Facebook ေၾကာင့္ မိတ္ပ်က္ေတာ့မွာလား

[ Zawgyi ]

မေတြ႕ရတာၾကာတဲ့ သူငယ္ခ်င္းေတြ ျပန္ေတြ႕ၾကတဲ့အခါ အားရဝမ္းသာ စကားေျပာၾကတယ္လို႔ ထင္ပါသလား။ အဲဒီလိုထင္ရင္မွားပါတယ္။ Facebook ေခတ္မွာ အာလာပသလႅာပ ေျပာဆိုတဲ့ ရာခိုင္ႏႈန္း အင္မတန္နည္းသြားပါၿပီ။ လူစံုတက္စံု အေပါင္းအသင္းစံုလို႔ ဝိုင္းဖြဲ႕ၾကၿပီဆိုရင္ ပါလာတဲ့ဖုန္းေလးကိုထုတ္ၿပီး အၿပိဳင္အဆိုင္ ပြတ္ၾကၿပီျဖစ္ပါတယ္။ ဒါတင္ဘယ္က ဦးမလဲ စိတ္ဝင္စားစရာတစ္ခုခု ဟာသနဲ႔ဆိုင္တဲ့ Post တစ္ခုခု ေတြ႕ၿပီဆိုရင္ အနားမွာရွိတဲ့ တစ္ေယာက္ကို ဖ်တ္ခနဲပုတ္ၿပီး ဒီမွာၾကည့္ပါဦးဆိုၿပီး အစျပဳရင္း Post အေၾကာင္းကိုပဲ ေဆြးေႏြးေျပာလိုက္ဆိုလိုက္နဲ႔ အခ်ိန္ကုန္သြား ၾကရပါတယ္။

ေရွးေဟာင္းေႏွာင္းျဖစ္ ဆိုတာဘာလဲ၊ ကိုယ္အေလးအနက္ထားၿပီး ရင္ဖြင့္ခ်င္တဲ့ အေၾကာင္းကဘာလဲ ဒါေတြကို အျပည့္အဝ မွ်ေဝခံစားေပးမယ့္ ရင္ဖြင့္ေဖာ္ရင္ဖြင့္ဖက္ဟာ လူပုဂၢိဳလ္ေတြ မဟုတ္ေတာ့ပါဘူး။ Virtual Life ျဖစ္တဲ့ ဆိုရွယ္မီဒီယာေတြသာ ျဖစ္ပါေတာ့တယ္။ တစ္ေယာက္ေယာက္ကို မေက်နပ္ရင္ မ်က္ႏွာခ်င္းဆိုင္ေျပာဆို ေဆြးေႏြးဖို႔ထက္ ဆိုရွယ္မီဒီယာေပၚမွာ အျပန္အလွန္ ေစာင္းေျမာင္းေရး ၾကတယ္၊ အိမ္နဲ႔အဆင္မေျပရင္ ဆိုရွယ္မီဒီယာေပၚမွာ တက္ေရးတယ္၊ အေမဆူရင္၊ အေဖခ်ီးက်ဴးရင္၊ စားေမးပြဲမေျဖႏိုင္ရင္၊ ပစၥည္းအသစ္ရလာရင္၊ အသည္းကြဲလာရင္၊ ခ်စ္သူအသစ္ရလာရင္ …အဲဒီလို လာရင္ေပါင္းမ်ားစြာကို ဆိုရွယ္မီဒီယာ ေပၚကေနပဲေျပာတဲ့ယဥ္ေက်းမႈ တစ္ေန႔ထက္တစ္ေန႔ မ်ားလာၿပီျဖစ္ပါတယ္။ “ၾကာေတာ့ Virtual Life ကိုၿငီးေငြ႕လာတယ္၊ ဖုန္းမသံုးဘဲ၊ ဆိုရွယ္မီဒီယာမသံုးဘဲ ေနခ်င္လာတယ္၊ တစ္ဖက္ကက်ေတာ့ မေနလို႔မရတဲ့ အေနအထားလည္း ရွိလာတယ္၊ ကိုယ့္ရဲ႕အလုပ္ေတြ၊ အေပါင္းအသင္း ေတြက အဲဒီအေပၚမွာပဲ ရိွေနေတာ့လည္း မတတ္သာဘူးေပါ့” လို႔ Bolgger အျဖစ္ စတင္အသက္ေမြးဝမ္းေက်ာင္းျပဳေနသူ ကိုထင္လင္းေအာင္ (အမည္လႊဲ) ကေျပာပါတယ္။

