Firewatch

[ Zawgyi ]

စြန္႔စားခန္း ဂိမ္းတစ္ခုကို ႐ုပ္ထြက္ေကာင္းေကာင္းနဲ႔ ပတ္ဝန္းက်င္တစ္ခုမွာ ကိုယ္တုိင္ေရာက္ရွိေနသလို ခံစားကစားခ်င္သူေတြအတြက္ အေကာင္းဆံုးျဖစ္မယ့္ ဂိမ္းေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ Platform စံုနဲ႔ ကစားႏုိင္ေအာင္ ဖန္တီးထားၿပီး Wins စနစ္အျပင္ OSX ေရာ Linux နဲ႔ပါ ကစားႏုိင္မယ္။ Console နဲ႔ ဆိုရင္လည္း PS4 ေတြ၊ Xbox One ေတြအျပင္ ေနာက္ဆံုး ထြက္ရွိလာတဲ့ Version က Nintendo Switch နဲ႔ပါ ကစားႏုိင္လာတာ ေတြ႔ရပါတယ္။

Single အေနနဲ႔ပဲ ကစားႏုိင္မယ္၊ ပံုမွန္ေတြ႔ေနက် စြန္႔စားခန္းဂိမ္းေတြလို ဇာတ္လမ္းသြား တိုက္ခိုက္ေရး ပံုစံမဟုတ္ဘဲ ေတာတြင္းတစ္ေနရာက မီးကင္းေစာင့္ ဝန္ထမ္းတစ္ေယာက္အေနနဲ႔ ကစားရမွာပါ။ ဂိမ္းကိုအေျခခံထားတာက Shoshone National Forest မွာ ျဖစ္ၿပီး အျပင္က သစ္ေတာေတြရဲ႕ ပတ္၀န္းက်င္အတုိင္းရေအာင္ အားလံုးနီးပါး ဆင္တူဖန္တီးထားတာလည္း ေတြ႕ရပါတယ္။ ကစားသူ ဝင္ကစားရမယ့္ ဇာတ္ေကာင္က Henery ျဖစ္ၿပီး သူကေတာတြင္းပို္င္း မီးကင္းေစာင့္ ဝန္ထမ္းတစ္ေယာက္ပါ။

ဟင္နရီကို လမ္းေလွ်ာက္ စကားေျပာစက္ကေန အမိန္႔ေပးခိုင္းေစမယ့္သူက အုပ္ခ်ဳပ္သူ Delilah ျဖစ္ၿပီး ေတာတြင္းပိုင္း ထူးျခားတဲ့ ျဖစ္စဥ္ေတြနဲ႔ ပတ္သတ္ၿပီး ဟင္နရီကို သြားေရာက္စစ္ ေဆးေစတာေတြ၊ အေျဖရွာေစျခင္း ေတြကို တစ္ခုၿပီးတစ္ခု လုပ္ေဆာင္ခုိင္းပါလိမ့္မယ္။ တာဝန္တစ္ခု ၿပီးေျမာက္တိုင္း ေနာက္ထပ္ျဖစ္စဥ္တစ္ခု ရွိလာမယ္၊ ဒါကေတာ့ ဇာတ္လမ္းသြား ဆန္ဆန္ Unlock ျဖစ္ေစတဲ့ သေဘာပါ။

စိတ္ကူးယဥ္ဆန္ဆန္ တိုက္ခိုက္မႈေတြ၊ လုပ္ေဆာင္ခ်က္ေတြမပါဘဲ လက္ေတြ႕ေတာတြင္း ဝန္ထမ္းတစ္ေယာက္အေနနဲ႔ ရင္ဆိုင္ရတတ္တဲ့ ျဖစ္ရပ္ေတြနဲ႔ လုပ္ေဆာင္ရင္ဆိုင္ရမႈေတြအတိုင္း အႏုိင္ရေအာင္ ကစားရမွာပါ။ ဟင္နရီ ေျဖရွင္းရမယ့္ ျပႆနာေတြထဲမွာ ဆက္သြယ္ေရးႀကိဳးေတြကို ဘယ္သူျဖတ္သြားသလဲ၊ ဘယ္လိုျပန္ဆက္သြယ္မလဲ၊ ေတာတြင္းေနအလည္လာတဲ့ လူေတြ ေပ်ာက္ဆံုးမႈကို အေျဖရွာမႈ၊ ေျမေအာက္ လိႈဏ္ဂူအတြင္း ဝင္ေရာက္စစ္ေဆးရမႈေတြ၊ သဲလြန္စေတြနဲ႔ ေသမႈေသခင္းေတြအတြက္ အေျဖရွာရမႈေတြ စတဲ့အရာေတြကို သူတစ္ေယာက္တည္း ေျဖရွင္းအႏုိင္ယူရမွာပါ။

