Fortune Wireless Boradband ကို မြန္ျပည္နယ္ႏွင့္ တနသၤာရီေဒသတြင္စတင္အသံုးျပဳႏိုင္မည္

[ Zawgyi ]

Fortune Wireless Boradband ကို မတ္လမွာ မြန္ျပည္နယ္နဲ႔ တနသၤာရီေဒသတြင္ စတင္သြားမယ္လို႔ သိရပါတယ္။

“၂၀၁၉ မတ္လကေနစၿပီး မြန္နဲ႔ တနသၤာရီေဒသေတြမွာ ပထမဦးဆံုး စတင္အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ က်န္တဲ့ ေဒသေတြကိုေတာ့ အဲဒါေတြၿပီးသြားတာနဲ႔ ဆက္တိုက္ လုပ္ေဆာင္သြားမွာပါ။ 5BB လုပ္ပိုင္ခြင့္ရတဲ့ Region နဲ႔ အတူတူရရွိထားတာပါ” လို႔ Fortune Broadband မွ ဦးခ်မ္းျမဦး (Chife Opration Officer) ကေျပာပါတယ္။

4G + နည္းပညာေတြသံုးထားတဲ့ Wireless Boradband ကို မေကြး၊ ေနျပည္ေတာ္၊ ပဲခူး၊ မြန္၊ ကရင္၊ တနသၤာ ရီတိုင္းတို႔မွာ လုပ္ပိုင္ခြင့္ရထားတာျဖစ္ေၾကာင္း၊ အခုအခ်ိန္မွာ ကြန္ရက္ကို စတင္ တည္ေဆာက္ေနၿပီး မတ္လမွာ မြန္နဲ႔ တနသၤာရီမွာ ပထမဆံုးစတင္အသံုးျပဳႏိုင္မွာ ျဖစ္ေၾကာင္း သိရပါတယ္။ မြန္နဲ႔တနသၤာရီ ၿပီးသြားပါက ကရင္ျပည္နယ္နဲ႔ ပဲခူးတိုင္းေဒသႀကီးကို ေဆာင္ရြက္မွာျဖစ္ၿပီး ေနျပည္ေတာ္ေကာင္စီနယ္ေျမနဲ႔ အထက္ျမန္မာျပည္ေဒသေတြမွာ ဆက္လက္ေဆာင္ရြက္သြားမယ္လို႔ သိရပါတယ္။

Fortune Wireless Boradband ကို ေရာင္းခ်ရာမွာ Unlimited DATA နဲ႔ Unlimited Speed ဟူ၍ Plan ႏွစ္မ်ိဳးေရာင္းခ်မွာ ျဖစ္ေၾကာင္း၊ Unlimited DATA Plan မွာ 2mbps, 4mbps , 6mbps ဆိုၿပီးခြဲျခားထားေၾကာင္း သိရပါတယ္။ Unlimited Speed Plan မွာ Minimun 2mpbs မွ Miximun 50mbps အထိ အျမန္ႏႈန္းရရွိမွာျဖစ္ၿပီး အဆိုပါ Plan မွာ မိမိလိုခ်င္သေလာက္ DATA Plan ၀ယ္သံုးရမယ့္ စနစ္လည္း ျဖစ္တယ္လို႔သိရပါတယ္။

Wireless Boradband ကို သက္တမ္းတိုးျခင္း၊ Plan မ်ား၀ယ္ယူျခင္းေတြကို အလြယ္တကူ ေဆာင္ရြက္ႏိုင္ဖို႔အတြက္ သက္ဆိုင္ရာၿမိဳ႕နယ္မ်ားမွ ကိုယ္စားလွယ္မ်ားကေနလည္းေကာင္း၊ Online Banking စနစ္မွလည္းေကာင္း ေဆာင္ရြက္ႏိုင္သလို ခဲျခစ္ top-up Card ေတြ၀ယ္ယူၿပီး ျပဳလုပ္ႏိုင္ဖို႔အတြက္ကိုလည္း စီစဥ္ထားတယ္လို႔ သိရပါတယ္။ လက္ရွိတြင္ Fortune FTTX ကို ရန္ကုန္နဲ႔ မႏၲေလးမွာ အသံုးျပဳႏိုင္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

Fortune Wireless Boradband ကို မတ်လမှာ မွန်ပြည်နယ်နဲ့ တနင်္သာရီဒေသတွင် စတင်သွားမယ်လို့ သိရပါတယ်။

“၂၀၁၉ မတ်လကနေစပြီး မွန်နဲ့ တနင်္သာရီဒေသတွေမှာ ပထမဦးဆုံး စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ ဒေသတွေကိုတော့ အဲဒါတွေပြီးသွားတာနဲ့ ဆက်တိုက် လုပ်ဆောင်သွားမှာပါ။ 5BB လုပ်ပိုင်ခွင့်ရတဲ့ Region နဲ့ အတူတူရရှိထားတာပါ” လို့ Fortune Broadband မှ ဦးချမ်းမြဦး (Chife Opration Officer) ကပြောပါတယ်။

4G + နည်းပညာတွေသုံးထားတဲ့ Wireless Boradband ကို မကွေး၊ နေပြည်တော်၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာ ရီတိုင်းတို့မှာ လုပ်ပိုင်ခွင့်ရထားတာဖြစ်ကြောင်း၊ အခုအချိန်မှာ ကွန်ရက်ကို စတင် တည်ဆောက်နေပြီး မတ်လမှာ မွန်နဲ့ တနင်္သာရီမှာ ပထမဆုံးစတင်အသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ မွန်နဲ့တနင်္သာရီ ပြီးသွားပါက ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးကို ဆောင်ရွက်မှာဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေနဲ့ အထက်မြန်မာပြည်ဒေသတွေမှာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Fortune Wireless Boradband ကို ရောင်းချရာမှာ Unlimited DATA နဲ့ Unlimited Speed ဟူ၍ Plan နှစ်မျိုးရောင်းချမှာ ဖြစ်ကြောင်း၊ Unlimited DATA Plan မှာ 2mbps, 4mbps , 6mbps ဆိုပြီးခွဲခြားထားကြောင်း သိရပါတယ်။ Unlimited Speed Plan မှာ Minimun 2mpbs မှ Miximun 50mbps အထိ အမြန်နှုန်းရရှိမှာဖြစ်ပြီး အဆိုပါ Plan မှာ မိမိလိုချင်သလောက် DATA Plan ၀ယ်သုံးရမယ့် စနစ်လည်း ဖြစ်တယ်လို့သိရပါတယ်။

Wireless Boradband ကို သက်တမ်းတိုးခြင်း၊ Plan များဝယ်ယူခြင်းတွေကို အလွယ်တကူ ဆောင်ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာမြို့နယ်များမှ ကိုယ်စားလှယ်များကနေလည်းကောင်း၊ Online Banking စနစ်မှလည်းကောင်း ဆောင်ရွက်နိုင်သလို ခဲခြစ် top-up Card တွေဝယ်ယူပြီး ပြုလုပ်နိုင်ဖို့အတွက်ကိုလည်း စီစဉ်ထားတယ်လို့ သိရပါတယ်။ လက်ရှိတွင် Fortune FTTX ကို ရန်ကုန်နဲ့ မန္တလေးမှာ အသုံးပြုနိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။