ပါတယ္။

မိမိအေနနဲ႔ third-party app ကို အသုံးခ်င္ဘူးဆိုရင္ built-in Settings ထဲက navigation bar ကေနတစ္ဆင့္ အေရာင္ေျပာင္းလဲ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ Settings > Display > Navigation bar မွာ မိမိစိတ္ႀကိဳက္အေရာင္ကို ေျပာင္းလဲအသုံးျပဳႏုိင္သလို ခလုတ္ပုံစံေတြကိုလည္း ေျပာင္းလဲအသုံးျပဳႏုိင္ပါတယ္။

(၂) အလန္းစား Weather Widget

ေန႔တုိင္း ရာသီဥတုအေျခအေနကို Weather app ဖြင့္ၿပီး ၾကည့္တဲ့သူမ်ဳိး ရွားပါတယ္။ အဲဒီ အစား ၅ ရက္စာေလာက္ ရာသီဥတု ခန္႔မွန္းခ်က္ကို Home Screen ေပၚမွာ ေဖာ္ျပထားတာမ်ဳိးကသာ ပိုအဆင္ေျပမယ္လို႔ ထင္ပါတယ္။  အဲလိုမ်ဳိးကို Note 9 မွာ default အေနနဲ႔ပါဝင္တဲ့ Weather app နဲ႔တင္ လုပ္ေဆာင္ထားႏုိင္ပါတယ္။

(၃) ေဖာက္ထြင္းျမင္ႏုိင္တဲ့ EDGE Panel

Galaxy Note 9 မွာ Default အေနနဲ႔ပါဝင္တဲ့ Edge Panel settings ထဲကေန Panel ရဲ႕ေနာက္ခံကို ေဖာက္ထြင္းျမင္ႏုိင္တဲ့ပုံစံ၊ ေနာက္ခံအေရာင္ပါ၀င္တဲ့ပုံစံ Transparent အတိုးအေလ်ာ့ကို မိမိစိတ္ႀကိဳက္ခ်ိန္ညႇိအသုံးျပဳႏုိင္ ပါတယ္။ Edge Settings စနစ္ထဲ ကို ၀င္လိုက္ပါ ၿပီးရင္ေတာ့ အစက္ သုံးခုဆင့္ထားတဲ့ menu ကို ထပ္ႏွိပ္ပါ။ အဲလိုႏွိပ္လိုက္ရင္ေတာ့ ေအာက္ကပုံအတုိင္း ေဘာက္တစ္ ခုေပၚလာမွာျဖစ္ၿပီး အဲဒီထဲက Edge panel handle ဆိုတဲ့စာ သားကို ေရြးေပးလိုက္ပါ။

အဲလိုေရြးလိုက္ရင္ေတာ့ ေအာက္ကပုံအတုိင္းေပၚလာမွာ ျဖစ္ၿပီး Edge panel ကို ေပၚေစခ်င္ တဲ့ ဘယ္-ညာေရြးခ်ယ္ႏုိင္သလို ေနာက္ခံအေရာင္ရဲ႕ အႏု ၊ အရင့္ ၊ အၾကည္ စတာေတြကို မိမိိစိတ္ ႀကိဳက္ခ်ိန္ညႇိအသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။

(၄) Black Theme

အနက္ေရာင္ Theme ပုံစံ ဖုန္းကို ျမင္ေတြ႔အသုံးျပဳရတာ စိတ္ေက်နပ္စရာေကာင္းတဲ့အျပင္ ဖုန္းရဲ႕ဘက္ထရီနဲ႔ အသုံးျပဳႏုိင္မႈကို ပို မိုၾကာရွည္ခံေစပါတယ္။ Samsung ရဲ႕ Black Theme က ဖုန္းတစ္လုံး ဂဏန္းေပါင္းစက္၊ Settings စတာေတြအားလုံးကိုပါ အနက္ေရာင္အေနနဲ႔ အသုံးျပဳႏုိင္ပါတယ္။

ဖုန္းတစ္ခုလုံးအနက္ေရာင္ Theme နဲ႔ အသုံးျပဳဖို႔အတြက္ Settings > Wallpapers > Themes ထဲက Search bar မွာ Black ဆိုၿပီး႐ုိက္ရွာကာ ေျပာင္းလဲအသုံးျပဳႏုိင္သလို မရွိေသးရင္ လည္း Download ကို ႏွိပ္ကာ Apply button ကို ႏွိပ္လိုက္ရင္ ဖုန္းက Black Theme နဲ႔ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

