Galaxy M စီးရီးသစ္ကို မိတ္ဆက္သြားမယ့္ Samsung

[ Zawgyi ]

Samsung ဟာ လက္ရိွ စီးရီးေတြထဲက အခ်ိဳ႕ကို ေလွ်ာ့ခ်သြားမယ္ဆိုတဲ့ အေၾကာင္း လြန္ခဲ့တဲ့ ရက္အနည္းငယ္က ထြက္ေပၚ လာခဲ့ပါတယ္။ အဲ့ဒီ စီးရီးေတြထဲမွာ Galaxy J, Galaxy On နဲ႔ Galaxy C စီးရီးေတြ ပါဝင္ပါတယ္။ အဲ့ဒီ စီးရီးသံုးခုစလံုးကို Galaxy M လို႔ေခၚတဲ့ စီးရီးသစ္တစ္ခုအတြင္း ေပါင္းစပ္ထည့္သြင္းသြားမွာ ျဖစ္ပါတယ္။

Galaxy M စီးရီးေတြမွာ ဂဏန္းႏွစ္လံုးပါတဲ့ အမည္ေပးစနစ္ကို အသံုးျပဳသြားမွာျဖစ္တဲ့အတြက္ Galaxy M30, M40 စတဲ့ ေမာ္ဒယ္ေတြနဲ႔ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ Galaxy M စီးရီးေတြမွာ LCD display ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ AMOLED display ပါဝင္တဲ့ high-end ေမာ္ဒယ္တစ္မ်ိဳးကိုလည္း ဖန္တီးေနတယ္လို႔ ဆိုပါတယ္။ LCD ကို ေျပာင္းလဲအသံုးျပဳတဲ့အတြက္ ဖုန္းေစ်းႏႈန္းက သက္သာေစမွာ ျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ အသစ္ထြက္မယ့္ Galaxy M စီးရီး ေမာ္ဒယ္ႏွစ္မ်ိဳးရဲ႕ အခ်က္အလက္ေတြဟာ ေပါက္ၾကားထြက္ေပၚလာခဲ့ပါတယ္။ အဲ့ဒီအခ်က္အလက္ေတြမွာ သိုေလွာင္မႈပမာဏနဲ႔ပတ္သက္တဲ့ အေသးစိတ္ေတြ ပါဝင္လာပါတယ္။

အဲ့ဒီထုတ္ကုန္ေတြရဲ႕ ေမာ္ဒယ္နံပါတ္က SM-M205F နဲ႔ SM-M305F ျဖစ္ပါတယ္။ တကယ္လို႔ ေကာလာဟလသတင္းမွာ ေဖာ္ျပထားတဲ့ အမည္ေပးစနစ္သာ မွန္ကန္ခဲ့မယ္ဆိုရင္ အဆိုပါထုတ္ကုန္ေတြကို Galaxy M20 နဲ႔ Galaxy M30 ဆိုၿပီး ေတြ႕ျမင္ရဖို႔ရိွပါတယ္။

SM-M205F ကို 32GB နဲ႔ 64GB ဆိုၿပီး ဗားရွင္းႏွစ္မ်ိဳးနဲ႔ ရရိွမွာျဖစ္ပါတယ္။ SM-M305F ကိုေတာ့ 64GB နဲ႔ 128GB ဆိုၿပီး ရရိွမွာျဖစ္ပါတယ္။ အဆိုပါ ဖုန္းႏွစ္မ်ိဳးမွာ dual-SIM အေထာက္အပံ့ ပါဝင္လာမယ္လို႔ သိရပါတယ္။

Ref: GizmoChina

[ Unicode ]

Samsung ဟာ လက်ရှိ စီးရီးတွေထဲက အချို့ကို လျှော့ချသွားမယ်ဆိုတဲ့ အကြောင်း လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထွက်ပေါ် လာခဲ့ပါတယ်။ အဲ့ဒီ စီးရီးတွေထဲမှာ Galaxy J, Galaxy On နဲ့ Galaxy C စီးရီးတွေ ပါဝင်ပါတယ်။ အဲ့ဒီ စီးရီးသုံးခုစလုံးကို Galaxy M လို့ခေါ်တဲ့ စီးရီးသစ်တစ်ခုအတွင်း ပေါင်းစပ်ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

Galaxy M စီးရီးတွေမှာ ဂဏန်းနှစ်လုံးပါတဲ့ အမည်ပေးစနစ်ကို အသုံးပြုသွားမှာဖြစ်တဲ့အတွက် Galaxy M30, M40 စတဲ့ မော်ဒယ်တွေနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Galaxy M စီးရီးတွေမှာ LCD display ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် AMOLED display ပါဝင်တဲ့ high-end မော်ဒယ်တစ်မျိုးကိုလည်း ဖန်တီးနေတယ်လို့ ဆိုပါတယ်။ LCD ကို ပြောင်းလဲအသုံးပြုတဲ့အတွက် ဖုန်းစျေးနှုန်းက သက်သာစေမှာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အသစ်ထွက်မယ့် Galaxy M စီးရီး မော်ဒယ်နှစ်မျိုးရဲ့ အချက်အလက်တွေဟာ ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီအချက်အလက်တွေမှာ သိုလှောင်မှုပမာဏနဲ့ပတ်သက်တဲ့ အသေးစိတ်တွေ ပါဝင်လာပါတယ်။

အဲ့ဒီထုတ်ကုန်တွေရဲ့ မော်ဒယ်နံပါတ်က SM-M205F နဲ့ SM-M305F ဖြစ်ပါတယ်။ တကယ်လို့ ကောလာဟလသတင်းမှာ ဖော်ပြထားတဲ့ အမည်ပေးစနစ်သာ မှန်ကန်ခဲ့မယ်ဆိုရင် အဆိုပါထုတ်ကုန်တွေကို Galaxy M20 နဲ့ Galaxy M30 ဆိုပြီး တွေ့မြင်ရဖို့ရှိပါတယ်။

SM-M205F ကို 32GB နဲ့ 64GB ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ ရရှိမှာဖြစ်ပါတယ်။ SM-M305F ကိုတော့ 64GB နဲ့ 128GB ဆိုပြီး ရရှိမှာဖြစ်ပါတယ်။ အဆိုပါ ဖုန်းနှစ်မျိုးမှာ dual-SIM အထောက်အပံ့ ပါဝင်လာမယ်လို့ သိရပါတယ်။

Ref: GizmoChina