Eye Level

[ Zawgyi ]

ဒီေန႔ေခတ္ဟာ စမတ္ဖုန္းေတြ ေခတ္စားလာတဲ့ အခ်ိန္ျဖစ္ပါတယ္။ စမတ္ဖုန္းေတြ ေခတ္စားလာတာနဲ႔အမွ် ေနာက္ပိုင္းထြက္ စမတ္ဖုန္းေတြမွာဆိုရင္ ကင္မရာပိုင္းကို အေကာင္းဆံုးျဖစ္ေအာင္ ထည့္သြင္းေပးလာၾကတာကိုလည္း ေတြ႕ရပါတယ္။ ဒီေန႔ေခတ္မွာ ခရီးသြားတဲ့သူ ေတာ္ေတာ္မ်ားမ်ားဟာဆိုရင္လည္း ဟိုးအရင္တုန္းကလို အိတ္ေဆာင္ ကင္မရာေလးေတြနဲ႔ သြားလာတဲ့သူေတြ နည္းလာၿပီး စမတ္ဖုန္းေတြနဲ႔ ခရီးသြားၾကတဲ့သူေတြက ပိုၿပီးမ်ားလာၾကပါၿပီ။ ဒါေၾကာင့္ စမတ္ဖုန္းေတြနဲ႔ ဓာတ္ပံု႐ုိက္ၾကတဲ့ Mobile Photography ဆိုတာဟာလည္း ေခတ္စားလာခဲ့ပါတယ္။

အခုေဖာ္ျပေပးမယ့္ အေၾကာင္းအရာကေတာ့ ဓာတ္ပံု႐ိုက္တဲ့အခါမွာ အသံုးျပဳတတ္ၾကတဲ့ Eye Level ေတြအေၾကာင္းကို ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။ ဓာတ္ပံုတစ္ပံုအတြက္ အဓိကက်တဲ့ ေရျပင္ညီနဲ႔ Eye Level လို႔ေခၚတဲ့ မ်က္စိနဲ႔ ျမင္ေတြ႕ရတဲ့ အနိမ့္အျမင့္ အကြာအေဝးေတြဟာ ဓာတ္ပံုတစ္ပံုရဲ႕ စြဲေဆာင္မႈကို ပိုမိုထင္ရွားလာေစတဲ့ အခ်က္လည္း ရွိပါတယ္။

(၁) Horizontal & Vertical (အလ်ားလိုက္မ်ဥ္း၊ ေဒါင္လိုက္မ်ဥ္း)

ဓာတ္ပံုတစ္ပံုကို ႐ိုက္ဖို႔အတြက္ ကင္မရာနဲ႔ ခ်ိန္လိုက္တဲ့အခ်ိန္မွာ ဂ႐ုစိုက္ရမယ့္ အခ်က္ႏွစ္ခ်က္ရွိပါတယ္။ အဲဒါကေတာ့ အလ်ား လိုက္မ်ဥ္းနဲ႔ ေဒါင္လိုက္မ်ဥ္းေၾကာင္းေတြပါပဲ။ ဒါဟာအဓိကက်တဲ့အ ခ်က္တစ္ခုျဖစ္ပါတယ္။ ဓာတ္ပံုေတြမွာ မ်ဥ္းေၾကာင္းေတြရွိပါတယ္။ လူပံုေတြမွာေတာင္ ေနာက္ခံ ႐ႈခင္းေတြပါတဲ့ ဓာတ္ပံုေတြမွာဆိုရင္ မ်ဥ္း ေၾကာင္းေတြ ပါတတ္ပါတယ္။ လူပံုသီးသန္႔ Portrait ပံုေတြေလာက္ပဲ မ်ဥ္းေၾကာင္းပါတာနည္းတာပါ။

