August 20, 2018

Android ဖုန္းေပၚမွာ Fortnite ကို install လုပ္နည္း

[Zawgyi]

ေနာက္ဆံုးမွာေတာ့ ကမ႓ာတစ္ဝန္းမွာ ေရပန္းစားေနတဲ့ Fortnite ဂိမ္းကို Android အတြက္ မိတ္ဆက္လက္ပါၿပီ။ ဒါေပမဲ့ installation လုပ္ငန္းစဥ္က အနည္းငယ္ ႐ႈပ္ေထြးပါတယ္။ Fortnite ကို install မလုပ္ခင္ အဲ့ဒီ အခမဲ့ မိုဘိုင္းဂိမ္းကို ကိုယ့္ရဲ႕ဖုန္းေပၚမွာ ကစားႏိုင္ျခင္း ရိွ၊ မရိွ ဒီေနရာမွာ >>> http://bit.ly/2AZ6yLd စစ္ေဆးႏိုင္ပါတယ္။

Fortnite ကိုဖန္တီးတဲ့ Epic Games ဟာ Google ကို ၃၀ ရာခိုင္ႏႈန္း ေပးဖို႔ဆႏၵမရိွတာေၾကာင့္ ဒီဂိမ္းကို Google Play Store ေပၚကေန ရယူႏိုင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ Android ထုတ္ကုန္ေပၚမွာ Fortnite ကို ကစားခ်င္တယ္ဆိုရင္ sideload အေနနဲ႔ ထည့္သြင္းရမွာျဖစ္ပါတယ္။ Android ေပၚမွာ app ေတြကို sideload အေနနဲ႔ ထည့္သြင္းတာဟာ အႏၲရာယ္မ်ားတယ္ဆိုေပမယ့္ အဆင့္နည္းနည္းပိုလုပ္လိုက္တာနဲ႔ အဆင္ေျပေျပ ကစားႏုိင္မွာ ျဖစ္ပါတယ္။

Invite မ်ား

သင္က Samsung Galaxy ထုတ္ကုန္တစ္ခု မပိုင္ဆိုင္ဘူးဆိုရင္ Fortnite ကို စတင္ကစားဖို႔ အနည္းငယ္ ေစာင့္ဆိုင္းရပါမယ္။ Epic ကေတာ့ Samsung သံုးစြဲသူေတြအတြက္ အထူးသီးသန္႔အျဖစ္ မိတ္ဆက္တဲ့ကာလ ကုန္ဆံုးတာနဲ႔ Fortnite ဂိမ္း invite ေတြကို စတင္ေပးပို႔သြားမွာ ျဖစ္ပါတယ္။ Fortnite ဂိမ္း beta အတြက္ invite တစ္ခုကို request လုပ္ခ်င္တယ္ဆိုရင္ http://bit.ly/2B3wipy မွာ သြားေရာက္ ျပဳလုပ္ႏိုင္ပါတယ္။

Play Store မွာ မရေတာ့ ဘယ္ကေန download ယူရမလဲ

Fortnite ကို install လုပ္ၿပီး ဂိမ္းကို up to date ျဖစ္ေစမယ့္ Fortnite Installer ကို download ရယူဖို႔ လိုပါတယ္။ အဲ့ဒီ APK ကို ရယူဖို႔အတြက္ ဖုန္း ဒါမွမဟုတ္ tablet ရဲ႕ browser ကိုဖြင့္ၿပီး address bar မွာ Fortnite.com ဆိုတာကို ထည့္သြင္းရပါမယ္။


Samsung Galaxy သံုးစြဲသူေတြကေတာ့ လာမယ့္ရက္အနည္းငယ္အတြင္းမွာ Fortnite ကို အထူးသီးသန္႔အေနနဲ႔ install လုပ္ႏိုင္ပါမယ္။ သံုးစြဲသူေတြအေနနဲ႔ Epic Games ကေန Fortnite installer ကို တိုက္႐ိုက္ထည့္သြင္းႏိုင္သလို Samsung ရဲ႕ Galaxy Store ကေနလည္း ထည့္သြင္းႏိုင္ပါတယ္။


Galaxy Store ကေန install လုပ္တာက ပိုမိုလံုၿခံဳစိတ္ခ်ရၿပီး လြယ္ကူပါလိမ့္မယ္။ Galaxy Store ခလုတ္ကိုႏွိပ္ၿပီး ညႊန္ၾကားခ်က္ေတြအတိုင္း လိုက္လံျပဳလုပ္႐ံုနဲ႔ install လုပ္ႏိုင္ပါတယ္။ ဂိမ္းကို download လုပ္ဖို႔အတြက္ Fortnite installer ကို storage permission ေပးဖို႔ လိုပါတယ္။

