Face ID, USB-C နဲ႔ အရင္ထက္ ေသးငယ္တဲ့ bezel ေတြပါဝင္တဲ့ Apple iPad Pro သစ္

[ Zawgyi ]

ေကာလာဟလသတင္းေတြ လအတန္ၾကာ ထြက္ေပၚလာအၿပီးမွာ Apple က ဒီဇိုင္းလံုးဝ ေျပာင္းလဲျပင္ဆင္ထားတဲ့ iPad Pro ကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။ အဆိုပါ iPad Pro သစ္မွာ ေသးငယ္တဲ့ bezel ေတြနဲ႔အတူ Face ID, USB-C port နဲ႔ အရင္ထက္ စြမ္းေဆာင္ရည္ျမင့္မားတဲ့ spec ေတြ ပါဝင္လာပါတယ္။

အရင္ႏွစ္ေတြလိုပဲ iPad Pro သစ္ကို ၁၁ လက္မနဲ႔ ၁၂.၉ လက္မဆိုၿပီး screen အရြယ္အစားႏွစ္မ်ိဳးနဲ႔ ရရိွႏိုင္ပါတယ္။ ေစ်းႏႈန္းက ၁၁ လက္မအတြက္ ၇၉၉ ေဒၚလာျဖစ္ၿပီး ၁၂.၉ လက္မအတြက္က ၉၉၉ ေဒၚလာ ျဖစ္ပါတယ္။ ႀကိဳတင္မွာယူမႈကို ဒီကေန႔မွစတင္ကာ ျပဳလုပ္ႏိုင္ၿပီး တင္ပို႔ေရာင္းခ်မႈကိုေတာ့ ႏိုဝင္ဘာ ၇ ရက္မွာ စတင္မယ္လို႔ သိရပါတယ္။

ဒီ iPad Pro သစ္ဟာ home ခလုတ္မပါဝင္တဲ့ ပထမဆံုး iPad ျဖစ္ပါတယ္။ ဒါ့အျပင္ အနားေလးဘက္စလံုးက bezel ေတြရဲ႕ အရြယ္အစားကို ေလွ်ာ့ခ်ထားပါတယ္။ ဒီ screen ဟာ iPhone XR လိုပဲ Liquid Retina Display ျဖစ္တယ္လို႔ Apple က ရည္ညႊန္းခဲ့ပါတယ္။ ေခ်ာေမြ႕တဲ့ display စြမ္းေဆာင္ရည္အတြက္ ေမာ္ဒယ္ႏွစ္မ်ိဳးစလံုးမွာ Apple ရဲ႕ ProMotion နည္းပညာ အသံုးျပဳထားပါတယ္။ Home ခလုတ္ကို ဖယ္ရွားထားတာေၾကာင့္ ဒီ iPad သစ္ေတြကို iPhone X အတိုင္း gesture navigation နဲ႔ အသံုးျပဳရမွာ ျဖစ္ပါတယ္။

Apple ဟာ နားၾကပ္ေပါက္ကိုလည္း ဖယ္ရွားခဲ့ပါတယ္။ 3.5mm port မပါဝင္ေတာ့တာေၾကာင့္ သံုးစြဲသူေတြက ႀကိဳးနားၾကပ္ကေန သီခ်င္းနားေထာင္ဖို႔အတြက္ USB-C to headphone dongle တစ္ခု လိုအပ္မွာျဖစ္ပါတယ္။ အဲ့ဒီ dongle အတြက္က ၉ ေဒၚလာ က်သင့္မွာ ျဖစ္ပါတယ္။

iPad Pro ေမာ္ဒယ္ႏွစ္မ်ိဳးစလံုးမ်ာ Face ID နဲ႔ TrueDepth ကင္မရာစနစ္ကို အသံုးျပဳထားပါတယ္။ iPhone X, XS နဲ႔ XR တို႔လို notch မပါဝင္ဘဲ Face ID အစိတ္အပိုင္းေတြကို ထိပ္ဘက္က bezel မွာ ထည့္သြင္းထားပါတယ္။ iPad မွာ Face ID ဟာ tablet ကို keyboard တစ္ခုနဲ႔ ခ်ိတ္ဆက္ထားခ်ိန္ horizontal အေနအထားမွာလည္း အလုပ္လုပ္ပါတယ္။ Face ID ပါဝင္တာေၾကာင့္ Animoji နဲ႔ Memoji တို႔ကိုလည္း iPad မွာ ပထမဆံုးအႀကိမ္ အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။

