Fallout 76

[ Zawgyi ]

႐ုပ္ထြက္ကလည္း 3D ဇာတ္ ကားတစ္ကားလားေအာက္ ေမ့ရတယ္၊ ဇာတ္ဝင္သီးခ်င္းေလး ေတာင္ထည့္ထားေသးတယ္၊ ကမာၻေက်ာ္ Country Road သီခ်င္းေလးနဲ႔။ Online အေနနဲ႔ ကစားရမယ္၊ တိုက္ခုိက္္ေရးဂိမ္းျဖစ္ၿပီး စိတ္ကူးယဥ္ဆန္ဆန္ စြမ္းအားေတြ ပိုင္ဆိုင္တဲ့ ဂိမ္းဆိုတာထက္ လက္ေတြ႕က်က် လူသားဆန္ဆန္ တုိက္ခိုက္ေရးဂိမ္းသစ္ပါ။ Console သမားေတြအတြက္ေတာ့ အခုေလာေလာဆယ္ PS4 နဲ႔ Xbox One ေတြအတြက္ အဆင္ေျပမယ္၊ ကြန္ပ်ဴတာသမားေတြ အတြက္ေတာ့ Wins သမားေတြ ကစားႏုိင္ေနပါၿပီ။ ၂၀၁၈ အတြင္း ထြက္ရွိခဲ့တဲ့ ဂိမ္းေတြထဲမွာ ႐ုပ္ထြက္အေကာင္းဆံုး ထိပ္ဆံုး ၁၀ စာရင္းဝင္ထားတဲ့ဂိမ္းပါ။

ကမာၻမွာ မၾကာခင္ ျဖစ္ပြားႏုိင္တယ္လုိ႔ ယူဆေနၾကတဲ့ ႏ်ဳစစ္ပြဲရဲ႕ အစိတ္အပိုင္းတစ္ခုအေနနဲ႔ ပါဝင္ရမွာပါ။ ဒါဆိုရင္ေတာ့ တကယ္လုိ႔ ႏ်ဳစစ္ပြဲ ျဖစ္ခဲ့ရင္ေတာင္ ဂိမ္းကစားရင္း ဘယ္လို ရွင္သန္ေနထိုင္ရမယ္ဆိုတဲ့ ဗဟုသုတေတြပါ ရႏုိင္မယ့္ ဂိမ္းလို႔ ဆိုႏုိင္ပါေသးတယ္ဗ်ာ။ Fallout ဂိမ္းေတြထဲမွာ အခု Versionရဲ႕ ထူးျခားခ်က္က ပထမဆံုး Multi အေနနဲ႔ ကစားလာႏုိင္ျခင္းပါ။ ေရွ႕ထြက္ဂိ္မ္းေတြမွာေတာ့ Single အေနနဲ႔ပဲ ကစားႏုိင္ခဲ့တာ ပါ။ အဖြဲ႕လုိက္ ကစားရမွာျဖစ္ေပမယ့္ Online ဂိမ္းျဖစ္လုိ႔ မိမိရဲ႕တြဲဖက္ကို အလြယ္တကူ ရွာေဖြ ကစားႏုိ္င္ပါလိမ့္မယ္။

တစ္ေယာက္တည္းပံုစံ ဇာတ္လမ္းသြားအေနနဲ႔ေရာ Multi အေနနဲ႔ဆိုရင္ ၃ ေယာက္ထိေအာင္ အဖြဲ႕လုိက္ ကစားႏုိင္မွာပါ။ တြဲဖက္ကိုရွာဖို႔ Start ကို ႏွိပ္႐ံုနဲ႔ Server ကေန တြဲဖက္ကိုရွာေပး ပါလိမ့္မယ္။ ဒါဆိုဂိမ္းစကစားဖုိ႔ အေဖာ္၊ အဖြဲ႔ အလြယ္ေလးရၿပီေပါ့။ ဒါမွမဟုတ္ မိမိရဲ႕  စားေနက် သူငယ္ခ်င္းေတြကို Invite လုပ္ၿပီးလည္း ကစားႏိုင္မယ္။ ေရွ႕ထြက္ Fallout 3 မွာ သိပ္ၿပီး လက္ေတြ႕မဆန္တဲ့ ခက္ခဲတဲ့ ရန္သူနဲ႔ ရင္ဆိုင္ရခ်ိန္ ဘယ္လိုရင္ဆုိင္မလဲ အေျဖရွာဖုိ႔ ဂိမ္းကို Pause ဖမ္းလို႔ရတဲ့စနစ္ကို အခု Version မွာ ဖယ္ထားတာ ေတြ႕ရပါတယ္။ ဒါဆုိရင္ေတာ့ ရန္သူကို အႏုိင္ရဖုိ႔ ပိုခက္ခဲသြားၿပီး လက္ေတြ႕ ရင္ဆိုင္ေနရသလို အခ်ိန္တိုအတြင္း ဘယ္လိုနည္းလမ္းနဲ႔ အႏုိင္ယူမယ္ဆိုတာ အေျဖရွာႏုိင္မွွ အႏုိင္ရေတာ့မွာပါ။