Installation process ၿပီးသြားတဲ့အခါမွာေတာ့ Fortnite ကို ဖြင့္လိုက္ပါ။ အဲ့ဒီအခါ လိုအပ္တာေတြကို download ထပ္လုပ္ပါလိမ့္မယ္။ ေနာက္ပိုင္းမွာ ဂိမ္းရဲ႕ update ေတြကို ထပ္မံထည့္သြင္းဖို႔အတြက္ ဖုန္းထဲမွာ Fortnite Installer ကို မဖ်က္ဘဲထားဖို႔ကလည္း အေရးႀကီးပါတယ္။

Epic Games installer ကို အသံုးျပဳတဲ့အခါ သိထားရမယ့္အခ်က္

Installer ကို Epic Games ကေန တိုက္႐ိုက္ရယူတဲ့အခါမွာ app ေတြကို unknown sources ကေန install လုပ္ဖို႔အတြက္ permission ေပးဖို႔လိုပါတယ္။ Unknown sources ကို permission ေပးတာဟာ အႏၲရာယ္မ်ားတာေၾကာင့္ Fortnite Installer ကို ထည့္သြင္းၿပီးတာနဲ႔ အဲ့ဒီ permission ကို disable ျပန္လုပ္သင့္ပါတယ္။


Samsung ထုတ္ကုန္ေတြေပၚမွာ အဲ့ဒီ permission ကို ျပန္႐ုတ္သိမ္းဖို႔အတြက္ Settings > Lock Screen and Security > Install Unknown apps မွာ ျပဳလုပ္ႏိုင္ပါတယ္။ APK ကို download လုပ္ရာမွာ Chrome ကို သံုးထားတယ္ဆိုရင္ေတာ့ apps list ထဲမွာ Chrome ကို ေရြးၿပီး All from this source ေဘးက ခလုတ္ကို Off လို႔ေျပာင္းပါတယ္။

Permission ပိတ္တဲ့လုပ္ေဆာင္ခ်က္ကေတာ့ ဖုန္းထုတ္လုပ္တဲ့ကုမၸဏီနဲ႔ Android skin ေပၚမူတည္ၿပီး ကြဲျပားႏိုင္ပါတယ္။

Ref: CNET

[Unicode]

နောက်ဆုံးမှာတော့ ကမ႓ာတစ်ဝန်းမှာ ရေပန်းစားနေတဲ့ Fortnite ဂိမ်းကို Android အတွက် မိတ်ဆက်လက်ပါပြီ။ ဒါပေမဲ့ installation လုပ်ငန်းစဉ်က အနည်းငယ် ရှုပ်ထွေးပါတယ်။ Fortnite ကို install မလုပ်ခင် အဲ့ဒီ အခမဲ့ မိုဘိုင်းဂိမ်းကို ကိုယ့်ရဲ့ဖုန်းပေါ်မှာ ကစားနိုင်ခြင်း ရှိ၊ မရှိ ဒီနေရာမှာ >>> http://bit.ly/2AZ6yLd စစ်ဆေးနိုင်ပါတယ်။

Fortnite ကိုဖန်တီးတဲ့ Epic Games ဟာ Google ကို ၃၀ ရာခိုင်နှုန်း ပေးဖို့ဆန္ဒမရှိတာကြောင့် ဒီဂိမ်းကို Google Play Store ပေါ်ကနေ ရယူနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Android ထုတ်ကုန်ပေါ်မှာ Fortnite ကို ကစားချင်တယ်ဆိုရင် sideload အနေနဲ့ ထည့်သွင်းရမှာဖြစ်ပါတယ်။ Android ပေါ်မှာ app တွေကို sideload အနေနဲ့ ထည့်သွင်းတာဟာ အန္တရာယ်များတယ်ဆိုပေမယ့် အဆင့်နည်းနည်းပိုလုပ်လိုက်တာနဲ့ အဆင်ပြေပြေ ကစားနိုင်မှာ ဖြစ်ပါတယ်။