ကမ႓ာေပၚမွာရွိတဲ့ လူဦးေရရဲ႕ (၄၀) ရာခိုင္ႏႈန္းနီးပါးဟာ ဆိုရွယ္မီဒီယာေတြကို အသံုးျပဳေနၾကပါ တယ္။ ပွ်မ္းမွ်ျခင္းအားျဖင့္ သူတို႔ေတြရဲ႕တစ္ေန႔တာအခ်ိန္ (၂) နာရီခန္႔ဟာ ဆိုရွယ္မီဒီယာေတြေပၚမွာ အခ်ိန္ကုန္ဆံုးေနၾကတယ္လို႔ အြန္လိုင္းအကိုးအကားေတြက ေဖာ္ျပၾကပါတယ္။ ေပၚပင္မွာ ေပ်ာ္ရႊင္ၾကတယ္၊ Post ေတြအၿပိဳင္အဆိုင္ တင္ၾကတယ္၊ ဘယ္သူက Like အမ်ားဆံုးရလဲ၊ Follower ဘယ္ႏွစ္ေသာင္းရွိသလဲ၊ ဘယ္သူ႔ကို ေဖာင္းထုေနသလဲ ဆိုတာမ်ိဳးေတြနဲ႔ အခ်ိန္ကုန္ဆံုးေနၾကရတာပါ။ အဲဒီအထဲမွာ ရန္ကုန္ၿမိဳ႕ေနလူထု အမ်ားစုလည္း အပါအဝင္ပဲ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံသူႏိုင္ငံသား အမ်ားစုဟာ အင္တာနက္ အသံုးျပဳၾကတယ္လို႔ဆိုလာရင္ အမ်ားစုက Facebook အသံုးျပဳတာကိုပဲ ဆိုလိုၾကတာလို႔ မီဒီယာအခ်ိဳ႕က သံုးသပ္ပါတယ္။ ေဆြမ်ိဳးမိတ္သဂၤဟစံုလာရင္ က်န္းမာေရးနဲ႔ သာေၾကာင္းမာေၾကာင္းကို ခဏဖယ္ထား Facebook ေပၚကသတင္းေတြကိုပဲ ၿမိန္ေရယွက္ေရေျပာၾကရင္း ေန႔စဥ္ဘဝကို ျဖတ္သန္းေန ၾကပါတယ္။

“စကားေျပာခ်င္လို႔ ဆိုင္ထိုင္တယ္၊ ထိုင္ေတာ့လည္း ေထြေထြထူးထူး မေျပာျဖစ္ပါဘူး၊ ဖုန္းကိုပဲထိုင္ပြတ္ေနၾကတယ္၊ အဲလိုမလုပ္ရဘူးလို႔ အႀကံေပးေတာ့လည္း ခဏပဲမိနစ္ပိုင္းပဲ ၿပီးေတာ့လည္း ျပန္ပြတ္တာပါပဲ၊ စကားေျပာျဖစ္ေတာ့လည္း Mobile Legend မွာ ဘယ္အေကာင္နဲ႔ ဘယ္လိုတိုက္တယ္ဆိုတာေတြခ်ည္းပါပဲ” လို႔ ကုမၸဏီဝန္ထမ္း ကိုေအာင္ႏိုင္က ေျပာပါတယ္။ ဆိုရွယ္မီဒီယာေၾကာင့္ အဆင္ေျပတာေတြ၊ အက်ိဳးရလဒ္ေတြမ်ားသလို အဆင္မေျပတာေတြလည္း ရွိပါတယ္။ “လူမႈကြန္ရက္ေပၚမွာ မိမိတင္မယ့္ Post ေတြ၊ Comment ေတြ၊ Like ေတြအတြက္ ေသေသခ်ာခ်ာ စဥ္းစားလုပ္ေဆာင္ေစခ်င္ပါတယ္” လို႔ ဥပေဒအႀကံေပး ဦးခင္ထြန္းကေျပာပါတယ္။ ၿပီးခဲ့တ့ဲၾသဂုတ္လက က်င္းပခဲ့တဲ့ ဘားကမ့္ျပည္အခမ္းအနားမွာ ၆၆ (ဃ) အေၾကာင္းကို အသိပညာေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။ လူမႈကြန္ရက္ေပၚမွာ ၿခိမ္းေျခာက္ခံရမႈေတြအတြက္ မိမိကျပဳသူဆိုရင္ ၆၆ (ဃ) နဲ႔တရားစြဲ ဆိုခံရႏိုင္သလုိ၊ မိမိအေနနဲ႔အျပဳ
ခံရသူဆိုရင္ ၆၆ (ဃ) နဲ႔တရားျပန္စြဲလို႔ရပါတယ္။