2018 iPad Pro မွာ Apple ရဲ႕ A12X Bionic chip နဲ႔အတူ 8-core CPU တစ္ခုနဲ႔ 7-core GPU ကို အသံုးျပဳထားပါတယ္။ ဒီ chip ဟာ ၃၅ ရာခိုင္ႏႈန္း ပိုမိုလ်င္ျမန္တဲ့ single-core စြမ္းေဆာင္ရည္ကို ေထာက္ပံ့ေပးႏိုင္ၿပီး multicore လုပ္ေဆာင္ခ်က္ေတြမွာေတာ့ ၉၀ ရာခိုင္ႏႈန္း ပိုမိုလ်င္ျမန္တယ္လို႔ ဆိုပါတယ္။ GPU အေနနဲ႔ iPad Pro ဟာ Xbox One S ရဲ႕ ဂရပ္ဖစ္စြမ္းေဆာင္ရည္ ေထာက္ပံ့ေပးႏုိင္တယ္လို႔ Apple ရဲ႕ Jon Ternus က ေျပာပါတယ္။ Built-in flash storage ကိုေတာ့ 1TB အထိ ရရိွႏိုင္ပါတယ္။

USB-C သံုးထားတဲ့အတြက္ေၾကာင့္ ခ်ိတ္ဆက္ထားတဲ့ iPhone ကို စြမ္းအင္ေထာက္ပံ့ေပးႏိုင္ပါတယ္။ ဒါ့အျပင္ iPad Pro ကို 5K resolution display ေတြနဲ႔ပါ ခ်ိတ္ဆက္ႏိုင္ပါတယ္။

iPad Pro သစ္မွာ စပီကာေလးခုနဲ႔အတူ 12-megapixel ကင္မရာ ပါဝင္လာပါတယ္။ ဆယ္လူလာေမာ္ဒယ္ေတြအတြက္ gigabit LTE ကိုလည္း ေထာက္ပံ့ေပးထားပါတယ္။ ဘက္ထရီကိုလည္း ၁၀ နာရီဆက္တိုက္ မနားတမ္းသံုးႏိုင္တယ္လို႔ Apple က ေျပာပါတယ္။

ဆက္လက္ၿပီး Apple ဟာ ဒီဇိုင္းျပင္ဆင္ထားတဲ့ ၁၂၉ ေဒၚလာတန္ Apple Pencil ကိုလည္း မိတ္ဆက္ခဲ့ပါတယ္။ Pencil ကို အားသြင္းဖို႔အတြက္ iPad မွာ သံလိုက္နဲ႔ကပ္ၿပီး ႀကိဳးမဲ့စနစ္နဲ႔ အားသြင္းႏိုင္ပါတယ္။ iPad Pro ကို Pencil နဲ႔ tap လုပ္လိုက္တဲ့အခါမွာ iPad က Notes ကို ဖြင့္ေပးမွာျဖစ္ပါတယ္။

ဒါ့အျပင္ Apple ဟာ အရင္ Smart Keyboard ကို အဆင့္ျမွင့္တင္ခဲ့ပါတယ္။ Smart Keyboard Folio လို႔ ေခၚဆိုတဲ့ အဆိုပါထုတ္ကုန္ဟာ iPad ကို မတူညီတဲ့ typing angle ႏွစ္မ်ိဳးနဲ႔ အသံုးျပဳႏိုင္ေစမွာျဖစ္ပါတယ္။ ေစ်းႏႈန္းက ၁၁ လက္မေမာ္ဒယ္အတြက္ ၁၇၉ ေဒၚလာ၊ ၁၂.၉ ေမာ္ဒယ္အတြက္ ၁၉၉ ေဒၚလာ ျဖစ္ပါတယ္။

