September 21, 2018
Facebook လုံခြုံရေး ဘယ်လောက်အထိ လိုအပ်သလဲ
[ Zawgyi ]
“အကောင့်လုံခြုံရေးအတွက် Password မကြာခဏချိန်းတယ်၊ ကိုယ့်အကောင့်ကို အမြဲစောင့် ကြည့်တယ်၊ လူစိမ်းတွေ လာအပ်သလား၊ အဲဒါမျိုးပေါ့၊ ကိုယ်ပိုင်အချက်အလက် လုံခြုံရေး ကတော်တော် အရေးပါပါတယ်၊ ကိုယ့်အကြောင်း ခရေစေ့တွင်းကျ အကုန်တင်ထားလို့ မဖြစ်ဘူး၊ ဖုန်းနံပါတ် အိမ်အမှတ်တွေပါ တင်ထားရင် မလိုလားအပ်တဲ့ ပြဿနာတွေ ရှိလာနိုင်တယ်” လို့ ကိုထက်နိုင်ဇော် (နေပြည်တော် တာဝန်ခံ၊ ဧရာဝတီ သတင်းဌာန) ကပြောပါတယ်။ အကောင့်လုံခြုံ ရေးဆိုင်ရာ စိန်ခေါ်မှုဟာ မြန်မာနိုင်ငံမှာ
အထူးကြုံတွေ့ရတဲ့ အရာတစ်ခုဖြစ်လာကြောင်း၊ တစ်ချို့တွေရဲ့ Facebook အကောင့်တွေဟာ သူများဖွင့်ပေးထားတာဖြစ်ပြီး ကိုယ်ပိုင်အီးမေးလ် ဖုန်းနံပါတ်တွေနဲ့ မဟုတ်ကြတာ သိရှိရကြောင်း၊ ဒီအခါမှာ အကောင့်တွေရဲ့ လုံခြုံမှုနဲ့ ခိုးယူမှုခံရခြင်း တွေကို ဖြစ်ပေါ်စေနိုင်ကြောင်း Sheen Handoo, Content Policy, Facebook က ပြောပါတယ်။ “ဒီကိစ္စကို ဖြေရှင်းဖို့ ကျွန်မတို့ လုပ်ဆောင်ခဲ့တဲ့ အဆင့်တွေရှိခဲ့ပါတယ်၊ အကောင့်လုံခြုံရေးပညာ ပေးခြင်းဆိုတဲ့ ကမ်ပိန်းအပါအဝင် မြန်မာလူထု အသိုင်းအဝိုင်းကို ကိုယ့်ရဲ့အကောင့်တွေကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတဲ့ ပညာပေးခြင်း အစီအစဉ်တွေလည်း ပါဝင်ပါတယ်၊ ဒါ့အပြင် ကျွန်မတို့ပြုလုပ်ထားတဲ့ မြန်မာနိုင်ငံအတွက် Safety Page မှာ မြန်မာဘာသာစကားနဲ့ အကောင့်လုံခြုံရေးအတွက် အကြံပေးချက်တွေကို ထပ်မံထည့်သွင်းထားပြီး အကောင့်လုံခြုံရေး အကြံပေးချက် ဗီဒီယိုဖိုင်လည်း ရှိပါတယ်။ ဒီဗီဒီယိုဖိုင်မှာဆိုရင် အကောင့်တစ်ခုကို လုံခြုံစွာတည်ထောင်ရေးအတွက် အချက်တွေကိုအဆင့်လိုက် ဖော်ပြပေးထားတဲ့အပြင် အကောင့်ဖွင့်တိုင်း လူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ်၊ အီးမေးလ်လိပ် စတွေနဲ့ ချိတ်ဆက်ခြင်းနဲ့လည်း အကောင့်ခိုးယူခံရမှုကို ကာကွယ်နိုင်တယ် ဆိုတာကို ထပ်မံအသိ ပေးထားပါတယ်” လို့ Sheen Handoo က ဆိုပါတယ်။
ကမ္ဘာတလွှားမှာဆိုရင် အချိန်နဲ့အမျှ ဘယ်လိုချိတ်ဆက် ဆက်သွယ်မှုတိုင်းမဆို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ လူမှုအသိုင်းအသိုင်း ပိုမိုကျယ်ပြန့်လာရေးကို အားပေးကြောင်း၊ လူတိုင်းဟာ လုံခြုံပြီး အပြုသဘောဆောင်တဲ့ Facebook ဝန်ဆောင်မှုတွေကို လိုအပ်ကြောင်း၊ ဒါကြောင့်လည်း မြန်မာနိုင်ငံက