အေနာက္ဗာဂ်ီးနီးယားျပည္နယ္က ပတ္ဝန္းက်င္ အေနအထားေတြကို ပံုေဖာ္ထားတဲ့ အခုဂိမ္းက တကယ္႐ုပ္ရွင္ေတြထဲက ႐ုပ္ထြက္အတိုင္းပါပဲ။ မိစာၱေကာင္ အသစ္ေတြထပ္ၿပီး အားျဖည့္ ထားတယ္၊ Mothman နဲ႔ Flatwoods လို ရန္သူအသစ္ေတြ ပါလာပါတယ္။ စိန္ေခၚမႈ အသစ္ပါပဲ။ ကစားသူအေနနဲ႔ ဇာတ္ေကာင္ ေရြးခ်ယ္ကစားႏုိင္မႈ မရွိေပမယ့္ မိမိရဲ႕ ဇာတ္ေကာင္က ဘယ္လို အားသာခ်က္နဲ႔ ကစားမလဲဆိုတာကိုေတာ့ ၇ ခ်က္ေရြးခ်ယ္ႏုိ္င္မွာပါ။ ခြန္အားေကာင္းျခင္း၊ အလိုက္သင့္သြားလာေနထိုင္ႏိုင္ျခင္း၊ ျဖတ္ထိုးဉာဏ္ ေကာင္းမြန္ျခင္း၊ သြက္လက္ျခင္း၊ ဉာဏ္ပညာျမင့္မားျခင္း၊ ခံႏုိင္ရည္ရွိျခင္းနဲ႔ ကံေကာင္းျခင္းဆိုတဲ့ အခ်က္ေတြထဲက မိမိႏွစ္သက္ရာကို ေရြးခ်ယ္ကစားႏုိင္ၿပီး ရင္ဆိုင္ရမယ့္ ရန္သူကလည္း မိမိေရြးခ်ယ္မႈ အေပၚမွာ မူတည္ၿပီး ပံုစံနည္းနည္း ေျပာင္းသြားသလို ကစားရခ်ိ္န္မွာလည္း မိမိေရြးခ်ယ္ထားသလို ဇာတ္လမ္းသြားမွာ အားသာခ်က္ေလးေတြ ရရွိပါလိမ့္မယ္။

ကစားခ်ိန္ၾကာလာတာနဲ႔အမွ် အခက္အခဲေတြကို ရင္ဆုိင္ၿပီးတုိင္း Skill Point ေတြရမယ္၊ စုထားႏုိင္တယ္၊ မိမိကိုယ့္ကို အဆင့္ျမႇင့္ႏုိင္ၿပီး စကစားခ်ိန္ Level 1 ကေန ေနာက္ဆံုး 15 ထိေအာင္ တင္ႏိုင္မွာပါ။ အခုဂိမ္းမွာ ထူးျခားခ်က္က AI စနစ္ ထည့္မထားလို႔ အဖြဲ႕လိုက္ကစားမယ္၊ အေဖာ္မရွိရင္ ေစာင့္ေနရမယ္၊ AI စနစ္နဲ႔လုိက္ၿပီး ကူကစားေပးမွာ မဟုတ္ပါဘူး။ ဒါေပမဲ့ တစ္ခု ေကာင္းတာက ကစားသူတိုင္း လူသား ကစားသမားေတြျဖစ္လုိ႔ အားလံုးစည္းစည္းလံုးလံုးနဲ႔ ကစားႏုိင္မယ့္ဂိမ္း သစ္ေလးပါပဲဗ်ာ။ အဖြဲ႕လိုက္ဂိမ္းကစားရင္း ခက္ခဲတဲ့ပတ္ဝန္းက်င္မွာ ဘယ္လိုရွင္သန္ရပ္တည္မလဲ ဗဟုသုတေတြ၊ နည္းလမ္းေတြပါ ရွာေဖြလုိက္ၾကရေအာင္ …