လူမႈကြန္ရက္ေပၚမွာ Post ေတြတင္တာ၊ အဲ့ဒီအေပၚမွာ Comment ေတြေရးတာ၊ Like ေတြ၊ Share ေတြျပဳလုပ္ၾကတဲ့အခါမွာ တစ္ဖက္သား နစ္နာသြားရင္ျပစ္မႈေျမာက္ၿပီး ၆၆ (ဃ) နဲ႔
တရားစြဲခံရႏိုင္ပါတယ္။ အနယ္နယ္အရပ္ရပ္က ေနရာေတြမွာ ၆၆ (ဃ) နဲ႔ပတ္သက္ၿပီးေတာ့ အမႈေတြျဖစ္ၿပီး တရားစြဲဆုိခံရတာေတြ ရွိေနေၾကာင္း ဦးခင္ထြန္းက အသိပညာေဝမွ် ခဲ့ဖူးပါတယ္။ “အဲဒီေတာ့ ဘယ္အခ်က္ေတြက ၆၆ (ဃ) ဥပေဒေျမာက္သလဲဆိုေတာ့ ဆက္သြယ္ေရးကြန္ရက္ကို အသံုးျပဳၿပီးေတာ့ လူပုဂၢိဳလ္တစ္ဦးဦးကို ေစာင္းေျမာင္းေျပာဆိုတာ၊ ႏိုင္လိုမင္းထက္ျပဳလုပ္တာ၊ မတရားတားဆီး ကန္႔ကြက္မယ္၊ အသေရဖ်က္မယ္၊ ေႏွာင့္ယွက္မယ္၊ ၿခိမ္းေျခာက္မႈ တစ္ခုခုကိုျပဳလုပ္မယ္ဆိုရင္ သူ႔ကို ဆက္သြယ္ေရးဥပေဒပုဒ္မျဖစ္တဲ့ ၆၆ (ဃ) နဲ႔ တရားစြဲလို႔ရတယ္၊ ၂၀၁၃ မွာ ခ်မွတ္ထားတဲ့ ဆက္သြယ္ေရးဥပေဒမွာ သူ႔ကိုအေရးယူမယ္ဆိုရင္ အရင္ဆံုးသူ႔ကို သံုးႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ကိုျဖစ္ေစ၊ ေငြဒဏ္ကိုျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ႏိုင္ပါတယ္၊ ဒါေပမဲ့ ၂၀၁၇ မွာ အဲ့ဒီဥပေဒကို ျပင္ဆင္လိုက္တယ္၊ အဲဒီဥပေဒနဲ႔ အေရးယူခံရတဲ့သူဆိုရင္ အာမခံမေပးေတာ့ဘူး၊ မေပးတဲ့အတြက္ အခ်ဳပ္ထဲမွာ
၆၆ (ဃ) နဲ႔တရားစြဲဆိုခံရသူကို အာမခံေပးရမလား၊ မေပးရဘူးလားဆိုတဲ့ ဒြိဟသံသယျဖစ္စရာ အေၾကာင္းေတြကို တရားစီရင္ေရးက႑၊ တရားစီရင္ေရးနယ္ပယ္မွာ ေပၚေပါက္ေနတယ္၊ ျပည္သူေတြကလည္း မေက်နပ္တဲ့အတြက္ ဆက္သြယ္ေရးဥပေဒ ၆၆ (ဃ) ပတ္သက္ၿပီးေတာ့ ဘယ္လိုျပင္ဆင္ ေျပာင္းလဲမလဲဆိုၿပီးေတာ့ လႊတ္ေတာ္မွာတင္တယ္၊ လႊတ္ေတာ္ကို ေရာက္ေတာ့ ေနာက္ပိုင္းမွာ ၆၆ (ဃ) နဲ႔တရားစြဲဆိုခံရၿပီးဆိုရင္ အာမခံေပးကိုေပးရမယ္ဆိုတဲ့ တရားစီရင္ခ်က္ ျပ႒ာန္းခ်က္မ်ိဳးကို လႊတ္ေတာ္ကေန အတည္ျပဳေပးခဲ့တယ္၊ အဲ့ဒီေတာ့ ျပည္တြင္းမွာ လက္ရွိဥပေဒတစ္ခုကို ျပ႒ာန္းမယ္ဆိုလို႔ရွိရင္ ဘယ္ေတာ့ၿပီးျပည့္စံုေအာင္ ျပ႒ာန္းတာမရွိေသးဘဲနဲ႔ ျပင္တာေတြ၊ ဖ်က္တာေတြ၊ အသစ္ျပ႒ာန္းတာေတြ ေတြ႕ရပါတယ္” လို႔ ဦးခင္ထြန္းက ေျပာပါတယ္။