လူမှုအသိုင်း အ၀ိုင်းအတွက် Facebook အကောင့်လုံခြုံရေးကို ဆောင်ရွက် နေကြောင်း ဆက်လက် ပြောကြားခဲ့ပါတယ်။ “မြန်မာနိုင်ငံဟာ တမူထူးခြားပြီး ရှုပ်ထွေးတဲ့ စိန်ခေါ်မှု တွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ ဒါကြောင့်မို့ ဒီလိုစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ကျွန်မတို့ဟာ လူအင်အား၊ မူဝါဒတွေ၊ product ပိုင်းဆိုင်ရာနဲ့ ပရိုဂရမ်တွေကို ရင်းနှီးမြှုပ်နှံထားပြီး Facebook ကို အားကိုးတကြီး အသုံးပြုကာ Facebook ကြောင့် အကျိုး ရရှိနေတဲ့ သန်းပေါင်းများစွာသော နေ့စဉ် အသုံးပြုသူတွေကို ကာကွယ်ပေးနိုင်ဖို့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
Facebook အသုံးပြုသူတွေအတွက် လူမှုကွန်ရက်စံနှုန်းတွေကို မြန်မာဘာသာနဲ့ အသေးစိတ်ပြန်ဆိုပြီး ဖြန့်ဝေခင်း၊ ပွင့်လင်းမြင်သာမှုနဲ့ ယုံကြည်စိတ်ချရမှု တိုးမြင့်လာခြင်းတို့ကို အလေးပေး ဆောင်ရွက်ရမှာဖြစ်ကြောင်း Facebook က ပြောကြားထားပြီး အသုံးပြုသူတွေ ဘက်က အကောင့်လုံခြုံရေးကို အလေးထားဖို့ လိုအပ်လာမှာတော့ အသေအချာပဲဖြစ်ပါတယ်။
-ထွန်းထွန်း
[ Unicode ]
မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ ၁၈ သန်းဟာ နေ့စဉ် Facebook ကို အသုံးပြုနေပါတယ်။ ဆိုရှယ်မီဒီယာ တစ်ခုဖြစ်တာကြောင့် နေ့စဉ် လုပ်ငန်းဆောင်တာတွေ၊ ပျော်ရွှင်စရာ ဝမ်းနည်းစရာ အသိပညာပေးစရာအစရှိတဲ့ ကြောင်းအရာတွေကို Facebook ပေါ်ကနေ ဝေမျှကြတဲ့အထဲမှာ မြို့နေလူဦးရေ တော်တော်များများ ပါဝင်နေပါတယ်။ Facebook ကို အသုံးပြုပြီး အမုန်းတရားတွေ၊ သတင်းအမှားတွေ၊ တင်းမာမှုတွေကို မီးလောင်ရာ လေပင့်လုပ်နေတာမျိုး အကြမ်းဖက်မှုတွေကို လှုံ့ဆော်ဖို့ စတာတွေအတွက် ပြုလုပ်နေတာမျိုးတွေလည်း ရှိလာပါတယ်။ အဆိုးဆုံးကတော့သူတစ်ပါးရဲ့ Facebook အကောင့်ကို Hack တာမျိုးပါပဲ။ ဒီအတွက် Facebook အကောင့် လုံခြုံရေးဟာ အရေးပါလာပါတော့တယ်။
“အကောင့်လုံခြံုရေးအတွက် Password မကြာခဏချိန်းတယ်၊ ကိုယ့်အကောင့်ကို အမြဲစောင့် ကြည့်တယ်၊ လူစိမ်းတွေ လာအပ်သလား၊ အဲဒါမျိုးပေါ့၊ ကိုယ်ပိုင်အချက်အလက် လုံခြံုရေး ကတော်တော် အရေးပါပါတယ်၊ ကိုယ့်အကြောင်း ခရေစေ့တွင်းကျ အကုန်တင်ထားလို့ မဖြစ်ဘူး၊ ဖုန်းနံပါတ် အိမ်အမှတ်တွေပါ တင်ထားရင် မလိုလားအပ်တဲ့ ပြဿနာတွေ ရှိလာနိုင်တယ်” လို့ ကိုထက်နိုင်ဇော် (နေပြည်တော် တာဝန်ခံ၊ ဧရာဝတီ သတင်းဌာန) ကပြောပါတယ်။ အကောင့်လုံုခြံု ရေးဆိုင်ရာ စိန်ခေါ်မှုဟာ မြန်မာနိုုင်ငံမှာ