“ၿပီးခဲ့တဲ့ႏွစ္မွာ ကၽြန္ေတာ္တို႔ရဲ႕ iPad ေရာင္းအားက notebook ကုမၸဏီႀကီးေတြရဲ႕ notebook အားလံုးထက္ ပိုမိုခဲ့ပါတယ္” လို႔ အမႈေဆာင္အရာရိွခ်ဳပ္ Tim Cook က ေျပာပါတယ္။ Apple ဟာ စုစုေပါင္း iPad သန္း ၄၀၀ ေက်ာ္ ေရာင္းခ်ခဲ့ရတယ္လို႔ သူက ေျပာၾကားခဲ့ပါတယ္။

Ref: TheVerge

[ Unicode ]

ကောလာဟလသတင်းတွေ လအတန်ကြာ ထွက်ပေါ်လာအပြီးမှာ Apple က ဒီဇိုင်းလုံးဝ ပြောင်းလဲပြင်ဆင်ထားတဲ့ iPad Pro ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ အဆိုပါ iPad Pro သစ်မှာ သေးငယ်တဲ့ bezel တွေနဲ့အတူ Face ID, USB-C port နဲ့ အရင်ထက် စွမ်းဆောင်ရည်မြင့်မားတဲ့ spec တွေ ပါဝင်လာပါတယ်။

အရင်နှစ်တွေလိုပဲ iPad Pro သစ်ကို ၁၁ လက်မနဲ့ ၁၂.၉ လက်မဆိုပြီး screen အရွယ်အစားနှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။ စျေးနှုန်းက ၁၁ လက်မအတွက် ရ၉၉ ဒေါ်လာဖြစ်ပြီး ၁၂.၉ လက်မအတွက်က ၉၉၉ ဒေါ်လာ ဖြစ်ပါတယ်။ ကြိုတင်မှာယူမှုကို ဒီကနေ့မှစတင်ကာ ပြုလုပ်နိုင်ပြီး တင်ပို့ရောင်းချမှုကိုတော့ နိုဝင်ဘာ ရ ရက်မှာ စတင်မယ်လို့ သိရပါတယ်။

ဒီ iPad Pro သစ်ဟာ home ခလုတ်မပါဝင်တဲ့ ပထမဆုံး iPad ဖြစ်ပါတယ်။ ဒါ့အပြင် အနားလေးဘက်စလုံးက bezel တွေရဲ့ အရွယ်အစားကို လျှော့ချထားပါတယ်။ ဒီ screen ဟာ iPhone XR လိုပဲ Liquid Retina Display ဖြစ်တယ်လို့ Apple က ရည်ညွှန်းခဲ့ပါတယ်။ ချောမွေ့တဲ့ display စွမ်းဆောင်ရည်အတွက် မော်ဒယ်နှစ်မျိုးစလုံးမှာ Apple ရဲ့ ProMotion နည်းပညာ အသုံးပြုထားပါတယ်။ Home ခလုတ်ကို ဖယ်ရှားထားတာကြောင့် ဒီ iPad သစ်တွေကို iPhone X အတိုင်း gesture navigation နဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။

Apple ဟာ နားကြပ်ပေါက်ကိုလည်း ဖယ်ရှားခဲ့ပါတယ်။ 3.5mm port မပါဝင်တော့တာကြောင့် သုံးစွဲသူတွေက ကြိုးနားကြပ်ကနေ သီချင်းနားထောင်ဖို့အတွက် USB-C to headphone dongle တစ်ခု လိုအပ်မှာဖြစ်ပါတယ်။ အဲ့ဒီ dongle အတွက်က ၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