ျပစ္မႈေျမာက္ျခင္းအဆင့္ကို မေရာက္ခင္မွာမေျပာဘဲ သိသင့္ တဲ့လူမႈက်င့္၀တ္ေတြကို နားလည္သိရွိရင္ေတာ့ အခ်င္းခ်င္းမိတ္ပ်က္စရာ မလိုေတာ့ဘူးလို႔ Facebook ေန႔စဥ္အသံုးျပဳေနတဲ့ မေဝေဝေက်ာ္က သံုးသပ္ပါတယ္။ ဥပမာအားျဖင့္ သူငယ္ခ်င္းအေပါင္းအသင္းေတြ ဆံုလာရင္ ဖုန္းကိုေဘးခ်ထားတာမ်ိဳး၊ လံုးဝမကိုင္ေတာ့ဘဲ အိတ္ထဲထည့္ထားတာမ်ိဳး၊ စကားေျပာေနတုန္း ဖုန္းလာရင္ ခြင့္ေတာင္းၿပီးမွ ေျပာတာမ်ိဳးတို႔က ေျပာစရာမလိုတဲ့ က်င့္ဝတ္ေတြလို႔ သူကသံုးသပ္ပါတယ္။ “အစားအေသာက္ဆိုင္ထိုင္ရင္ မစားခင္မွာ Facebook နတ္ကိုဦးတင္ၿပီး ေတြ႕သမွ် အစားအေသာက္ကို ဓာတ္ပံု႐ိုက္ေနတာမ်ိဳး၊ ဆိုင္ကစားပြဲထိုးကို ဓာတ္ပံု႐ိုက္ခိုင္းတာမ်ိဳးေတြကေတာ့ အၿမဲတမ္းမလုပ္သင့္တဲ့ အရာေတြလို႔ယူဆပါတယ္” လို႔ ဆိုပါတယ္။ မိုဘိုင္းဖုန္း တစ္လံုးက ပတ္ဝန္းက်င္ကို အေႏွာင့္အယွက္ျဖစ္ေစတာမ်ိဳး ႀကံဳရေပါင္းမ်ားေနၿပီလို႔ မေဝေဝက်ာ္ကဆုိပါတယ္။ မ်က္စိေနာက္စရာေတြ ေတြ႕လာေတာ့ စိတ္မၾကည္လင္တာေတြ ရွိလာမယ္၊ မေက်နပ္ခ်က္ကို ဆိုရွယ္မီဒီယာေပၚမွာပဲ တင္မိမယ္၊ ဟိုဖက္ကလည္း သူ႔ကိုေစာင္းေရးတယ္ဆိုၿပီး အျပန္အလွန္တင္တယ္ ဒီေတာ့ အခ်င္းခ်င္းမိတ္ပ်က္ရတဲ့ အဆင့္အထိေရာက္မယ္၊ ေနာက္တစ္ဆင့္ကေတာ့ ျပႆနာပိုမိုႀကီးထြားလာမယ္လို႔ သံုးသပ္ေျပာၾကားပါတယ္။