အထူးကြံုတွေ့ရတဲ့ အရာတစ်ခုုဖြစ်လာကြောင်း၊ တစ်ချို့တွေရဲ့ Facebook အကောင့်တွေဟာ သူများဖွင့်ပေးထားတာဖြစ်ပြီး ကိုုယ်ပိုုင်အီးမေးလ် ဖုုန်းနံပါတ်တွေနဲ့ မဟုုတ်ကြတာ သိရှိရကြောင်း၊ ဒီအခါမှာ အကောင့်တွေရဲ့ လုံုခြံုမှုနဲ့ ခိုုးယူမှုခံရခြင်း တွေကိုု ဖြစ်ပေါ်စေနိုင်ကြောင်း Sheen Handoo, Content Policy, Facebook က ပြောပါတယ်။ “ဒီကိစ္စကိုု ဖြေရှင်းဖိုု့ ကျွန်မတိုု့ လုပ်ဆောင်ခဲ့တဲ့ အဆင့်တွေရှိခဲ့ပါတယ်၊ အကောင့်လုံုခြံုရေးပညာ ပေးခြင်းဆိုတဲ့ ကမ်ပိန်းအပါအဝင် မြန်မာလူထုု အသိုုင်းအဝိုင်းကိုု ကိုုယ့်ရဲ့အကောင့်တွေကိုု ဘယ်လိုုထိန်းသိမ်းရမယ်ဆိုုတဲ့ ပညာပေးခြင်း အစီအစဉ်တွေလည်း ပါဝင်ပါတယ်၊ ဒါ့အပြင် ကျွန်မတိုု့ပြုလုုပ်ထားတဲ့ မြန်မာနိုုင်ငံအတွက် Safety Page မှာ မြန်မာဘာသာစကားနဲ့ အကောင့်လုံုခြံုရေးအတွက် အကြံပေးချက်တွေကိုု ထပ်မံထည့်သွင်းထားပြီး အကောင့်လုံုခြံုရေး အကြံပေးချက် ဗီဒီယိုုဖိုုင်လည်း ရှိပါတယ်။ ဒီဗီဒီယိုုဖိုုင်မှာဆိုုရင် အကောင့်တစ်ခုုကိုု လုံုခြံုစွာတည်ထောင်ရေးအတွက် အချက်တွေကိုုအဆင့်လိုုက် ဖော်ပြပေးထားတဲ့အပြင် အကောင့်ဖွင့်တိုုင်း လူတွေဟာ သူတိုု့ရဲ့ ကိုုယ်ပိုုင်ဖုုန်းနံပါတ်၊ အီးမေးလ်လိပ် စတွေနဲ့ ချိတ်ဆက်ခြင်းနဲ့လည်း အကောင့်ခိုုးယူခံရမှုကိုု ကာကွယ်နိုင်တယ် ဆိုုတာကိုု ထပ်မံအသိ ပေးထားပါတယ်” လို့ Sheen Handoo က ဆိုပါတယ်။
ကမ္ဘာတလွှားမှာဆိုုရင် အချိန်နဲ့အမျှ ဘယ်လိုုချိတ်ဆက် ဆက်သွယ်မှုတိုုင်းမဆိုု စီးပွားရေးဖွံ့ဖြိုးတိုုးတက်မှုနဲ့ လူမှုအသိုုင်းအသိုုင်း ပိုုမိုုကျယ်ပြန့်လာရေးကိုု အားပေးကြောင်း၊ လူတိုုင်းဟာ လုံုခြံုပြီး အပြုသဘောဆောင်တဲ့ Facebook ဝန်ဆောင်မှုတွေကိုု လိုုအပ်ကြောင်း၊ ဒါကြောင့်လည်း မြန်မာနိုုင်ငံက လူမှုအသိုုင်း အဝိုင်းအတွက် Facebook အကောင့်လုံခြံုရေးကို ဆောင်ရွက် နေကြောင်း ဆက်လက် ပြောကြားခဲ့ပါတယ်။ “မြန်မာနိုုင်ငံဟာ တမူထူူးခြားပြီး ရှုပ်ထွေးတဲ့ စိန်ခေါ်မှု တွေနဲ့ ရင်ဆိုုင်နေရတယ်ဆိုုတာ ကျွန်မတိုု့ နားလည်ပါတယ်။ ဒါကြောင့်မိုု့ ဒီလိုစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ကျွန်မတိုု့ဟာ လူအင်အား၊ မူဝါဒတွေ၊ product ပိုင်းဆိုင်ရာနဲ့ ပရိုဂရမ်တွေကိုု ရင်းနှီးမြှုပ်နှံထားပြီး Facebook ကို အားကိုးတကြီး အသုံးပြုကာ Facebook ကြောင့် အကျိုး ရရှိနေတဲ့ သန်းပေါင်းများစွာသော နေ့စဉ် အသုံးပြုသူတွေကို ကာကွယ်ပေးနိုုင်ဖိုု့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