ေနာက္ဆံုးထြက္ Version မွာေတာ့ ဟင္နရီသြားလာရမယ့္ သစ္ေတာနယ္က ပိုမိုက်ယ္ျပန္႔လာလို႔ အခန္းဆက္ ပိုမ်ားလာတယ္လုိ႔ ဆိုရပါလိမ့္မယ္။ ၿပီးေတာ့ဂိမ္းမွာ လက္ေတြ႔ဆန္ဆန္ ေန႔၊ ည လည္ပတ္စနစ္ ထည့္ထားတယ္၊ နာရီသတ္မွတ္ခ်က္ပါရွိၿပီး ေနဝင္သြားတာေတြကအစ ကစားေနရင္း အခ်ိန္ကုန္ေစမႈေတြ ပါရွိလာပါတယ္။ ျပႆနာတစ္ခုၿပီးတုိင္း အမွတ္ရတာေတြ အဆိုပါ အမွတ္ေတြနဲ႔ ဟင္နရီ လိုအပ္တာေတြ ဝယ္ယူတာေတြ မလုပ္ႏုိ္င္ေပမယ့္ ေတာတြင္းမွာ လွည့္လည္ရင္း ပစၥည္းေတြ ေကာက္ေတြ႔မယ္။ အဆိုပါ ပစၥည္းေတြကို သိမ္းထားႏိုင္ၿပီး ေနာက္ပိုင္းလိုအပ္ရင္ ထုတ္သံုးႏုိင္္မွာ ျဖစ္ပါတယ္၊ တကယ့္လက္ေတြ႔ ဆန္ဆန္ဂိမ္းပါပဲ။ ဒါေၾကာင့္လည္း ဂိမ္းကအေပ်ာ္တမ္းကစားမႈ ဆိုတာထက္ ပညာေပးဂိမ္း ဆန္ဆန္ လူငယ္ေတြ ကစားဖုိ႔ အေကာင္းဆံုး ဂိမ္းတစ္ခုအျဖစ္ သတ္မွတ္ခံထားရတာလည္း ေတြ႕ရပါတယ္။

ေနာက္ဆံုးထြက္ Version အထိေအာင္ ဂိမ္း ေခြေပါင္း ၂.၅ သန္းေက်ာ္ ေရာင္းခ်ထားရတယ္ ဆိုတာကေတာ့ Firewatch ရဲ႕ ေအာင္ျမင္မႈဘယ္ ေလာက္ရွိတယ္ဆိုတာ သိသာေနေစပါတယ္။ Platform အစံုနဲ႔လည္း ကစားႏုိင္လုိ႔ သင့္မွာဂိမ္းကစားဖို႔ အခ်ိန္ရွိတယ္ဆိုတာနဲ႔ လက္ေတြ႔ဆန္ဆန္ ပညာေပးဂိမ္းတစ္ခုကို စတင္စိန္ေခၚဖုိ႔သာ ျပင္ဆင္ထားလိုက္ပါေတာ့။

-သက္ႏိုင္ဦး (UCSL)

[ Unicode ]

စွန့်စားခန်း ဂိမ်းတစ်ခုကို ရုပ်ထွက်ကောင်းကောင်းနဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ကိုယ်တိုင်ရောက်ရှိနေသလို ခံစားကစားချင်သူတွေအတွက် အကောင်းဆုံးဖြစ်မယ့် ဂိမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Platform စုံနဲ့ ကစားနိုင်အောင် ဖန်တီးထားပြီး Wins စနစ်အပြင် OSX ရော Linux နဲ့ပါ ကစားနိုင်မယ်။ Console နဲ့ ဆိုရင်လည်း PS4 တွေ၊ Xbox One တွေအပြင် နောက်ဆုံး ထွက်ရှိလာတဲ့ Version က Nintendo Switch နဲ့ပါ ကစားနိုင်လာတာ တွေ့ရပါတယ်။

Single အနေနဲ့ပဲ ကစားနိုင်မယ်၊ ပုံမှန်တွေ့နေကျ စွန့်စားခန်းဂိမ်းတွေလို ဇာတ်လမ်းသွား တိုက်ခိုက်ရေး ပုံစံမဟုတ်ဘဲ တောတွင်းတစ်နေရာက မီးကင်းစောင့် ဝန်ထမ်းတစ်ယောက်အနေနဲ့ ကစားရမှာပါ။ ဂိမ်းကိုအခြေခံထားတာက Shoshone National Forest မှာ ဖြစ်ပြီး အပြင်က သစ်တောတွေရဲ့ ပတ်ဝန်းကျင်အတိုင်းရအောင် အားလုံးနီးပါး ဆင်တူဖန်တီးထားတာလည်း တွေ့ရပါတယ်။ ကစားသူ ဝင်ကစားရမယ့် ဇာတ်ကောင်က Henery ဖြစ်ပြီး သူကတောတွင်းပို်င်း မီးကင်းစောင့် ဝန်ထမ်းတစ်ယောက်ပါ။