-သက္ႏိုင္ဦး (UCSL)

[ Unicode ]

ရုပ်ထွက်ကလည်း 3D ဇာတ် ကားတစ်ကားလားအောက် မေ့ရတယ်၊ ဇာတ်ဝင်သီးချင်းလေး တောင်ထည့်ထားသေးတယ်၊ ကမ္ဘာကျော် Country Road သီချင်းလေးနဲ့။ Online အနေနဲ့ ကစားရမယ်၊ တိုက်ခိုက််ရေးဂိမ်းဖြစ်ပြီး စိတ်ကူးယဉ်ဆန်ဆန် စွမ်းအားတွေ ပိုင်ဆိုင်တဲ့ ဂိမ်းဆိုတာထက် လက်တွေ့ကျကျ လူသားဆန်ဆန် တိုက်ခိုက်ရေးဂိမ်းသစ်ပါ။ Console သမားတွေအတွက်တော့ အခုလောလောဆယ် PS4 နဲ့ Xbox One တွေအတွက် အဆင်ပြေမယ်၊ ကွန်ပျူတာသမားတွေ အတွက်တော့ Wins သမားတွေ ကစားနိုင်နေပါပြီ။ ၂၀၁၈ အတွင်း ထွက်ရှိခဲ့တဲ့ ဂိမ်းတွေထဲမှာ ရုပ်ထွက်အကောင်းဆုံး ထိပ်ဆုံး ၁၀ စာရင်းဝင်ထားတဲ့ဂိမ်းပါ။

ကမ္ဘာမှာ မကြာခင် ဖြစ်ပွားနိုင်တယ်လို့ ယူဆနေကြတဲ့ နျုစစ်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ရမှာပါ။ ဒါဆိုရင်တော့ တကယ်လို့ နျုစစ်ပွဲ ဖြစ်ခဲ့ရင်တောင် ဂိမ်းကစားရင်း ဘယ်လို ရှင်သန်နေထိုင်ရမယ်ဆိုတဲ့ ဗဟုသုတတွေပါ ရနိုင်မယ့် ဂိမ်းလို့ ဆိုနိုင်ပါသေးတယ်ဗျာ။ Fallout ဂိမ်းတွေထဲမှာ အခု Versionရဲ့ ထူးခြားချက်က ပထမဆုံး Multi အနေနဲ့ ကစားလာနိုင်ခြင်းပါ။ ရှေ့ထွက်ဂိ်မ်းတွေမှာတော့ Single အနေနဲ့ပဲ ကစားနိုင်ခဲ့တာ ပါ။ အဖွဲ့လိုက် ကစားရမှာဖြစ်ပေမယ့် Online ဂိမ်းဖြစ်လို့ မိမိရဲ့တွဲဖက်ကို အလွယ်တကူ ရှာဖွေ ကစားနို်င်ပါလိမ့်မယ်။

တစ်ယောက်တည်းပုံစံ ဇာတ်လမ်းသွားအနေနဲ့ရော Multi အနေနဲ့ဆိုရင် ၃ ယောက်ထိအောင် အဖွဲ့လိုက် ကစားနိုင်မှာပါ။ တွဲဖက်ကိုရှာဖို့ Start ကို နှိပ်ရုံနဲ့ Server ကနေ တွဲဖက်ကိုရှာပေး ပါလိမ့်မယ်။ ဒါဆိုဂိမ်းစကစားဖို့ အဖော်၊ အဖွဲ့ အလွယ်လေးရပြီပေါ့။ ဒါမှမဟုတ် မိမိရဲ့ စားနေကျ သူငယ်ချင်းတွေကို Invite လုပ်ပြီးလည်း ကစားနိုင်မယ်။ ရှေ့ထွက် Fallout 3 မှာ သိပ်ပြီး လက်တွေ့မဆန်တဲ့ ခက်ခဲတဲ့ ရန်သူနဲ့ ရင်ဆိုင်ရချိန် ဘယ်လိုရင်ဆိုင်မလဲ အဖြေရှာဖို့ ဂိမ်းကို Pause ဖမ်းလို့ရတဲ့စနစ်ကို အခု Version မှာ ဖယ်ထားတာ တွေ့ရပါတယ်။ ဒါဆိုရင်တော့ ရန်သူကို အနိုင်ရဖို့ ပိုခက်ခဲသွားပြီး လက်တွေ့ ရင်ဆိုင်နေရသလို အချိန်တိုအတွင်း ဘယ်လိုနည်းလမ်းနဲ့ အနိုင်ယူမယ်ဆိုတာ အဖြေရှာနိုင်မှှ အနိုင်ရတော့မှာပါ။