ဓာတ္ပံုတစ္ပံုကို ၾကည့္လုိက္တဲ့အခ်ိန္မွာ Composition ေတြဘာ ေတြ ဘာမွမတြက္ခ်က္ရေသးခင္အခ်ိန္မွာတင္ မ်ဥ္းေၾကာင္းေတြတည့္ ေနတယ္ဆိုရင္ေတာင္ ဓာတ္ပံုက ၾကည့္ေကာင္းပါတယ္။ ဒီလိုမွမဟုတ္ဘဲ ဓာတ္ပံုေပၚမွာရွိေနတဲ့ ေရျပင္ညီမ်ဥ္းနဲ႔ ေဒါင္လိုက္မ်ဥ္းေၾကာင္းေတြ ေစာင္းေနမယ္ဆိုရင္ ဓာတ္ပံုက ဆြဲေဆာင္မႈ ရွိမွာမဟုတ္ေတာ့ပါဘူး။

ဒီေနရာမွာ ျခြင္းးခ်က္တစ္ခုေတာ့ ရွိပါတယ္။ အခ်ိဳ႕ေသာ ဓာတ္ပံုေတြမွာ အလ်ားလိုက္မ်ဥ္း ေဒါင္လိုက္မ်ဥ္းေတြကို တမင္ေစာင္းၿပီး႐ိုက္ထားတဲ့ ဓာတ္ပံုေတြလည္း ရွိတတ္ပါတယ္။ ဒီလိုပံုေတြကေတာ့ မ်ဥ္းေတြကို တမင္ေစာင္းေအာင္႐ိုက္ထားၿပီး အနီးအေဝး perspective သေဘာကို ျပခ်င္တာမ်ိဳးနဲ႔ Pattern ေတြကိုျပခ်င္တဲ့ အခ်ိန္ေတြမွာ ႐ိုက္တတ္ၾကပါတယ္။

(၂) Eye Level (မ်က္စိနဲ႔ တစ္တန္းတည္းျဖစ္ေသာ အနိမ့္အျမင့္)

ဓာတ္ပံုတစ္ပံုအတြက္ တစ္ခါတစ္ရံမွာ မ်က္စိနဲ႔ ျမင္ေတြ႕ေနရတဲ့ အနိမ့္အျမင့္သေဘာကလည္း အေရးပါတဲ့ အခ်က္တစ္ခုျဖစ္ပါတယ္။ ဥပမာအေနနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ လူပံုေတြကို ဓာတ္ပံု႐ိုက္ၾကတဲ့အခါမွာ Eye Level ကအေရးႀကီးပါတယ္။ ဓာတ္ပံုတစ္ပံုမွာ လူကပုကြကြ ျဖစ္ေနၿပီး အေပၚပိုင္း တိုသြားတာမ်ိဳးေတြ ျဖစ္တတ္ၾကသလို ေအာက္ပိုင္းေတြ အရမ္းရွည္ထြက္သြားၿပီး အေပၚပိုင္းက ႀကီးသြားတာမ်ိဳးလည္း ျဖစ္ ေလ့ရွိၾကပါတယ္။ ဒါကေတာ့ Eye Level လို႔ေခၚတဲ့ မ်က္စိနဲ႔ျမင္ရတဲ့ အနိမ့္အျမင့္သေဘာေၾကာင့္ျဖစ္ပါတယ္။
လူတစ္ေယာက္ကိုဓာတ္ပံု႐ိုက္တဲ့အခါမွာ ဓာတ္ပံု႐ိုက္ခံတဲ့ Subject (လူ) ကို ကင္မရာထပ္နိမ့္တဲ့ ေနရာမွာထားၿပီး ႐ိုက္တဲ့အခါမွာ လူကို အေပၚကေနဖိၿပီး ႐ိုက္သလိုျဖစ္သြားတဲ့အတြက္ လူကပုတိုတို ျဖစ္သြား တတ္ပါတယ္။

လူတစ္ေယာက္ကို ဓာတ္ပံု႐ိုက္တဲ့အခါမွာ ဓာတ္ပံု႐ိုက္ခံတဲ့ Subject (လူ) ကို ကင္မရာထပ္ျမင့္တဲ့ ေနရာမွာထားၿပီး ႐ိုက္မယ္ဆိုရင္လူကို အကေန ပင့္ၿပီး႐ိုက္သလို ျဖစ္သြားတဲ့အတြက္ လူကေအာက္ပိုင္းရွည္ႀကီး ျဖစ္သြားတတ္ပါတယ္။

