Fujisu Mobile Scanner

[ Zawgyi ]


-ကျော်ဇေယျ

[ Unicode ]

ပေါ့ပါးမြန်ဆန်မှုရှိပြီး အသုံးပြုရလွယ်ကူတဲ့ Fujitsu S1100iScanner ဖြစ်ပါတယ်။ USB Cable နဲ့ ကွန်ပျူတာ တိုက်ရိုက် ချိတ်ဆက်ပြီး ပါ၀ါပေးစရာမလိုဘဲ အသုံးပြုနိုင်ခြင်း၊ ကတ်ထူချပ်တွေကို အလွယ်တကူ scan ပြုလုပ်နိုင်ခြင်း၊ ရှည်လျားတဲ့ Long document တွေကို အလွယ်တကူဖတ်နိုင်ခြင်း၊ အလွယ်တကူ ယူဆောင် သွားနိုင်ခြင်း စတဲ့ အားသာချက်တွေ ပါ၀င်ပါတယ်။ CIS (Color Image Sensor) Image Sensor စနစ် အသုံးပြုထားပြီး Light Source အနေနဲ့ 3 color LED (Red / Green / Blue) အသုံးပြုထားပါတယ်။ Optical Resolution 600dpi အရည်အသွေးနဲ့ Scan ဖတ်နိုင်ပါတယ်။ အနံ အရွယ်အစား တစ်လက်မကနေ အကြီးဆုံး 8.5 in. x 14.17 လက်မအထိ ဖတ်ယူနိုင်မှာဖြစ်ပါတယ်။ စာရွက်အရှည် ၃၄ လက်မ အထိ ဖတ်ယူနိုင်စွမ်း ရှိပါတယ်။ အရွယ်အစား 273 x 47.5 x 34 mm ဖြစ်ပြီး အလေးချိန် 350g ရှိပါတယ်။ Concordia International Co., Ltd ဖုန်း ၀၉ ၂၅၃ ၃၆၂ ၈၀၀ (နေပြည်တော်)၊ ၀၉ ၂၅၄၃၇၈၁၃၆ (မန်း) နဲ့ ၀၉ ၄၄၃၀၀ ၉ ၂၁၈ (ရန်ကုန်) ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။