Fritzing ကို Ubuntu OS တြင္ ထည့္သြင္းျခင္း

[ Zawgyi ]

Fritzing ဆိုတာကေတာ့ Ubuntu OS မွာ ဆားကစ္ဒီဇိုင္းေတြကို ေရးဆဲြႏိုင္ေအာင္ စီစဥ္ေပးတဲ့ ေဆာ့ဖ္ဝဲတစ္ခု ျဖစ္ပါတယ္။ Fritzing မွာ ဆားကစ္ဘုတ္ေတြကို ေရးဆဲြဖို႔အတြက္ tool
ေပါင္းမ်ားစြာကို ထည့္သြင္းေပး ထားပါတယ္။

Ubuntu OS မွာ Fritzing ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕ Package ေတြကို Update ေတြ Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕ Terminal ကို Ctrl + Alt + T ကို အသံုးျပဳၿပီး ဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ေတာ့ Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို အရင္ Update ျပဳလုပ္ရမွာ ျဖစ္ပါတယ္။

Update ျပဳလုပ္ၿပီးၿပီဆိုရင္ေတာ့ sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပးရပါမယ္။ Fritzing ကို Ubuntu မွာ ထည့္သြင္း အသံုးျပဳဖို႔အတြက္ ေဖာ္ျပပါ command ေတြကို
Terminal မွာ ႐ိုက္ထည့္ရပါမယ္။ ပထမဆံုး http://fritzing.org/download/ ဆိုတဲ့ ဝက္ဘ္ဆိုက္လိပ္စာမွာ Fritzing ကို download လုပ္ပါ။ ၿပီးရင္ အသံုးျပဳရမယ့္ command ေတြက
ေတာ့ –

cd ~/Downloads

ဆိုတဲ့ command နဲ႔ download ဖိုဒါေအာက္ကိုဝင္ပါ။ ၿပီးရင္ tar -xvf fritzing-*.tar.bz2 ဆိုတဲ့ command နဲ႔ down ထားတဲ့ ဖိုင္ကို extract လုပ္ရပါမယ္။

sudo mv fritzing-* /usr/share/fritzing

sudogedit /usr/share/applications/fritzing.desktop

ဆိုတဲ့ command ေတြကို အသံုးျပဳရမွာ ျဖစ္ပါတယ္။ အဆိုပါ command ေတြကို ထည့္သြင္းၿပီးၿပီဆိုရင္ သက္ဆိုင္ ရာ package ေတြကို တစ္ခါတည္း ထည့္သြင္းေပးသြားပါလိမ့္မယ္။ ဒါဆိုရင္ Ubuntu OS မွာ Fritzing ေဆာ့ဖ္ဝဲကို ထည့္သြင္းတဲ့အဆင့္ ၿပီးဆံုးၿပီျဖစ္ပါတယ္။

-သီဟ

[ Unicode ]

Fritzing ဆိုတာကတော့ Ubuntu OS မှာ ဆားကစ်ဒီဇိုင်းတွေကို ရေးဆွဲနိုင်အောင် စီစဉ်ပေးတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Fritzing မှာ ဆားကစ်ဘုတ်တွေကို ရေးဆွဲဖို့အတွက် tool
ပေါင်းများစွာကို ထည့်သွင်းပေး ထားပါတယ်။

Ubuntu OS မှာ Fritzing ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။ Fritzing ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို
Terminal မှာ ရိုက်ထည့်ရပါမယ်။ ပထမဆုံး http://fritzing.org/download/ ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ Fritzing ကို download လုပ်ပါ။ ပြီးရင် အသုံးပြုရမယ့် command တွေက
တော့ –

cd ~/Downloads

ဆိုတဲ့ command နဲ့ download ဖိုဒါအောက်ကိုဝင်ပါ။ ပြီးရင် tar -xvf fritzing-*.tar.bz2 ဆိုတဲ့ command နဲ့ down ထားတဲ့ ဖိုင်ကို extract လုပ်ရပါမယ်။

sudo mv fritzing-* /usr/share/fritzing

sudogedit /usr/share/applications/fritzing.desktop

ဆိုတဲ့ command တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင် ရာ package တွေကို တစ်ခါတည်း ထည့်သွင်းပေးသွားပါလိမ့်မယ်။ ဒါဆိုရင် Ubuntu OS မှာ Fritzing ဆော့ဖ်ဝဲကို ထည့်သွင်းတဲ့အဆင့် ပြီးဆုံးပြီဖြစ်ပါတယ်။