အကောင့်လုံခြံုရေးအတွက် အကြံုပြုချက်ပေးပို့တဲ့ လုပ်ဆောင်မှုတွေကို ချဲ့ထွင်ထားကြောင်း၊ ကမ္ဘာမှာရှိတဲ့ Face-book အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ Post တွေ Comment တွေ တစ်ခုခု ပယ်ဖျက်ခံရတာတွေဆိုရင် အကြံပြုတာတွေ လုပ်လာနိုင်တဲ့ အခွင့်အရေး ရှိလာကြောင်း၊ အဖော်အချွတ်၊ လိင်ပိုင်းဆိုင်ရာကိစ္စ၊ အမုန်းစကား နဲ့ ချိုးဖောက်မှုတွေ ဆက်စပ်ပါဝင်တဲ့ အကြမ်းဖက်မှုတွေအဖြစ် လတ်တလော ထည့်သွင်းထားကြောင်း၊ ဒါပေမဲ့ ဒီနှစ်အကုန်မှာတော့ အမျိုးအစား အားလုံးပါဝင်တဲ့ အရာအဖြစ် ချဲ့ထွင်ဖို့ ရည်ရွယ်ထားကြောင်း၊ Facebook ရဲ့ Public Policy Director ဖြစ်သူ Mia Garlick ကပြောပြဖူးပါတယ်။ မြန်မာနိုင်ငံက Facebook သုံးတဲ့သူတွေအနေနဲ့ အကောင့်လုံခြံုရေးပိုင်းဆိုင်ရာတွေကို ဆောင်ရွက်တာ နည်းနေသေးတယ်လို့ အသုံးပြုသူတွေ ဆီက မေးမြန်းသိရှိရပါတယ်။ အများစုကတော့ Facebook အကောင့်ကို သူများကို ဖွင့်ခိုင်းတာမျိုး၊ အကောင့်တစ်ခုတည်းကို နှစ်ယောက်မျှသုံးတာမျိုးနဲ့ Password ကို သူများကိုပေးသုံး တာမျိုးတွေဟာ ဆင်ခြင်ရမယ့် ကိစ္စတွေလို့ အသုံးပြုသူတွေက ဆိုပါတယ်။
“Facebook ကိုလည်း security မြှင့်ထားပါတယ်၊ လာ add ရင်လည်း သေချာစိစစ်ပြီးမှ လက်ခံပါတယ်၊ လုံခြံုရေးက အရေးပါတာပေါ့နော်၊ အခုခေတ်က internet ကနေ အလွယ်တကူ ရှာဖွေနေလို့ရတယ်၊ နည်းပညာမျိုးစုံလည်း ပေါ်ပေါက်နေတာဆိုတော့ ကိုယ်ပိုင်အချက် အလက်တွေလည်း ခိုးယူခံရနိုင်တယ် ဖြစ်နိုင်ရင်ပေါ့၊ ကိုယ့်ရဲ့ အကြောင်းတွေကို detail ကအစ Facebook ပေါ်မတင်စေချင်ဘူး၊ Gmail မှာဆိုလည်း strong security ပေးထားသင့်တယ်လို့ ထင်ပါတယ်” လို့ ကုမ္ပဏီဝန်ထမ်း မငြိမ်းဆုဝေက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူတွေများနေတဲ့ အတွက် Facebook ကလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့လှုပ်ရှားမှုတွေကို ခပ်စိပ်စိပ်ဆောင်ရွက်လာတာတွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မြန်မာဖောင့်ဆိုင်ရာကိစ္စ၊ မြန်မာဝန်ထမ်းတွေခန့်ထားတဲ့ ကိစ္စတွေကို ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လူမှုကွန်ရက်စံနှုန်းတွေကို ချိုးဖောက်နေတယ်လို့ထင်ရင် တိုင်ကြားနိုင်ကြောင်းလည်း