G8 ThinQ မွာ face unlock အတြက္ 3D ေရွ႕ကင္မရာပါဝင္လာမယ္လို႔ LG အတည္ျပဳ

[ Zawgyi ]

LG ရဲ႕မ်ိဳးဆက္သစ္ flagship စမတ္ဖုန္းကုိ မမိတ္ဆက္ရေသးေပမယ့္ ထုတ္ကုန္နဲ႔သက္ဆုိင္တဲ့ သတင္းအခ်က္အလက္ကုိ ေဝမွ်ေပးခဲ့ပါတယ္။ LG G8 ThinQ လို႔အမည္ရတဲ့ဖုန္းမွာ ေရွ႕ကင္မရာ အစိတ္အပုိင္းအျဖစ္ time-of-flight sensor ပါဝင္လာမွာျဖစ္ပါတယ္။ ဖုန္းရဲ႕ display notch အတြင္းမွာ ကင္မရာ ၂ လုံး ပါဝင္လာပါတယ္။

ေရွ႕ကင္မရာမွပါဝင္တဲ့ ToF sensor ေတြမွာ အနီေအာက္ေရာင္ျပန္အလင္းပါဝင္ကာ 3D အရာဝတၳဳေတြကို မွတ္သားေပးပါတယ္။ ဒါ့အျပင္ selfie portrait အတြင္းပုံေနာက္ခံကုိ ေဝဝါးေအာင္ တိတိက်က်နဲ႔ လုံၿခဳံတဲ့ face unlock ျဖစ္ေအာင္ ျပဳလုပ္ေပးသလို AR application အမ်ိဳးမ်ိဳးကိုလည္း အသုံးျပဳႏိုင္ပါတယ္။ G8 ThinQ အတြင္းက sensor ကေတာ့ Infineon ရဲ႕ REAL3 ခ်စ္ပ္ျဖစ္ပါတယ္။ LG အေနနဲ႔ G8 ရဲ႕ software ဘယ္လိုအသုံးျပဳထားလဲဆိုတာ မထုတ္ျပန္ခဲ့ေပမယ့္ စမတ္ဖုန္းအတြင္း တစ္ဆင့္ျမင့္တဲ့ ေရွ႕ကင္မရာစြမ္းေဆာင္ရည္လို႔ ကုမၸဏီကေျပာခဲ့ပါတယ္။

LG ဟာ G8 ThinQ ကုိ ဒီလေႏွာင္းပုိင္းမွာ ျပဳလုပ္မယ့္ Mobile World Congress မွာျပသသြားမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

LG ရဲ့မျိုးဆက်သစ် flagship စမတ်ဖုန်းကို မမိတ်ဆက်ရသေးပေမယ့် ထုတ်ကုန်နဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက်ကို ဝေမျှပေးခဲ့ပါတယ်။ LG G8 ThinQ လို့အမည်ရတဲ့ဖုန်းမှာ ရှေ့ကင်မရာ အစိတ်အပိုင်းအဖြစ် time-of-flight sensor ပါဝင်လာမှာဖြစ်ပါတယ်။ ဖုန်းရဲ့ display notch အတွင်းမှာ ကင်မရာ ၂ လုံး ပါဝင်လာပါတယ်။

ရှေ့ကင်မရာမှပါဝင်တဲ့ ToF sensor တွေမှာ အနီအောက်ရောင်ပြန်အလင်းပါဝင်ကာ 3D အရာဝတ္ထုတွေကို မှတ်သားပေးပါတယ်။ ဒါ့အပြင် selfie portrait အတွင်းပုံနောက်ခံကို ဝေဝါးအောင် တိတိကျကျနဲ့ လုံခြုံတဲ့ face unlock ဖြစ်အောင် ပြုလုပ်ပေးသလို AR application အမျိုးမျိုးကိုလည်း အသုံးပြုနိုင်ပါတယ်။ G8 ThinQ အတွင်းက sensor ကတော့ Infineon ရဲ့ REAL3 ချစ်ပ်ဖြစ်ပါတယ်။ LG အနေနဲ့ G8 ရဲ့ software ဘယ်လိုအသုံးပြုထားလဲဆိုတာ မထုတ်ပြန်ခဲ့ပေမယ့် စမတ်ဖုန်းအတွင်း တစ်ဆင့်မြင့်တဲ့ ရှေ့ကင်မရာစွမ်းဆောင်ရည်လို့ ကုမ္ပဏီကပြောခဲ့ပါတယ်။

LG ဟာ G8 ThinQ ကို ဒီလနှောင်းပိုင်းမှာ ပြုလုပ်မယ့် Mobile World Congress မှာပြသသွားမှာ ဖြစ်ပါတယ်။

Ref: TheVerge