Invite များ

သင်က Samsung Galaxy ထုတ်ကုန်တစ်ခု မပိုင်ဆိုင်ဘူးဆိုရင် Fortnite ကို စတင်ကစားဖို့ အနည်းငယ် စောင့်ဆိုင်းရပါမယ်။ Epic ကတော့ Samsung သုံးစွဲသူတွေအတွက် အထူးသီးသန့်အဖြစ် မိတ်ဆက်တဲ့ကာလ ကုန်ဆုံးတာနဲ့ Fortnite ဂိမ်း invite တွေကို စတင်ပေးပို့သွားမှာ ဖြစ်ပါတယ်။ Fortnite ဂိမ်း beta အတွက် invite တစ်ခုကို request လုပ်ချင်တယ်ဆိုရင် http://bit.ly/2B3wipy မှာ သွားရောက် ပြုလုပ်နိုင်ပါတယ်။

Play Store မှာ မရတော့ ဘယ်ကနေ download ယူရမလဲ

Fortnite ကို install လုပ်ပြီး ဂိမ်းကို up to date ဖြစ်စေမယ့် Fortnite Installer ကို download ရယူဖို့ လိုပါတယ်။ အဲ့ဒီ APK ကို ရယူဖို့အတွက် ဖုန်း ဒါမှမဟုတ် tablet ရဲ့ browser ကိုဖွင့်ပြီး address bar မှာ Fortnite.com ဆိုတာကို ထည့်သွင်းရပါမယ်။

Samsung Galaxy သုံးစွဲသူတွေကတော့ လာမယ့်ရက်အနည်းငယ်အတွင်းမှာ Fortnite ကို အထူးသီးသန့်အနေနဲ့ install လုပ်နိုင်ပါမယ်။ သုံးစွဲသူတွေအနေနဲ့ Epic Games ကနေ Fortnite installer ကို တိုက်ရိုက်ထည့်သွင်းနိုင်သလို Samsung ရဲ့ Galaxy Store ကနေလည်း ထည့်သွင်းနိုင်ပါတယ်။

Galaxy Store ကနေ install လုပ်တာက ပိုမိုလုံခြုံစိတ်ချရပြီး လွယ်ကူပါလိမ့်မယ်။ Galaxy Store ခလုတ်ကိုနှိပ်ပြီး ညွှန်ကြားချက်တွေအတိုင်း လိုက်လံပြုလုပ်ရုံနဲ့ install လုပ်နိုင်ပါတယ်။ ဂိမ်းကို download လုပ်ဖို့အတွက် Fortnite installer ကို storage permission ပေးဖို့ လိုပါတယ်။

Installation process ပြီးသွားတဲ့အခါမှာတော့ Fortnite ကို ဖွင့်လိုက်ပါ။ အဲ့ဒီအခါ လိုအပ်တာတွေကို download ထပ်လုပ်ပါလိမ့်မယ်။ နောက်ပိုင်းမှာ ဂိမ်းရဲ့ update တွေကို ထပ်မံထည့်သွင်းဖို့အတွက် ဖုန်းထဲမှာ Fortnite Installer ကို မဖျက်ဘဲထားဖို့ကလည်း အရေးကြီးပါတယ်။

Epic Games installer ကို အသုံးပြုတဲ့အခါ သိထားရမယ့်အချက်

Installer ကို Epic Games ကနေ တိုက်ရိုက်ရယူတဲ့အခါမှာ app တွေကို unknown sources ကနေ install လုပ်ဖို့အတွက် permission ပေးဖို့လိုပါတယ်။ Unknown sources ကို permission ပေးတာဟာ အန္တရာယ်များတာကြောင့် Fortnite Installer ကို ထည့်သွင်းပြီးတာနဲ့ အဲ့ဒီ permission ကို disable ပြန်လုပ်သင့်ပါတယ်။

Samsung ထုတ်ကုန်တွေပေါ်မှာ အဲ့ဒီ permission ကို ပြန်ရုတ်သိမ်းဖို့အတွက် Settings > Lock Screen and Security > Install Unknown apps မှာ ပြုလုပ်နိုင်ပါတယ်။ APK ကို download လုပ်ရာမှာ Chrome ကို သုံးထားတယ်ဆိုရင်တော့ apps list ထဲမှာ Chrome ကို ရွေးပြီး All from this source ဘေးက ခလုတ်ကို Off လို့ပြောင်းပါတယ်။

Permission ပိတ်တဲ့လုပ်ဆောင်ချက်ကတော့ ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီနဲ့ Android skin ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

Ref: CNET