Fujitsu Scanner

[Zawgyi]


[Unicode]

Fujitsu ကထုတ်တဲ့ Fi 7460 မော်ဒယ် စွမ်းဆောင်ရည်မြင့် Fujisu Scanner ဖြစ်ပါတယ်။ A3 Document Scanner ဖြစ်ပြီး Scanning Speed အနေနဲ့ တစ်မိနစ်လျှင် စာမျက်နှာပေါင်း ၆၀ ကို Scan ဖတ်နိုင်မှာ ဖြစ်ပါတယ််။ အရွယ်အစား အထူအပါး မတူတဲ့ စာရွက်မျိုးစုံကို ရောနှောပြီး Scan ဖတ်နိုင်ပါတယ်။ စာရွက်ညပ်တာတွေ၊ ပျက်စီးတာတွေကို ကာကွယ်ဖို့အတွက် Skew Reducer နဲ့ iSOP (Intelligent Sonic Paper Protection) နည်းပညာတွေကို ထည့်သွင်းပေးထားပါတယ်။ စာရွက်စာတမ်းတွေကို အလျားလိုက်၊ ဒေါင်လိုက် စိတ်ကြိုက် ထည့်သွင်း Scan ဖတ်လို့ရအောင် ဒီဇိုင်းပုံဖော်ထားပါတယ်။ ချိတ်ဆက်မှုပိုင်းအတွက် USB 3.0 Port ပါရှိပြီး ကျစ်လျစ်သေသပ်တဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပါတယ်။ Duty Cycle အနေနဲ့ တစ်နေ့ကို စာမျက်နှာပေါင်း ၉၀၀၀ ကျော်အထိ Scan ဖတ်သိမ်းဆည်းနိုင်တာကြောင့် ဖိတ်စာ၊ လိပ်စာကတ်က အစ အရေးကြီးတဲ့ စာရွက်စာတမ်းမျိုးစုံကို Scan ဖတ်ပြီး မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ Color CCD (Charge Coupled Device) x 2 Sensor ထောက်ပံ့ပေးထားပါတယ်။ Optical Resolution အနေနဲ့ 600 dpi x 600 dpi ရရှိနိုင်ပြီး Resolution အနေနဲ့ 1200 x 1200dpi အထိရရှိမှာပါ။ အရွယ်အစားမှာ 380 mm x 209 mm x 168 mm ဖြစ်ပြီး 7.6kg အလေးချိန်ရှိပါတယ်။ Concordia International Co., Ltd ဖုန်း – ၀၉၂ ၅၃၃၆၂၈၀၀ (နေပြည်တော်)၊ ၀၉ ၂၅၄၃၇၈၁၃၆ (မန္တလေး) နဲ့ ၀၉ ၄၄၃၀၀ ၉ ၂၁၈ (ရန်ကုန်) တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။