Fujiflim instax SQUARE SQ10



-ကျော်ဇေယျ

[ Unicode ]

အရွယ်အစား 62 x 62 mm ရှိတဲ့ဓာတ်ပုံတွေ ချက်ချင်းရိုက် ချက်ချင်းထွက်မယ့် Instax Camera ဖြစ်ပါတယ်။ 1/4-in., CMOS with primary color filter အသုံးပြုထားပြီး ရှုခင်းပုံတွေသာမက Selfie ရိုက်ကူးခြင်း အတွက်လည်း အဆင်ပြေစေတယ်လို့ သိရပါတယ်။ ထူးခြားချက်အနေနဲ့ Memory Card Slot ပါ၀င်ပြီး Compliant with Design Rule for Camera File System (DCF), Exif Ver.2.3, Compliant with JPEG အပြင် PIM အနေနဲ့ပါ ပုံတွေသိမ်းဆည်းနိုင်ပါတယ်။

Double Exposure , Bulb Mode နဲ့ Macro Mode တွေကို အဆင့်မြင့် ကင်မရာတစ်လုံးလို အသုံးပြုနိုင်ပါတယ်။ Effect ပိုင်းမှာလည်း Partial color (Red / Orange / Yellow / Green / Blue / Purple), 10 Filters, Brightness adjustment, Vignette ထည့်သွင်းနိုင်တဲ့ Filter တွေ ပါ၀င်တဲ့အတွက် ဆန်းသစ်လှပတဲ့ ဓာတ်ပုံတွေကို ကိုယ်တိုင် ပုံဖော်ရိုက်ကူးနိုင်ပါတယ်။ 1/29500 sec. to 1/2 sec. (Auto), maximum 10 sec. in Bulb mod အထိ ရိုက်နိုင်ပြီး Aperture ကို အလိုအလျောက် ညှိပေးနိုင်တဲ့ စနစ် ထည့်သွင်းပေးထားပါတယ်။ USD 293$ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ Fujifilm Myanmar ဖုန်း – ၀၉၇၆၁၆၉၀၈၄၇ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။