Facebook ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ “ကျွန်မတို့ကုမ္ပဏီမှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို လုပ်ကိုင်ဖို့အတွက် လူအင်အားအရေအတွက်ကို တိုးမြှင့်လျက် ရှိပါတယ်၊ အဲ့ဒီမှာဆိုရင် မြန်မာဘာသာ စကားကျွမ်းကျင်သူတွေ၊ နိုင်ငံအကြောင်းသိတဲ့ သူတွေနဲ့ အရေးကိစ္စရပ်တွေမှာ ကျွမ်းကျင်သူတွေအပြင် နိုင်ငံအတွင်းက စိန်ခေါ်မှုတွေရယ်၊ နိုင်ငံအတွင်းက အသုံးပြုသူတွေကို လုံခြံုအောင် ကူညီပေးဖို့အတွက် မှန်ကန်တဲ့ အသုံးပစ္စည်းတွေ တည်ဆောက်တာတွေရယ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ Product အဖွဲ့လည်း ပါဝင်ပါတယ်” လို့ Mia Garlick က ပြောပါတယ်။
မြန်မာနိုင်ငံကို အဓိကထားတဲ့ Product, မူဝါဒနဲ့ အခြားအကျိုးတူ အဖွဲ့တွေအတွက် ဝန်ထမ်းတွေ ဆက်လက်ခန့်အပ် ထားဖို့ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။ “အခု ကျွန်မတို့မှာဆိုရင် Facebook Messenger ထဲမှာတိုင်ကြားတဲ့ ပုံစံတွေရှိနေပါပြီ၊ အဲ့ဒါကဘာကို ဆိုလိုတာလဲဆိုတော့ မြန်မာနိုင်ငံမှ အသုံးပြု သူတွေဟာ Messenger ထဲမှ ကျွန်မတို့ရဲ့ လူမှုကွန်ရက်စံနှုန်းတွေကို ချိုးဖောက်နေတယ်ဆိုပြီး သူတို့ယူဆထားတဲ့ အရာတွေ ကို တိုင်ကြားနိုင်ပါတယ်လို့ ဆိုလိုတာပါ” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
Facebook အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သတင်းစာမျက်နှာ အတုတွေ၊ သတင်းမှားတွေကို ဖယ်ရှားဖို့စီစဉ်နေကြောင်း သိရပါတယ်။“ကျွန်မတို့ဟာ ဇော်ဂျီနဲ့ Unicode Font နှစ်မျိုးကိစ္စကဲ့သို့သော မြန်မာနိုင်ငံနဲ့သာဆိုင်တဲ့ နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို အာရုံစိုက်နေပါတယ်၊ ဒါ့အပြင် ကျွန်မတို့ဟာလည်း တစ်တမတ်တည်း Font အသုံးပြုတာကိုပ့ံပိုးပေးဖို့ ရှာဖွေနေပြီး ဇော်ဂျီမှ Unicode ပြောင်းတဲ့ အရာကို တည်ဆောက်ပြီး ဖြစ်ပါတယ်။ သို့သော် လုပ်စရာ အလုပ်တွေ ရှိပါသေးတယ်” လို့ သူက ဆိုပါတယ်။
Facebook အသုံးပြုသူတွေအတွက် လူမှုကွန်ရက်စံနှုန်းတွေကို မြန်မာဘာသာနဲ့ အသေးစိတ်ပြန်ဆိုပြီး ဖြန့်ဝေခင်း၊ ပွင့်လင်းမြင်သာမှုနဲ့ ယုံကြည်စိတ်ချရမှု တိုးမြင့်လာခြင်းတို့ကို အလေးပေး ဆောင်ရွက်ရမှာဖြစ်ကြောင်း Facebook က ပြောကြားထားပြီး အသုံးပြုသူတွေ ဘက်က အကောင့်လုံခြံုရေးကို အလေးထားဖို့ လိုအပ်လာမှာတော့ အသေအချာပဲဖြစ်ပါတယ်။
-ထွန်းထွန်း