Forza Horizon 4
[ Zawgyi ]
အခုဂိမ်းမှာ ကမ္ဘာပေါ်က ရှိသမျှ ပြိုင်ကား၊ စွမ်းဆောင် ရည်မြင့်ကား အားလုံးနီးပါးကို ရွေးချယ် ကစားနိုင်အောင် ထည့်သွင်းဖန်တီး ထားတာလည်း တွေ့ရ ပါတယ်။ အကြောင်းကတော့ ဈေးကွက်ဝင် စွမ်းဆောင်ရည်မြင့် မော်ဒယ်ပေါင်း ၄၅၀ ကျော်ကို လိုင်စင်ရယူပြီး ပုံရိပ်အသုံးပြု ခွင့်ရယူထည့်သွင်း ဖန်တီးထား တာကြာင့်ပါ။ AI စနစ်နဲ့ ပြိုင်မောင်းနှင်နိုင်သလို ပြိုင်ပွဲ တစ် ခုမှာ ပြိုင်ပွဲဝင် ကားပေါင်း ၇၂ စီးထိအောင် စာရင်းထည့် ယှဉ်ပြိုင်နိုင်လို့ ပြိုင်ဆိုင်မှုလည်း ပြင်းထန်မယ်၊ တစ်စီးပြီး တစ်စီး အကောင်းဆုံး ဆက်လက်ယှဉ်ပြိုင် ရဖို့လည်း ရှိနေတာပါ။
မောင်းနှင်နေရင်းကနေ Item တွေ Unlock ဖြစ်ပြီး မောင်းနှင်သူရဲ့ကားက စွမ်းဆောင်ရည်တွေ ပိုကောင်းလာပါလိမ့်မယ်။ ရာသီ
-သက်နိုင်ဦး ( UCSL)
[ Unicode ]
အခုတစ်ပတ်မှာတော့ ကားမောင်းရတာ နှစ်သက်တဲ့ ညီအကိုတွေအတွက် စိတ်ဝင်စားစရာ ကောင်းမယ့် ဂိမ်းသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Forza Horizon အမည်နဲ့ ၄ ခုမြောက် ဂိမ်းအဖြစ် ထွက်ရှိလာတဲ့ ကားမောင်းဂိမ်သစ် ဖြစ်ပါတယ်။ အဆုံးမဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ပြိုင်ဆိုင်မောင်းနှင်ရမယ့် ဂိမ်းဖြစ်ပြီး Platform အနေနဲ့တော့ ကွန်ပျူတာနဲ့ ကစားသူတွေ အတွက်လည်း အဆင်ပြေမယ့် Wins စနစ်အတွက် လာတယ်၊ Console သမားတွေ အတွက်က တော့ Xbox One နဲ့ ရမှာပါ။ နောက်ပိုင်း PS အတွက်လည်း ထွက်လာဖို့ ရှိနိုင်တယ်လို့ ကြား မိပါတယ်။
အရင်ဆုံး ဂိမ်းလေးမှာ သဘောကျစရာ ကောင်းတဲ့ အချက်လေးတွေ ပြောပြချင်ပါ တယ်။ ပထမတစ်ခုက အခု Horizon 4 မှာမှ အဆင့်မြှင့်ထားတဲ့ အပိုင်းပါ။ မိုးတွင်း၊ ဆောင်းတွင်းနဲ့ နွေရာသီစတဲ့ ရာသီ ဥတုတွေကို ပြောင်းလဲ ယှဉ်ပြိုင်လာနိုင်ပါတယ်။ ဒီလို ရာသီဥတုတွေ ပြောင်းလဲ မောင်း နှင်ရမှုအတွက် မိုးတွင်းမှာ လမ်းတွေက ချောနေမယ်၊ နွေမှာဆိုရင် ဘီးတွေက လေပေါင်ချိန်
အတက်မြန်သလို ဆောင်းတွင်းမှာ ဆိုရင်လည်း နှင်းကျနေတဲ့ လမ်းတွေမျိုး ပါလာပြီး လမ်း ချော်တာတွေ ဖြစ်လာနိုင်တာပဲ ဖြစ်ပါတယ်။