ဒါေၾကာင့္ လူတစ္ေယာက္ကို ဓာတ္ပံု႐ိုက္ေတာ့မယ္ဆိုရင္ Level က အရမ္းအေရးႀကီးပါတယ္။ လူတစ္ေယာက္ရဲ႕ လွပတဲ့ပံုပန္းသ႑ာန္ကို အဓိကေပၚလြင္ေစၿပီး အခ်ိဳးအစားက်တဲ့ ပံုတစ္ပံု ထြက္လာဖို႔အတြက္ Level ကို ဂ႐ုစိုက္ရပါမယ္။ အေျခအားျဖင့္ ဆိုရင္ေတာ့ ဓာတ္ပံုအ႐ိုက္ခံတဲ့ Subject လို႔ေခၚတဲ့ လူရဲ႕မ်က္စိနဲ႔ တစ္တန္းတည္းျဖစ္ ေလာက္တဲ့ ေနရာမွာ ကင္မရာကုိထားၿပီး ႐ိုက္မယ္ဆိုရင္ အဆင္ေျပေစ ႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီစနစ္ကို Eye Level (မ်က္စိနဲ႔ တစ္တန္းတည္း ) ျဖစ္ေသာ အေျခအေနလို႔ ေခၚတာပါ။ မ်က္စိနဲ႔ တစ္တန္းတည္း မဟုတ္တဲ့ အေျခအေနမ်ိဳးဆိုရင္ေတာင္ လူရဲ႕ရင္စို႔ေနရာေလာက္နဲ႔ ကင္မရာကို တစ္တန္းတည္း႐ိုက္ရင္လည္း အဆင္ေျပပါေသးတယ္။ ဒီအကြာအေဝး ထပ္ကင္မရာက နိမ့္သြားမယ္ဆိုရင္ေတာ့ လူက ရွည္ထြက္သြားႏိုင္ပါတယ္။ ေအာက္ေျခကေန ပင့္႐ိုက္တဲ့ ဓာတ္ပံုေတြလည္း ရွိပါတယ္။ ႀကီးမားမႈ၊ ႀကီးက်ယ္ခမ္းနားမႈ ကို ျပသခ်င္တဲ့အခါမ်ိဳးနဲ႔ ေၾကာက္မက္ဖြယ္ ေကာင္းတဲ့ အရာေတြကို ျပခ်င္တဲ့အခါမ်ိဳးေတြမွာ ေအာက္ကေန ပင့္ၿပီး႐ိုက္တက္ၾကပါတယ္။

Eye Level ဟာ တကယ္ေတာ့ Composition ေတြ၊ perspective ေတြလိုပဲ အေရးပါတဲ့ ေနရာတစ္ခုကေန ရပ္တည္ေနပါတယ္။ Eye Level အမ်ိဳးမ်ိဳးကိုလိုက္ၿပီး ဓာတ္ပံုတစ္ပံုရဲ႕ စြဲေဆာင္မႈ ေဖာ္ျပခ်က္ေတြဟာ ေျပာင္းလဲသြားတက္ပါတယ္။

ဥပမာအေနနဲ႔ ဆိုရင္ေတာ့ သစ္ပင္ေပၚကို တက္ေနတဲ့လူတစ္ေယာက္ရဲ႕ပံုကို ဓာတ္ပံု႐ိုက္မယ္ဆိုရင္ Eye Level ကအဓိကက်လာပါ လိမ့္မယ္။ တကယ္တမ္းသစ္ပင္ေပၚ တက္သြားတာဟာ တစ္ေပအျမင့္ေလာက္ပဲ ရွိေနေသးေပမယ့္ ဓာတ္ပံုနဲ႔ ေဖာ္ျပတဲ့အခ်ိန္မွာ သစ္ပင္ကလည္း အျမင့္ႀကီးျဖစ္ေနေၾကာင္းနဲ႔ တက္ေနတဲ့လူကလည္း အျမင့္တစ္ ေနရာကို ေရာက္ေနတဲ့ ပံုစံမ်ိဳးျဖစ္ေအာင္ ေဖာ္ျပမယ္ဆိုရင္ Eye Level က အေရးႀကီးပါတယ္။ ပံုမွန္အတိုင္းက ေအာက္ကေန ပင့္႐ိုက္လိုက္႐ံုနဲ႔ အနီးအေဝးကို ေဖာ္ျပႏိုင္ဖို႔ ခက္ခဲပါတယ္။ ပံုမွန္အတိုင္း ေအာက္ကေန ပင့္႐ိုက္လိုက္မယ္ဆိုရင္ လူကေအာက္ပိုင္း အႀကီးႀကီးပံုမ်ိဳးေပၚလာၿပီး အေပၚက ဘယ္ေလာက္ျမင့္လဲဆိုတဲ့ အစိတ္အပိုင္းကို ျပႏိုင္ပါတယ္။

