Fire 7 နဲ႔ Fire 7 Kids Edition tablet ေတြကုိ Amazon မိတ္ဆက္

[ Zawgyi ]

Amazon ဟာ ေဈးႏႈန္းသက္သာတဲ့ Fire ေမာ္ဒယ္ tablet သစ္ေတြကုိ မိတ္ဆက္လိုက္ပါတယ္။ Amazon အေနနဲ႔ Fire 7 ေမာ္ဒယ္ ၂ မ်ိဳးကို ထုတ္ေဖာ္ျပသခဲ့တာ ျဖစ္ပါတယ္။

Fire 7 ေမာ္ဒယ္သစ္ကုိေတာ့ storage 16GB နဲ႔ 32GB ဆိုၿပီး ေရာင္းခ်မွာ ျဖစ္ပါတယ္။ Fire 7 ေမာ္ဒယ္ ဒီဇိုင္းကေတာ့ မေျပာင္းလဲေသးသလို အနီ၊ အစိမ္းနဲ႔ အျပာ သံုးမ်ိဳး ထုတ္လုပ္ထားပါတယ္။ ပ႐ိုဆက္ဆာနဲ႔ memory ကုိအဆင့္ျမႇင့္တင္ထားပါတယ္။

ေရွ႕ကင္မရာကေတာ့ အရင္မ်ိဳးဆက္လိုပဲ 480p ႐ုပ္ထြက္ကေန HD ႐ုပ္ထြက္အရည္အေသြး အထိ ႐ိုက္ကူးႏိုင္ပါတယ္။ အားနည္းခ်က္ကေတာ့ Amazon Fire 7 ေမာ္ဒယ္သစ္ဟာ အရင္ဗားရွင္းထက္ ဘက္ထရီသက္တမ္း ၁ နာရီ ေလ်ာ႔နည္းသြားၿပီး ၇ နာရီနဲ႔ပဲ အသုံးျပဳႏိုင္ေတာ့ပါတယ္။ Tablet သစ္၂ မ်ိဳးစလုံး မွာ Amazon Prime ဝန္ေဆာင္မႈေတြနဲ႔အတူ hands-free Alexa လည္းပါဝင္လာပါတယ္။

Fire 7 Kids Edition ကေတာ့ ခ်ိန္ညိႇႏိုင္တဲ့ kickstand နဲ႔အၾကမ္းခံတဲ့ casing နဲ႔ထုပ္ပုိးထားပါတယ္။ Amazon က Kidis Edition အတြက္ အာမခံ ၂ ႏွစ္ေပးထားပါတယ္။ ဒါ့အျပင္ app ေတြနဲ႔ ဂိမ္း၊ ဗီဒီယိုနဲ႔ ပညာေရးဆိုင္ရာ content ၂၀,၀၀၀ ေက်ာ္ကုိ အသုံးျပဳႏိုင္မယ့္ FreeTime တစ္ႏွစ္ အသုံးျပဳခြင့္လည္း ပါဝင္လာပါတယ္။
Amazon ထုတ္ကုန္သစ္ေတြျဖစ္တဲ့ Fire 7 ကုိ ေဒၚလာ ၅၀ နဲ႔ Fire 7 Kids Edition ကို ေဒၚလာ ၁၀၀ နဲ႔ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Amazon ဟာ ဈေးနှုန်းသက်သာတဲ့ Fire မော်ဒယ် tablet သစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ Amazon အနေနဲ့ Fire 7 မော်ဒယ် ၂ မျိုးကို ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။

Fire 7 မော်ဒယ်သစ်ကိုတော့ storage 16GB နဲ့ 32GB ဆိုပြီး ရောင်းချမှာ ဖြစ်ပါတယ်။ Fire 7 မော်ဒယ် ဒီဇိုင်းကတော့ မပြောင်းလဲသေးသလို အနီ၊ အစိမ်းနဲ့ အပြာ သုံးမျိုး ထုတ်လုပ်ထားပါတယ်။ ပရိုဆက်ဆာနဲ့ memory ကိုအဆင့်မြှင့်တင်ထားပါတယ်။

ရှေ့ကင်မရာကတော့ အရင်မျိုးဆက်လိုပဲ 480p ရုပ်ထွက်ကနေ HD ရုပ်ထွက်အရည်အသွေး အထိ ရိုက်ကူးနိုင်ပါတယ်။ အားနည်းချက်ကတော့ Amazon Fire 7 မော်ဒယ်သစ်ဟာ အရင်ဗားရှင်းထက် ဘက်ထရီသက်တမ်း ၁ နာရီ လျော့နည်းသွားပြီး ရ နာရီနဲ့ပဲ အသုံးပြုနိုင်တော့ပါတယ်။ Tablet သစ်၂ မျိုးစလုံး မှာ Amazon Prime ဝန်ဆောင်မှုတွေနဲ့အတူ hands-free Alexa လည်းပါဝင်လာပါတယ်။

Fire 7 Kids Edition ကတော့ ချိန်ညှိနိုင်တဲ့ kickstand နဲ့အကြမ်းခံတဲ့ casing နဲ့ထုပ်ပိုးထားပါတယ်။ Amazon က Kidis Edition အတွက် အာမခံ ၂ နှစ်ပေးထားပါတယ်။ ဒါ့အပြင် app တွေနဲ့ ဂိမ်း၊ ဗီဒီယိုနဲ့ ပညာရေးဆိုင်ရာ content ၂၀,၀၀၀ ကျော်ကို အသုံးပြုနိုင်မယ့် FreeTime တစ်နှစ် အသုံးပြုခွင့်လည်း ပါဝင်လာပါတယ်။
Amazon ထုတ်ကုန်သစ်တွေဖြစ်တဲ့ Fire 7 ကို ဒေါ်လာ ၅၀ နဲ့ Fire 7 Kids Edition ကို ဒေါ်လာ ၁၀၀ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: GSMArena