နောက်တစ်ချက် သဘောကျစရာကောင်းတာက လမ်းကြောင်း အနေအထားပါ။ အများစုသော ကားမောင်း ဂိမ်းတွေမှာ ပတ်လမ်းနဲ့ မြို့တွင်းလမ်းတွေမှာပဲ မောင်းနှင်ပြိုင်ဆိုင်ရတာ ဖြစ် ပေမယ့် အခု ဂိမ်းမှာတော့ သဘာဝအတိုင်း ရှိနေတဲ့ တောင်ကြောတွေ၊ မြက်ခင်းပြင်တွေမှာပါ ဖြတ်သန်းပြီး လမ်းကြမ်းမောင်း ကားပြိုင်ပွဲတွေလို ယှဉ်ပြိုင်လာနိုင်တာ ပဲ ဖြစ်ပါတယ်။ Single အနေနဲ့ရော
Multi အနေနဲ့ပါ ကစားနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။
အခုဂိမ်းမှာ ကမ႓ာပေါ်က ရှိသမျှ ပြိုင်ကား၊ စွမ်းဆောင် ရည်မြင့်ကား အားလုံးနီးပါးကို ရွေးချယ် ကစားနိုင်အောင် ထည့်သွင်းဖန်တီး ထားတာလည်း တွေ့ရ ပါတယ်။ အကြောင်းကတော့ စျေးကွက်ဝင် စွမ်းဆောင်ရည်မြင့် မော်ဒယ်ပေါင်း ၄၅၀ ကျော်ကို လိုင်စင်ရယူပြီး ပုံရိပ်အသုံးပြု ခွင့်ရယူထည့်သွင်း ဖန်တီးထား တာကြာင့်ပါ။ AI စနစ်နဲ့ ပြိုင်မောင်းနှင်နု်ိင်သလို ပြိုင်ပွဲ တစ် ခုမှာ ပြိုင်ပွဲဝင် ကားပေါင်း ရ၂ စီးထိအောင် စာရင်းထည့် ယှဉ်ပြိုင်နိုင်လို့ ပြိုင်ဆိုင်မှုလည်း ပြင်းထန်မယ်၊ တစ်စီးပြီး တစ်စီး အကောင်းဆုံး ဆက်လက်ယှဉ်ပြိုင် ရဖို့လည်း ရှိနေတာပါ။
မောင်းနှင်နေရင်းကနေ Item တွေ Unlock ဖြစ်ပြီး မောင်းနှင်သူရဲ့ကားက စွမ်းဆောင်ရည်တွေ ပိုကောင်းလာပါလိမ့််မယ်။ ရာသီ
ဥတု အနေအထားတွေက ပြိုင်ပွဲတစ်ခုအတွင်းမှာပဲ ပြောင်းလဲ သွားနိုင်တာမို့ ပုံစံတစ်မျိုးတည်းနဲ့ မောင်းနှင်နေလို့ မရဘဲ လိုအပ် သလို ပြောင်းလဲ မောင်းနှင်ရမှုတွေ လုပ်ရပါလိမ့်မယ်။ ဒါမှ လိုရာ ပန်းတိုင်ကို ဦးဆုံး ပန်းဝင်နိုင်ဖို့ ဖြစ်ပါလိမ့်မယ်။ ဂိမ်းထဲမှာ အားနည်းချက် တစ်ခုအနေနဲ့ပဲ ပြောစရာ ရှိတာက Mitsubishi နဲ့ Toyota ရဲ့ လမ်းကြမ်းမောင်း မော်ဒယ်တချို့နဲ့ Lexus တံဆိပ်နဲ့ ကားတွေကတော့ လိုင်စင်မရလို့ ထည့်သွင်း ဖန်တီးထားခြင်း မရှိဘဲ ဒီမော်ဒယ်တွေနဲ့တော့ ကစားလို့ ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အခုနှစ်ထွက် Racing ဂိမ်းတွေ ထဲမှာတော့ အကောင်းဆုံး စာရင်းဝင်ဖို့ သေချာသလောက် ဖြစ်နေတဲ့ ကားမောင်း ဂိမ်းလေး ဖြစ်လို့ စမ်းကစားကြည့်ဖို့ အကြံ ပေးချင်ပါတယ်ဗျာ။