မယ္လ္ဘုန္းတကၠသိုလ္မွာရွိတဲ့ National Centre of Excel-lence in Youth Mental Health က သုေတသနပညာရွင္ေတြက Social Media အသံုးျပဳမႈေၾကာင့္ စိတ္ဓာတ္က်တာေတြ၊ စိုးရိမ္ပူပန္ေၾကာင့္ ၾကမႈမ်ားတာေတြ၊ အိပ္စက္ျခင္းနဲ႔ဆိုင္တဲ့ ျပႆနာေတြ၊ အစာစားျခင္းနဲ႔ဆိုင္တဲ့ ျပႆနာေတြနဲ႔ ကိုယ့္ကိုယ္ကုိယ္ အဆံုးစီရင္ႏိုင္ေခ်မ်ားတာေတြ စတဲ့အႏၲရာယ္ေတြနဲ႔ ဆက္စပ္ေနေၾကာင္း ေဆာင္းပါးတစ္ပုဒ္မွာ ေဖာ္ျပထားပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာ ျပႆနာအားျဖင့္ တစ္ဖက္လူနဲ႔ ဆက္ၿပီးမဆံုေတြ႕ခ်င္ေတာ့တာမ်ိဳး၊ မဆက္ဆံခ်င္ေတာ့တာမ်ိဳးအထိျ ျဖစ္ဖူးတယ္လို႔ ကိုေအာင္ႏိုင္က ဆိုပါတယ္။ Facebook နဲ႔ပတ္သက္ၿပီး သူ႔ခံစားခ်က္ကဒီလိုပါ။ “Facebook နဲ႔ ဂိမ္းေတြအေၾကာင္း မပါမျဖစ္ျဖစ္ေနတဲ့ အဝန္းအဝိုင္းမွာ မေပ်ာ္ေတာ့ဘူး၊  ဒီေတာ့ မိတ္မပ်က္ခင္ ကိုယ္ကပဲေရွာင္လိုက္ပါတယ္၊ ၿမိဳ႕ေနလူထုအတြက္ Virtual Life က လက္ရွိဘဝေတြထက္ အေရးႀကီးေနတာကိုး”

-ထြန္းထြန္း

[ Unicode ]

မတွေ့ရတာကြာတဲ့ သူငယ်ချင်းတွေ ပြန်တွေ့ကြတဲ့အခါ အားရဝမ်းသာ စကားပြောကြတယ်လို့ ထင်ပါသလား။ အဲဒီလိုထင်ရင်မှားပါတယ်။ Facebook ခေတ်မှာ အာလာပသလ္လာပ ပြောဆိုတဲ့ ရာခိုင်နှုန်း အင်မတန်နည်းသွားပါပြီ။ လူစုံတက်စုံ အပေါင်းအသင်းစုံလို့ ဝိုင်းဖွဲ့ကြပြီဆိုရင် ပါလာတဲ့ဖုန်းလေးကိုထုတ်ပြီး အပြိုင်အဆိုင် ပွတ်ကြပြီဖြစ်ပါတယ်။ ဒါတင်ဘယ်က ဦးမလဲ စိတ်ဝင်စားစရာတစ်ခုခု ဟာသနဲ့ဆိုင်တဲ့ Post တစ်ခုခု တွေ့ပြီဆိုရင် အနားမှာရှိတဲ့ တစ်ယောက်ကို ဖျတ်ခနဲပုတ်ပြီး ဒီမှာကြည့်ပါဦးဆိုပြီး အစပြုရင်း Post အကြောင်းကိုပဲ ဆွေးနွေးပြောလိုက်ဆိုလိုက်နဲ့ အချိန်ကုန်သွား ကြရပါတယ်။

ရှေးဟောင်းနှောင်းဖြစ် ဆိုတာဘာလဲ၊ ကိုယ်အလေးအနက်ထားပြီး ရင်ဖွင့်ချင်တဲ့ အကြောင်းကဘာလဲ ဒါတွေကို အပြည့်အဝ မျှဝေခံစားပေးမယ့် ရင်ဖွင့်ဖော်ရင်ဖွင့်ဖက်ဟာ လူပုဂ္ဂိုလ်တွေ မဟုတ်တော့ပါဘူး။ Virtual Life ဖြစ်တဲ့ ဆိုရှယ်မီဒီယာတွေသာ ဖြစ်ပါတော့တယ်။ တစ်ယောက်ယောက်ကို မကျေနပ်ရင် မျက်နှာချင်းဆိုင်ပြောဆို ဆွေးနွေးဖို့ထက် ဆိုရှယ်မီဒီယာပေါ်မှာ အပြန်အလှန် စောင်းမြောင်းရေး ကြတယ်၊ အိမ်နဲ့အဆင်မပြေရင် ဆိုရှယ်မီဒီယာပေါ်မှာ တက်ရေးတယ်၊ အမေဆူရင်၊ အဖေချီးကျူးရင်၊ စားမေးပွဲမဖြေနိုင်ရင်၊ ပစ္စည်းအသစ်ရလာရင်၊ အသည်းကွဲလာရင်၊ ချစ်သူအသစ်ရလာရင် …အဲဒီလို လာရင်ပေါင်းများစွာကို ဆိုရှယ်မီဒီယာ ပေါ်ကနေပဲပြောတဲ့ယဉ်ကျေးမှု တစ်နေ့ထက်တစ်နေ့ များလာပြီဖြစ်ပါတယ်။ “ကြာတော့ Virtual Life ကိုငြီးငွေ့လာတယ်၊ ဖုန်းမသုံးဘဲ၊ ဆိုရှယ်မီဒီယာမသုံးဘဲ နေချင်လာတယ်၊ တစ်ဖက်ကကျတော့ မနေလို့မရတဲ့ အနေအထားလည်း ရှိလာတယ်၊ ကိုယ့်ရဲ့အလုပ်တွေ၊ အပေါင်းအသင်း တွေက အဲဒီအပေါ်မှာပဲ ရှိနေတော့လည်း မတတ်သာဘူးပေါ့” လို့ Bolgger အဖြစ် စတင်အသက်မွေးဝမ်းကျောင်းပြုနေသူ ကိုထင်လင်းအောင် (အမည်လွှဲ) ကပြောပါတယ်။