iPad Pro မော်ဒယ်နှစ်မျိုးစလုံးမျာ Face ID နဲ့ TrueDepth ကင်မရာစနစ်ကို အသုံးပြုထားပါတယ်။ iPhone X, XS နဲ့ XR တို့လို notch မပါဝင်ဘဲ Face ID အစိတ်အပိုင်းတွေကို ထိပ်ဘက်က bezel မှာ ထည့်သွင်းထားပါတယ်။ iPad မှာ Face ID ဟာ tablet ကို keyboard တစ်ခုနဲ့ ချိတ်ဆက်ထားချိန် horizontal အနေအထားမှာလည်း အလုပ်လုပ်ပါတယ်။ Face ID ပါဝင်တာကြောင့် Animoji နဲ့ Memoji တို့ကိုလည်း iPad မှာ ပထမဆုံးအကြိမ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

2018 iPad Pro မှာ Apple ရဲ့ A12X Bionic chip နဲ့အတူ 8-core CPU တစ်ခုနဲ့ 7-core GPU ကို အသုံးပြုထားပါတယ်။ ဒီ chip ဟာ ၃၅ ရာခိုင်နှုန်း ပိုမိုလျင်မြန်တဲ့ single-core စွမ်းဆောင်ရည်ကို ထောက်ပံ့ပေးနိုင်ပြီး multicore လုပ်ဆောင်ချက်တွေမှာတော့ ၉၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်တယ်လို့ ဆိုပါတယ်။ GPU အနေနဲ့ iPad Pro ဟာ Xbox One S ရဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည် ထောက်ပံ့ပေးနိုင်တယ်လို့ Apple ရဲ့ Jon Ternus က ပြောပါတယ်။ Built-in flash storage ကိုတော့ 1TB အထိ ရရှိနိုင်ပါတယ်။

USB-C သုံးထားတဲ့အတွက်ကြောင့် ချိတ်ဆက်ထားတဲ့ iPhone ကို စွမ်းအင်ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် iPad Pro ကို 5K resolution display တွေနဲ့ပါ ချိတ်ဆက်နိုင်ပါတယ်။

iPad Pro သစ်မှာ စပီကာလေးခုနဲ့အတူ 12-megapixel ကင်မရာ ပါဝင်လာပါတယ်။ ဆယ်လူလာမော်ဒယ်တွေအတွက် gigabit LTE ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီကိုလည်း ၁၀ နာရီဆက်တိုက် မနားတမ်းသုံးနိုင်တယ်လို့ Apple က ပြောပါတယ်။

ဆက်လက်ပြီး Apple ဟာ ဒီဇိုင်းပြင်ဆင်ထားတဲ့ ၁၂၉ ဒေါ်လာတန် Apple Pencil ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ Pencil ကို အားသွင်းဖို့အတွက် iPad မှာ သံလိုက်နဲ့ကပ်ပြီး ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်ပါတယ်။ iPad Pro ကို Pencil နဲ့ tap လုပ်လိုက်တဲ့အခါမှာ iPad က Notes ကို ဖွင့်ပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် Apple ဟာ အရင် Smart Keyboard ကို အဆင့်မြှင့်တင်ခဲ့ပါတယ်။ Smart Keyboard Folio လို့ ခေါ်ဆိုတဲ့ အဆိုပါထုတ်ကုန်ဟာ iPad ကို မတူညီတဲ့ typing angle နှစ်မျိုးနဲ့ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ စျေးနှုန်းက ၁၁ လက်မမော်ဒယ်အတွက် ၁၇၉ ဒေါ်လာ၊ ၁၂.၉ မော်ဒယ်အတွက် ၁၉၉ ဒေါ်လာ ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်တို့ရဲ့ iPad ရောင်းအားက notebook ကုမ္ပဏီကြီးတွေရဲ့ notebook အားလုံးထက် ပိုမိုခဲ့ပါတယ်” လို့ အမှုဆောင်အရာရှိချုပ် Tim Cook က ပြောပါတယ်။ Apple ဟာ စုစုပေါင်း iPad သန်း ၄၀၀ ကျော် ရောင်းချခဲ့ရတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

Ref: TheVerge