Fitbit ကထုတ်လုပ်တဲ့ fitness tracker အသစ်

[Zawgyi]





စိုးထက်
Ref: TechCrunch

[Unicode]

Fitbit က fitness tracker အသစ်တစ်မျိုးဖြစ်တဲ့ Inspire ကိုဖြန့်ချိလိုက်ပါတယ်။ အဲဒီထုတ်ကုန်ကို လက်လီရောင်းချ မှာမဟုတ်ဘဲ ကော်ပိုရိတ်ဝန်ထမ်းတွေနဲ့ ကျန်းမာရေးအာမခံဝင်ထားသူတွေကိုပဲ ပေးသွားမှာ ဖြစ်ပါတယ်။

Fitbit ဟာ ကော်ပိုရိတ်နဲ့ လုပ်ငန်းဈေးကွက်အတွင်းမှာ ဝင်ရောက်ဖို့ အပြည့်အဝထောက်ပံ့ထားတဲ့ fitness tracker ကိုရောင်းချ သွားဖို့ ဖြစ်ပါတယ်။

ထုတ်ကုန်အသစ်ဟာ ကလစ်ပါဝင်တဲ့ လက်ပတ်တွေနဲ့ ဖြစ်ပြီး tracker ရဲ့အခြေခံ feature တွေနဲ့ လုပ်ဆောင်ချက်အပြင် အိပ်စက်မှု၊ ကယ်လိုရီလောင်ကျွမ်းမှုနဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းက သတိပေးချက်တွေလည်း ပါဝင်လာပါတယ်။ ပိုမိုမြန်ဆန်တဲ့ Fitbit ရဲ့ fitness tracker မှာနှလုံးခုန်နှုန်းကို တိုင်းတာမှု၊ ကြံ့ခိုင်မှုအတွက် GPS နဲ့ အိပ်စက်ခြင်းအတွက် ပိုမိုအသေးစိတ်တဲ့ ဆန်းစစ်မှုတွေ ပါဝင်လာပါတယ်။

Fitbit ဟာ Inspire အတွက်ဈေးနှုန်းကို ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ကော်ပိုရိတ်ဝန်ထမ်းတွေနဲ့ ကျန်းမာရေးအာမခံဝင်ထားသူအနေနဲ့ ငွေကြေးတစ်စုံတစ်ရာ ပေးစရာမလိုဘဲ ထုတ်ကုန်ကို ရရှိမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: TechCrunch