ကမ႓ာပေါ်မှာရှိတဲ့ လူဦးရေရဲ့ (၄၀) ရာခိုင်နှုန်းနီးပါးဟာ ဆိုရှယ်မီဒီယာတွေကို အသုံးပြုနေကြပါ တယ်။ ပျှမ်းမျှခြင်းအားဖြင့် သူတို့တွေရဲ့တစ်နေ့တာအချိန် (၂) နာရီခန့်ဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ အချိန်ကုန်ဆုံးနေကြတယ်လို့ အွန်လိုင်းအကိုးအကားတွေက ဖော်ပြကြပါတယ်။ ပေါ်ပင်မှာ ပျော်ရွှင်ကြတယ်၊ Post တွေအပြိုင်အဆိုင် တင်ကြတယ်၊ ဘယ်သူက Like အများဆုံးရလဲ၊ Follower ဘယ်နှစ်သောင်းရှိသလဲ၊ ဘယ်သူ့ကို ဖောင်းထုနေသလဲ ဆိုတာမျိုးတွေနဲ့ အချိန်ကုန်ဆုံးနေကြရတာပါ။ အဲဒီအထဲမှာ ရန်ကုန်မြို့နေလူထု အများစုလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသား အများစုဟာ အင်တာနက် အသုံးပြုကြတယ်လို့ဆိုလာရင် အများစုက Facebook အသုံးပြုတာကိုပဲ ဆိုလိုကြတာလို့ မီဒီယာအချို့က သုံးသပ်ပါတယ်။ ဆွေမျိုးမိတ်သင်္ဂဟစုံလာရင် ကျန်းမာရေးနဲ့ သာကြောင်းမာကြောင်းကို ခဏဖယ်ထား Facebook ပေါ်ကသတင်းတွေကိုပဲ မြိန်ရေယှက်ရေပြောကြရင်း နေ့စဉ်ဘဝကို ဖြတ်သန်းနေ ကြပါတယ်။

“စကားပြောချင်လို့ ဆိုင်ထိုင်တယ်၊ ထိုင်တော့လည်း ထွေထွေထူးထူး မပြောဖြစ်ပါဘူး၊ ဖုန်းကိုပဲထိုင်ပွတ်နေကြတယ်၊ အဲလိုမလုပ်ရဘူးလို့ အကြံပေးတော့လည်း ခဏပဲမိနစ်ပိုင်းပဲ ပြီးတော့လည်း ပြန်ပွတ်တာပါပဲ၊ စကားပြောဖြစ်တော့လည်း Mobile Legend မှာ ဘယ်အကောင်နဲ့ ဘယ်လိုတိုက်တယ်ဆိုတာတွေချည်းပါပဲ” လို့ ကုမ္ပဏီဝန်ထမ်း ကိုအောင်နိုင်က ပြောပါတယ်။ ဆိုရှယ်မီဒီယာကြောင့် အဆင်ပြေတာတွေ၊ အကျိုးရလဒ်တွေများသလို အဆင်မပြေတာတွေလည်း ရှိပါတယ်။ “လူမှုကွန်ရက်ပေါ်မှာ မိမိတင်မယ့် Post တွေ၊ Comment တွေ၊ Like တွေအတွက် သေသေချာချာ စဉ်းစားလုပ်ဆောင်စေချင်ပါတယ်” လို့ ဥပဒေအကြံပေး ဦးခင်ထွန်းကပြောပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လက ကျင်းပခဲ့တဲ့ ဘားကမ့်ပြည်အခမ်းအနားမှာ ၆၆ (ဃ) အကြောင်းကို အသိပညာဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ခြိမ်းခြောက်ခံရမှုတွေအတွက် မိမိကပြုသူဆိုရင် ၆၆ (ဃ) နဲ့တရားစွဲ ဆိုခံရနိုင်သလို၊ မိမိအနေနဲ့အပြု
ခံရသူဆိုရင် ၆၆ (ဃ) နဲ့တရားပြန်စွဲလို့ရပါတယ်။