အနောက်ဗာဂျီးနီးယားပြည်နယ်က ပတ်ဝန်းကျင် အနေအထားတွေကို ပုံဖော်ထားတဲ့ အခုဂိမ်းက တကယ်ရုပ်ရှင်တွေထဲက ရုပ်ထွက်အတိုင်းပါပဲ။ မိစ္တာကောင် အသစ်တွေထပ်ပြီး အားဖြည့် ထားတယ်၊ Mothman နဲ့ Flatwoods လို ရန်သူအသစ်တွေ ပါလာပါတယ်။ စိန်ခေါ်မှု အသစ်ပါပဲ။ ကစားသူအနေနဲ့ ဇာတ်ကောင် ရွေးချယ်ကစားနိုင်မှု မရှိပေမယ့် မိမိရဲ့ ဇာတ်ကောင်က ဘယ်လို အားသာချက်နဲ့ ကစားမလဲဆိုတာကိုတော့ ရ ချက်ရွေးချယ်နို်င်မှာပါ။ ခွန်အားကောင်းခြင်း၊ အလိုက်သင့်သွားလာနေထိုင်နိုင်ခြင်း၊ ဖြတ်ထိုးဉာဏ် ကောင်းမွန်ခြင်း၊ သွက်လက်ခြင်း၊ ဉာဏ်ပညာမြင့်မားခြင်း၊ ခံနိုင်ရည်ရှိခြင်းနဲ့ ကံကောင်းခြင်းဆိုတဲ့ အချက်တွေထဲက မိမိနှစ်သက်ရာကို ရွေးချယ်ကစားနိုင်ပြီး ရင်ဆိုင်ရမယ့် ရန်သူကလည်း မိမိရွေးချယ်မှု အပေါ်မှာ မူတည်ပြီး ပုံစံနည်းနည်း ပြောင်းသွားသလို ကစားရချိ်န်မှာလည်း မိမိရွေးချယ်ထားသလို ဇာတ်လမ်းသွားမှာ အားသာချက်လေးတွေ ရရှိပါလိမ့်မယ်။

ကစားချိန်ကြာလာတာနဲ့အမျှ အခက်အခဲတွေကို ရင်ဆိုင်ပြီးတိုင်း Skill Point တွေရမယ်၊ စုထားနိုင်တယ်၊ မိမိကိုယ့်ကို အဆင့်မြှင့်နိုင်ပြီး စကစားချိန် Level 1 ကနေ နောက်ဆုံး 15 ထိအောင် တင်နိုင်မှာပါ။ အခုဂိမ်းမှာ ထူးခြားချက်က AI စနစ် ထည့်မထားလို့ အဖွဲ့လိုက်ကစားမယ်၊ အဖော်မရှိရင် စောင့်နေရမယ်၊ AI စနစ်နဲ့လိုက်ပြီး ကူကစားပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခု ကောင်းတာက ကစားသူတိုင်း လူသား ကစားသမားတွေဖြစ်လို့ အားလုံးစည်းစည်းလုံးလုံးနဲ့ ကစားနိုင်မယ့်ဂိမ်း သစ်လေးပါပဲဗျာ။ အဖွဲ့လိုက်ဂိမ်းကစားရင်း ခက်ခဲတဲ့ပတ်ဝန်းကျင်မှာ ဘယ်လိုရှင်သန်ရပ်တည်မလဲ ဗဟုသုတတွေ၊ နည်းလမ်းတွေပါ ရှာဖွေလိုက်ကြရအောင် …