FreeFileSync ကို Ubuntu OS တြင္ ထည့္သြင္းျခင္း

[ Zawgyi ]

FreeFileSync ဆိုတာကေတာ့ Ubuntu OS ကေန Mac, Linux အစရွိတဲ့ မတူညီတဲ့ platform ေတြ အသံုးျပဳထားတဲ့ ကြန္ပ်ဴတာေတြဆီကို အခ်က္အလက္ေတြ မွ်ေဝၿပီး backup ေတြ
လုပ္ေဆာင္ထားႏိုင္ရန္အတြက္ စီစဥ္ေပးထားတဲ့ ေဆာဖ့္ဝဲတစ္ခု ျဖစ္ပါတယ္။

Ubuntu OS မွာ FreeFileSync ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕Package ေတြကို Update ေတြ Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕Terminal ကို Ctrl + Alt + T ကို အသံုးျပဳၿပီး ဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ေတာ့ Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို အရင္ Update ျပဳလုပ္ရမွာျဖစ္ပါတယ္။

Update ျပဳလုပ္ၿပီးၿပီဆိုရင္ ေတာ့sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပးရပါမယ္။

FreeFileSync ကို Ubuntu မွာ ထည့္သြင္းအသံုးျပဳဖို႔အတြက္ ေဖာ္ျပပါ command ေတြကို Terminal မွာ ႐ိုက္ထည့္ရပါမယ္။ အသံုးျပဳရမယ့္ command ေတြကေတာ့ –

sudosh -c ‘echo “deb http://archive.getdeb.net/ubuntu zesty-getdeb apps” >> /etc/apt/sources.list.d/getdeb.list’

wget -q -O- http://archive.getdeb.net/getdeb-archive.key | sudo apt-key add –

sudo apt-get update

sudo apt-get install freefilesync

အဆိုပါ command ေတြကို ထည့္သြင္းၿပီးၿပီဆိုရင္ သက္ဆိုင္ရာ package ေတြကို download လုပ္ယူၿပီး တစ္ခါတည္းထည့္ သြင္းေပးသြားမွာ ျဖစ္ပါတယ္။

-သီဟ

[ Unicode ]

FreeFileSync ဆိုတာကတော့ Ubuntu OS ကနေ Mac, Linux အစရှိတဲ့ မတူညီတဲ့ platform တွေ အသုံးပြုထားတဲ့ ကွန်ပျူတာတွေဆီကို အချက်အလက်တွေ မျှဝေပြီး backup တွေ
လုပ်ဆောင်ထားနိုင်ရန်အတွက် စီစဉ်ပေးထားတဲ့ ဆောဖ့်ဝဲတစ်ခု ဖြစ်ပါတယ်။

Ubuntu OS မှာ FreeFileSync ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင် တော့sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

FreeFileSync ကို Ubuntu မှာ ထည့်သွင်းအသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudosh -c ‘echo “deb http://archive.getdeb.net/ubuntu zesty-getdeb apps” >> /etc/apt/sources.list.d/getdeb.list’

wget -q -O- http://archive.getdeb.net/getdeb-archive.key | sudo apt-key add –

sudo apt-get update

sudo apt-get install freefilesync

အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်းထည့် သွင်းပေးသွားမှာ ဖြစ်ပါတယ်။