လူမှုကွန်ရက်ပေါ်မှာ Post တွေတင်တာ၊ အဲ့ဒီအပေါ်မှာ Comment တွေရေးတာ၊ Like တွေ၊ Share တွေပြုလုပ်ကြတဲ့အခါမှာ တစ်ဖက်သား နစ်နာသွားရင်ပြစ်မှုမြောက်ပြီး ၆၆ (ဃ) နဲ့
တရားစွဲခံရနိုင်ပါတယ်။ အနယ်နယ်အရပ်ရပ်က နေရာတွေမှာ ၆၆ (ဃ) နဲ့ပတ်သက်ပြီးတော့ အမှုတွေဖြစ်ပြီး တရားစွဲဆိုခံရတာတွေ ရှိနေကြောင်း ဦးခင်ထွန်းက အသိပညာဝေမျှ ခဲ့ဖူးပါတယ်။ “အဲဒီတော့ ဘယ်အချက်တွေက ၆၆ (ဃ) ဥပဒေမြောက်သလဲဆိုတော့ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီးတော့ လူပုဂ္ဂိုလ်တစ်ဦးဦးကို စောင်းမြောင်းပြောဆိုတာ၊ နိုင်လိုမင်းထက်ပြုလုပ်တာ၊ မတရားတားဆီး ကန့်ကွက်မယ်၊ အသရေဖျက်မယ်၊ နှောင့်ယှက်မယ်၊ ခြိမ်းခြောက်မှု တစ်ခုခုကိုပြုလုပ်မယ်ဆိုရင် သူ့ကို ဆက်သွယ်ရေးဥပဒေပုဒ်မဖြစ်တဲ့ ၆၆ (ဃ) နဲ့ တရားစွဲလို့ရတယ်၊ ၂၀၁၃ မှာ ချမှတ်ထားတဲ့ ဆက်သွယ်ရေးဥပဒေမှာ သူ့ကိုအရေးယူမယ်ဆိုရင် အရင်ဆုံးသူ့ကို သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ကိုဖြစ်စေ၊ ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်၊ ဒါပေမဲ့ ၂၀၁၇ မှာ အဲ့ဒီဥပဒေကို ပြင်ဆင်လိုက်တယ်၊ အဲဒီဥပဒေနဲ့ အရေးယူခံရတဲ့သူဆိုရင် အာမခံမပေးတော့ဘူး၊ မပေးတဲ့အတွက် အချုပ်ထဲမှာ
၆၆ (ဃ) နဲ့တရားစွဲဆိုခံရသူကို အာမခံပေးရမလား၊ မပေးရဘူးလားဆိုတဲ့ ဒွိဟသံသယဖြစ်စရာ အကြောင်းတွေကို တရားစီရင်ရေးကဏ္ဍ၊ တရားစီရင်ရေးနယ်ပယ်မှာ ပေါ်ပေါက်နေတယ်၊ ပြည်သူတွေကလည်း မကျေနပ်တဲ့အတွက် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ပတ်သက်ပြီးတော့ ဘယ်လိုပြင်ဆင် ပြောင်းလဲမလဲဆိုပြီးတော့ လွှတ်တော်မှာတင်တယ်၊ လွှတ်တော်ကို ရောက်တော့ နောက်ပိုင်းမှာ ၆၆ (ဃ) နဲ့တရားစွဲဆိုခံရပြီးဆိုရင် အာမခံပေးကိုပေးရမယ်ဆိုတဲ့ တရားစီရင်ချက် ပြဋ္ဌာန်းချက်မျိုးကို လွှတ်တော်ကနေ အတည်ပြုပေးခဲ့တယ်၊ အဲ့ဒီတော့ ပြည်တွင်းမှာ လက်ရှိဥပဒေတစ်ခုကို ပြဋ္ဌာန်းမယ်ဆိုလို့ရှိရင် ဘယ်တော့ပြီးပြည့်စုံအောင် ပြဋ္ဌာန်းတာမရှိသေးဘဲနဲ့ ပြင်တာတွေ၊ ဖျက်တာတွေ၊ အသစ်ပြဋ္ဌာန်းတာတွေ တွေ့ရပါတယ်” လို့ ဦးခင်ထွန်းက ပြောပါတယ်။

