FUJIFILM FinePix XP140 Digital Camera
[ Zawgyi ]
တန်ဖိုး-ကန်ဒေါ်လာ $229
အားသာချက်
အားနည်းချက်
သုံးသပ်ချက်
လုပ်ဆောင်ချက်
-ကျော်ဇေယျ
Ref: B & H
[ Unicode ]
တန်ဖိုး-ကန်ဒေါ်လာ $229
အားသာချက်
ရေလုံ၊ဖုန်လုံ အကြမ်းခံ၊ပြုတ် ကျခံ အေးခဲမှုဒဏ်တွေ ခံနိုင် ရည်ရှိတဲ့ Fujifilm XP140 Digital Camera ဖြစ်ပါ တယ်။ (1/2.3″) အရွယ် အစား BSI CMOS Sensor သုံးဖြစ်ပါတယ်။ Sensor-Shift Image Stabilization စနစ်ပါ ထောက်ပံ့ပေးထားပါ တယ်။ 16.4MP ပါ၀င်ပြီး ဓာတ်ပုံကို JPEG နဲ့ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ UHD 4k Full HD 1080p Video ရရှိမှာပါ။ ISO ပိုင်း မှာလည်း Auto, 100-12800 အထိ ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ Frame Per Second fps အနေနဲ့ 10fps ရှိပါတယ်။ အရည်အသွေး 920k-Dot ထွက်ရှိတဲ့ ၃ လက်မအရွယ် LCD Monitor ထောက်ပံ့ပေးထားပါတယ်။ Lens အနေနဲ့ Design 13 Element in 11 Group 5mm to 25mm ထောက်ပံ့ပေးထားလို့ 35mm မြင်ကွင်းနဲ့ဆိုရင် 28mm -240mm အထိ ရရှိနိုင်မှာပါ။ Bluetooth LE & Wifi ထောက်ပံ့ပေးထားလို့ ရိုက်ပြီးသမျှပုံရိပ်ကို ဟန်းဆက်၊ Tablet တွေကိုချက် ချင်းဝေမျှနိုင်သလိုဟန်းဆက်၊ Tablet ကနေလည်း ထိန်းချုပ်နိုင် မှာ ဖြစ်ပါတယ်။ အရောင်အနေနဲ့ မိုးပြာရောင်နဲ့ အဝါရောင်ဆိုပြီး ရှိတဲ့အတွက် ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်မှာပါ။
အားနည်းချက်
Touch အပိုင်းမရရှိသလို LCD ကိုလည်း လှည့်လို့မရနိုင်ပါဘူး။
သုံးသပ်ချက်
ပေါ့ပေါ့ပါးနဲ့ အပျော်တမ်းသုံး Point & Shoot Camera တစ်လုံးဖြစ်ပါတယ်။ ရေလုံ၊ ဖုန်လုံ၊ အကြမ်းခံ၊ အအေးခံ ကင်မရာဖြစ်ပါတယ်။ ရေအောက်ကို ၈၂ ပေ အထိ အစိမ်ခံနိုင်တဲ့ အတွက်ရေက စားရင်းသာမက အပျော်တမ်းရေ ငုပ်သမားတွေပါ ရေအောက်ရှု ခင်းအလှတွေ ရိုက်ကူးနိုင်မယ့် ကင်မရာဖြစ်ပါတယ်။
လုပ်ဆောင်ချက်
ဓာတ်ပုံကို JPEG နဲ့ ရိုက်ကူးနိုင်ပြီး Video ပိုင်းမှာတော့ UHD 4k, FHD 1080p ရရှိနိုင်မှာပါ ။ Shutter Speed အနေနဲ့အနှေးဆုံး 4 ကနေ 1 / 2000 အထိ ရရှိမှာဖြစ်ပါတယ်။ Bult-in Flash အနေနဲ့ ထောက်ပံ့ပေးထားပြီး Auto, Auto/Red-Eye Reduction, Forced On Forced On/Red-Eye Reduction, SlowSync, SlowSync/Red-EyeReduction, Suppressed Flash စတာတွေ ပါဝင်ပါတယ်။
Exposure Mode အနေနဲ့ Modes: Program ပါ၀င်ပြီး Auto, Beach Filter(Advanced Filter), Fireworks, Flower, Landscape, MultiExposure, Night, Night (Tripod), Panorama, Party/Indoor, Portrait, PortraitEnhancer Program, AutoSnow, Sports, Sunset, Text, Underwater စတာတွေ ထောက်ပံ့ ပေးထားပါ တယ်။ White Balance Modes မှာ Auto, Daylight, Fluorescent, Incandescent, Shade, Underwater တွေ ပါဝင်ပါတယ်။ Metering ဖတ်ယူမှုအတွက် TTL 256-Zones တစ်မျိုးတည်း ပါဝင်ပါတယ်။ ချိတ်ဆက်မှုပိုင်းမှာတော့ HDMI D (Micro), USB 2.0 Micro-B, Bult-in WiFi တို့ကို အသုံးပြုနိုင်ပါတယ်။
Internal Memory 90MB ပါ၀င်ပါတယ်။ Card Slot တစ်ခုပါဝင်ပြီး SD, SDHC, SDXC တို့ကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Screen Display ပိုင်းမှာတော့ ၃ လက်မအရွယ် LCD ထောက်ပံ့ ထားပါတယ်။ ဘက်ထရီကိုတော့ NP-45S Rechargeable Lithium-Ion Battery Pack, 3.7 VDC, 740 mAh ဘက်ထရီ အသုံးပြုထားပါတယ်။။ ကိုယ်ထည် အရွယ်အစား 109.6 x 71.0 x 27.8 mm ဖြစ်ပြီး အလေးချိန်က 207.4g ရှိပါတယ်။
Ref: B & H