(၅) Lock Screen

မိမိရဲ႕ဖုန္းက သုံးခ်င္စဖြယ္ထဲ ျဖစ္ဖို႔အတြက္ Home screen ေပၚက ျပင္ဆင္မႈေတြသာမဘဲ Lock screen ေပၚက မိမိစိတ္ ႀကိဳက္ျပင္ဆင္ လုပ္ေဆာင္ထားႏုိင္မႈကလည္း အေရးပါပါတယ္။ Note 9 မွာ Always on Display၊ Face Widgets စတဲ့စနစ္ေတြကို မိမိစိတ္ႀကိဳက္ ျပင္ဆင္သတ္မွတ္ ထားႏုိင္ပါတယ္။ Always on Display က သာမန္နာရီပုံစံ သာမကဘဲ Note 9 မွာ GIFs

ဖုိင္ကိုပါထည့္ၿပီး အသုံးျပဳႏုိင္ပါတယ္။ Settings > Lock screen > Clock Style ကေန ေျပာင္းလဲအသုံးျပဳႏုိင္ပါတယ္။

Face Widgets ကိုေတာ့ Locak screen settings > Face Widgets ထဲမွာ မိမိစိတ္ႀကိဳက္စနစ္ ေတြအတြက္ အသုံးျပဳဖို႔အတြက္ သတ္မွတ္ေပးထားႏုိင္ပါတယ္။

ခုဆိုရင္ေတာ့ Galaxy Note 9 ရဲ႕ Home screen နဲ႔ Lock screen ေတြကို ပိုၿပီး ေကာင္းမြန္တဲ့ အေတြ႔ အႀကဳံနဲ႔ အသုံးျပဳႏုိင္ဖို႔အတြက္ လုပ္ေဆာင္ထားႏုိင္ၿပီပဲ ျဖစ္ပါတယ္။

-ရဲထြဋ္​ဝင္း

[ Unicode ]

Home screen ဆိုတာက စမတ်ဖုန်းမှာ အမြဲကြည့်ဖြစ်တဲ့ အပိုင်းတစ်ခုဖြစ်ပါတယ်။ Home screen ပေါ်ကတစ်ဆင့် လုပ်ဆောင်စရာတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်တာကလည်း လုပ်ငန်းပြီးမြောက်မှုကို များစွာအထောက်အကူ ပေးပါတယ်။ Samsung Galaxy Note 9 မှာဆို ရင် Edge Panel Display က app တွေကို အလွယ်တကူဖွင့်နိုင်တဲ့ လုပ်ဆောင်တွေ ထောက်ပံ့ပါဝင် ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်တာတွေက ဖုန်းအသုံးပြုမှုနဲ့ လုပ်ငန်းဆိုင်ရာ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့အတွက် Galaxy Note 9 ရဲ့ Home screen ဆိုင်ရာ အလန်းစား လုပ်ဆောင်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Navigation Bar

မိမိအနေနဲ့ ပုံမှန် Naviagtion bar က အသုံးပြုရတာ ပျင်းလာတဲ့ အခါမျိုးမှာ ခုလိုမျိုးလုပ်ဆောင်နိုင်ပါတယ်။ အဲဒါကတော့ Damian Piwowarski က ရေးသားထား တဲ့ Navbar Apps ကိုသုံးပြီး အရောင်စုံလင်လှတဲ့ Image ပုံတွေနဲ့ Gallery ထဲက ပုံတွေကို Navigation bar နေရာမှာ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အောက်ကပုံထဲမှာ Navbar apps ကတစ်ဆင့် အသုံးပြုနိုင်မယ့် ပုံတွေကို မြင်တွေ့ရှာပါ။ Navbar Apps ကို PlayStore မှာ အခမဲ့ Download ပြုလုပ်နိုင်ပါတယ်။

မိမိအနေနဲ့ third-party app ကို အသုံးချင်ဘူးဆိုရင် built-in Settings ထဲက navigation bar ကနေတစ်ဆင့် အရောင်ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Settings > Display > Navigation bar မှာ မိမိစိတ်ကြိုက်အရောင်ကို ပြောင်းလဲအသုံးပြုနိုင်သလို ခလုတ်ပုံစံတွေကိုလည်း ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

(၂) အလန်းစား Weather Widget

နေ့တိုင်း ရာသီဥတုအခြေအနေကို Weather app ဖွင့်ပြီး ကြည့်တဲ့သူမျိုး ရှားပါတယ်။ အဲဒီ အစား ၅ ရက်စာလောက် ရာသီဥတု ခန့်မှန်းချက်ကို Home Screen ပေါ်မှာ ဖော်ပြထားတာမျိုးကသာ ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။ အဲလိုမျိုးကို Note 9 မှာ default အနေနဲ့ပါဝင်တဲ့ Weather app နဲ့တင် လုပ်ဆောင်ထားနိုင်ပါတယ်။