ပြစ်မှုမြောက်ခြင်းအဆင့်ကို မရောက်ခင်မှာမပြောဘဲ သိသင့် တဲ့လူမှုကျင့်ဝတ်တွေကို နားလည်သိရှိရင်တော့ အချင်းချင်းမိတ်ပျက်စရာ မလိုတော့ဘူးလို့ Facebook နေ့စဉ်အသုံးပြုနေတဲ့ မဝေဝေကျော်က သုံးသပ်ပါတယ်။ ဥပမာအားဖြင့် သူငယ်ချင်းအပေါင်းအသင်းတွေ ဆုံလာရင် ဖုန်းကိုဘေးချထားတာမျိုး၊ လုံးဝမကိုင်တော့ဘဲ အိတ်ထဲထည့်ထားတာမျိုး၊ စကားပြောနေတုန်း ဖုန်းလာရင် ခွင့်တောင်းပြီးမှ ပြောတာမျိုးတို့က ပြောစရာမလိုတဲ့ ကျင့်ဝတ်တွေလို့ သူကသုံးသပ်ပါတယ်။ “အစားအသောက်ဆိုင်ထိုင်ရင် မစားခင်မှာ Facebook နတ်ကိုဦးတင်ပြီး တွေ့သမျှ အစားအသောက်ကို ဓာတ်ပုံရိုက်နေတာမျိုး၊ ဆိုင်ကစားပွဲထိုးကို ဓာတ်ပုံရိုက်ခိုင်းတာမျိုးတွေကတော့ အမြဲတမ်းမလုပ်သင့်တဲ့ အရာတွေလို့ယူဆပါတယ်” လို့ ဆိုပါတယ်။ မိုဘိုင်းဖုန်း တစ်လုံးက ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတာမျိုး ကြုံရပေါင်းများနေပြီလို့ မဝေဝေကျာ်ကဆိုပါတယ်။ မျက်စိနောက်စရာတွေ တွေ့လာတော့ စိတ်မကြည်လင်တာတွေ ရှိလာမယ်၊ မကျေနပ်ချက်ကို ဆိုရှယ်မီဒီယာပေါ်မှာပဲ တင်မိမယ်၊ ဟိုဖက်ကလည်း သူ့ကိုစောင်းရေးတယ်ဆိုပြီး အပြန်အလှန်တင်တယ် ဒီတော့ အချင်းချင်းမိတ်ပျက်ရတဲ့ အဆင့်အထိရောက်မယ်၊ နောက်တစ်ဆင့်ကတော့ ပြဿနာပိုမိုကြီးထွားလာမယ်လို့ သုံးသပ်ပြောကြားပါတယ်။

မယ်လ်ဘုန်းတက္ကသိုလ်မှာရှိတဲ့ National Centre of Excel-lence in Youth Mental Health က သုတေသနပညာရှင်တွေက Social Media အသုံးပြုမှုကြောင့် စိတ်ဓာတ်ကျတာတွေ၊ စိုးရိမ်ပူပန်ကြောင့် ကြမှုများတာတွေ၊ အိပ်စက်ခြင်းနဲ့ဆိုင်တဲ့ ပြဿနာတွေ၊ အစာစားခြင်းနဲ့ဆိုင်တဲ့ ပြဿနာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်နိုင်ချေများတာတွေ စတဲ့အန္တရာယ်တွေနဲ့ ဆက်စပ်နေကြောင်း ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာအားဖြင့် တစ်ဖက်လူနဲ့ ဆက်ပြီးမဆုံတွေ့ချင်တော့တာမျိုး၊ မဆက်ဆံချင်တော့တာမျိုးအထြိ ဖြစ်ဖူးတယ်လို့ ကိုအောင်နိုင်က ဆိုပါတယ်။ Facebook နဲ့ပတ်သက်ပြီး သူ့ခံစားချက်ကဒီလိုပါ။ “Facebook နဲ့ ဂိမ်းတွေအကြောင်း မပါမဖြစ်ဖြစ်နေတဲ့ အဝန်းအဝိုင်းမှာ မပျော်တော့ဘူး၊ ဒီတော့ မိတ်မပျက်ခင် ကိုယ်ကပဲရှောင်လိုက်ပါတယ်၊ မြို့နေလူထုအတွက် Virtual Life က လက်ရှိဘဝတွေထက် အရေးကြီးနေတာကိုး”