ဟင်နရီကို လမ်းလျှောက် စကားပြောစက်ကနေ အမိန့်ပေးခိုင်းစေမယ့်သူက အုပ်ချုပ်သူ Delilah ဖြစ်ပြီး တောတွင်းပိုင်း ထူးခြားတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သတ်ပြီး ဟင်နရီကို သွားရောက်စစ် ဆေးစေတာတွေ၊ အဖြေရှာစေခြင်း တွေကို တစ်ခုပြီးတစ်ခု လုပ်ဆောင်ခိုင်းပါလိမ့်မယ်။ တာဝန်တစ်ခု ပြီးမြောက်တိုင်း နောက်ထပ်ဖြစ်စဉ်တစ်ခု ရှိလာမယ်၊ ဒါကတော့ ဇာတ်လမ်းသွား ဆန်ဆန် Unlock ဖြစ်စေတဲ့ သဘောပါ။

စိတ်ကူးယဉ်ဆန်ဆန် တိုက်ခိုက်မှုတွေ၊ လုပ်ဆောင်ချက်တွေမပါဘဲ လက်တွေ့တောတွင်း ဝန်ထမ်းတစ်ယောက်အနေနဲ့ ရင်ဆိုင်ရတတ်တဲ့ ဖြစ်ရပ်တွေနဲ့ လုပ်ဆောင်ရင်ဆိုင်ရမှုတွေအတိုင်း အနိုင်ရအောင် ကစားရမှာပါ။ ဟင်နရီ ဖြေရှင်းရမယ့် ပြဿနာတွေထဲမှာ ဆက်သွယ်ရေးကြိုးတွေကို ဘယ်သူဖြတ်သွားသလဲ၊ ဘယ်လိုပြန်ဆက်သွယ်မလဲ၊ တောတွင်းနေအလည်လာတဲ့ လူတွေ ပျောက်ဆုံးမှုကို အဖြေရှာမှု၊ မြေအောက် လှိုဏ်ဂူအတွင်း ဝင်ရောက်စစ်ဆေးရမှုတွေ၊ သဲလွန်စတွေနဲ့ သေမှုသေခင်းတွေအတွက် အဖြေရှာရမှုတွေ စတဲ့အရာတွေကို သူတစ်ယောက်တည်း ဖြေရှင်းအနိုင်ယူရမှာပါ။

နောက်ဆုံးထွက် Version မှာတော့ ဟင်နရီသွားလာရမယ့် သစ်တောနယ်က ပိုမိုကျယ်ပြန့်လာလို့ အခန်းဆက် ပိုများလာတယ်လို့ ဆိုရပါလိမ့်မယ်။ ပြီးတော့ဂိမ်းမှာ လက်တွေ့ဆန်ဆန် နေ့၊ ည လည်ပတ်စနစ် ထည့်ထားတယ်၊ နာရီသတ်မှတ်ချက်ပါရှိပြီး နေဝင်သွားတာတွေကအစ ကစားနေရင်း အချိန်ကုန်စေမှုတွေ ပါရှိလာပါတယ်။ ပြဿနာတစ်ခုပြီးတိုင်း အမှတ်ရတာတွေ အဆိုပါ အမှတ်တွေနဲ့ ဟင်နရီ လိုအပ်တာတွေ ဝယ်ယူတာတွေ မလုပ်နို်င်ပေမယ့် တောတွင်းမှာ လှည့်လည်ရင်း ပစ္စည်းတွေ ကောက်တွေ့မယ်။ အဆိုပါ ပစ္စည်းတွေကို သိမ်းထားနိုင်ပြီး နောက်ပိုင်းလိုအပ်ရင် ထုတ်သုံးနိုင််မှာ ဖြစ်ပါတယ်၊ တကယ့်လက်တွေ့ ဆန်ဆန်ဂိမ်းပါပဲ။ ဒါကြောင့်လည်း ဂိမ်းကအပျော်တမ်းကစားမှု ဆိုတာထက် ပညာပေးဂိမ်း ဆန်ဆန် လူငယ်တွေ ကစားဖို့ အကောင်းဆုံး ဂိမ်းတစ်ခုအဖြစ် သတ်မှတ်ခံထားရတာလည်း တွေ့ရပါတယ်။

နောက်ဆုံးထွက် Version အထိအောင် ဂိမ်း ခွေပေါင်း ၂.၅ သန်းကျော် ရောင်းချထားရတယ် ဆိုတာကတော့ Firewatch ရဲ့ အောင်မြင်မှုဘယ် လောက်ရှိတယ်ဆိုတာ သိသာနေစေပါတယ်။ Platform အစုံနဲ့လည်း ကစားနိုင်လို့ သင့်မှာဂိမ်းကစားဖို့ အချိန်ရှိတယ်ဆိုတာနဲ့ လက်တွေ့ဆန်ဆန် ပညာပေးဂိမ်းတစ်ခုကို စတင်စိန်ခေါ်ဖို့သာ ပြင်ဆင်ထားလိုက်ပါတော့။