(၃) ဖောက်ထွင်းမြင်နိုင်တဲ့ EDGE Panel

Galaxy Note 9 မှာ Default အနေနဲ့ပါဝင်တဲ့ Edge Panel settings ထဲကနေ Panel ရဲ့နောက်ခံကို ဖောက်ထွင်းမြင်နိုင်တဲ့ပုံစံ၊ နောက်ခံအရောင်ပါ၀င်တဲ့ပုံစံ Transparent အတိုးအလျော့ကို မိမိစိတ်ကြိုက်ချိန်ညှိအသုံးပြုနိုင် ပါတယ်။ Edge Settings စနစ်ထဲ ကို ၀င်လိုက်ပါ ပြီးရင်တော့ အစက် သုံးခုဆင့်ထားတဲ့ menu ကို ထပ်နှိပ်ပါ။ အဲလိုနှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်း ဘောက်တစ် ခုပေါ်လာမှာဖြစ်ပြီး အဲဒီထဲက Edge panel handle ဆိုတဲ့စာ သားကို ရွေးပေးလိုက်ပါ။

အဲလိုရွေးလိုက်ရင်တော့ အောက်ကပုံအတိုင်းပေါ်လာမှာ ဖြစ်ပြီး Edge panel ကို ပေါ်စေချင် တဲ့ ဘယ်-ညာရွေးချယ်နိုင်သလို နောက်ခံအရောင်ရဲ့ အနု ၊ အရင့် ၊ အကြည် စတာတွေကို မိမိိစိတ် ကြိုက်ချိန်ညှိအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၄) Black Theme

အနက်ရောင် Theme ပုံစံ ဖုန်းကို မြင်တွေ့အသုံးပြုရတာ စိတ်ကျေနပ်စရာကောင်းတဲ့အပြင် ဖုန်းရဲ့ဘက်ထရီနဲ့ အသုံးပြုနိုင်မှုကို ပို မိုကြာရှည်ခံစေပါတယ်။ Samsung ရဲ့ Black Theme က ဖုန်းတစ်လုံး ဂဏန်းပေါင်းစက်၊ Settings စတာတွေအားလုံးကိုပါ အနက်ရောင်အနေနဲ့ အသုံးပြုနိုင်ပါတယ်။

ဖုန်းတစ်ခုလုံးအနက်ရောင် Theme နဲ့ အသုံးပြုဖို့အတွက် Settings > Wallpapers > Themes ထဲက Search bar မှာ Black ဆိုပြီးရိုက်ရှာကာ ပြောင်းလဲအသုံးပြုနိုင်သလို မရှိသေးရင် လည်း Download ကို နှိပ်ကာ Apply button ကို နှိပ်လိုက်ရင် ဖုန်းက Black Theme နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၅) Lock Screen

မိမိရဲ့ဖုန်းက သုံးချင်စဖွယ်ထဲ ဖြစ်ဖို့အတွက် Home screen ပေါ်က ပြင်ဆင်မှုတွေသာမဘဲ Lock screen ပေါ်က မိမိစိတ် ကြိုက်ပြင်ဆင် လုပ်ဆောင်ထားနိုင်မှုကလည်း အရေးပါပါတယ်။ Note 9 မှာ Always on Display၊ Face Widgets စတဲ့စနစ်တွေကို မိမိစိတ်ကြိုက် ပြင်ဆင်သတ်မှတ် ထားနိုင်ပါတယ်။ Always on Display က သာမန်နာရီပုံစံ သာမကဘဲ Note 9 မှာ GIFs ဖိုင်ကိုပါထည့်ပြီး အသုံးပြုနိုင်ပါတယ်။ Settings > Lock screen > Clock Style ကနေ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

Face Widgets ကိုတော့ Locak screen settings > Face Widgets ထဲမှာ မိမိစိတ်ကြိုက်စနစ် တွေအတွက် အသုံးပြုဖို့အတွက် သတ်မှတ်ပေးထားနိုင်ပါတယ်။

ခုဆိုရင်တော့ Galaxy Note 9 ရဲ့ Home screen နဲ့ Lock screen တွေကို ပိုပြီး ကောင်းမွန်တဲ့ အတွေ့ အကြုံနဲ့ အသုံးပြုနိုင်ဖို့အတွက် လုပ်ဆောင်ထားနိုင်ပြီပဲ ဖြစ်ပါတယ်။