ဒီလိုမွမဟုတ္ရင္ေတာ့ Subject နဲ႔ နည္းနည္းေဝးတဲ့ ေနရာကို ေရႊ႕ၿပီး လွမ္း႐ိုက္မယ္ဆိုရင္ အေပၚအျမင့္ေရာ ေအာက္ေျခအကြာအေဝးကိုပါ ေဖာ္ျပႏိုင္ပါလိမ့္မယ္။

[ Unicode ]

ဒီနေ့ခေတ်ဟာ စမတ်ဖုန်းတွေ ခေတ်စားလာတဲ့ အချိန်ဖြစ်ပါတယ်။ စမတ်ဖုန်းတွေ ခေတ်စားလာတာနဲ့အမျှ နောက်ပိုင်းထွက် စမတ်ဖုန်းတွေမှာဆိုရင် ကင်မရာပိုင်းကို အကောင်းဆုံးဖြစ်အောင် ထည့်သွင်းပေးလာကြတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့ခေတ်မှာ ခရီးသွားတဲ့သူ တော်တော်များများဟာဆိုရင်လည်း ဟိုးအရင်တုန်းကလို အိတ်ဆောင် ကင်မရာလေးတွေနဲ့ သွားလာတဲ့သူတွေ နည်းလာပြီး စမတ်ဖုန်းတွေနဲ့ ခရီးသွားကြတဲ့သူတွေက ပိုပြီးများလာကြပါပြီ။ ဒါကြောင့် စမတ်ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ကြတဲ့ Mobile Photography ဆိုတာဟာလည်း ခေတ်စားလာခဲ့ပါတယ်။

အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ဓာတ်ပုံရိုက်တဲ့အခါမှာ အသုံးပြုတတ်ကြတဲ့ Eye Level တွေအကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံအတွက် အဓိကကျတဲ့ ရေပြင်ညီနဲ့ Eye Level လို့ခေါ်တဲ့ မျက်စိနဲ့ မြင်တွေ့ရတဲ့ အနိမ့်အမြင့် အကွာအဝေးတွေဟာ ဓာတ်ပုံတစ်ပုံရဲ့ စွဲဆောင်မှုကို ပိုမိုထင်ရှားလာစေတဲ့ အချက်လည်း ရှိပါတယ်။

(၁) Horizontal & Vertical (အလျားလိုက်မျဉ်း၊ ဒေါင်လိုက်မျဉ်း)

ဓာတ်ပုံတစ်ပုံကို ရိုက်ဖို့အတွက် ကင်မရာနဲ့ ချိန်လိုက်တဲ့အချိန်မှာ ဂရုစိုက်ရမယ့် အချက်နှစ်ချက်ရှိပါတယ်။ အဲဒါကတော့ အလျား လိုက်မျဉ်းနဲ့ ဒေါင်လိုက်မျဉ်းကြောင်းတွေပါပဲ။ ဒါဟာအဓိကကျတဲ့အ ချက်တစ်ခုဖြစ်ပါတယ်။ ဓာတ်ပုံတွေမှာ မျဉ်းကြောင်းတွေရှိပါတယ်။ လူပုံတွေမှာတောင် နောက်ခံ ရှုခင်းတွေပါတဲ့ ဓာတ်ပုံတွေမှာဆိုရင် မျဉ်း ကြောင်းတွေ ပါတတ်ပါတယ်။ လူပုံသီးသန့် Portrait ပုံတွေလောက်ပဲ မျဉ်းကြောင်းပါတာနည်းတာပါ။

ဓာတ်ပုံတစ်ပုံကို ကြည့်လိုက်တဲ့အချိန်မှာ Composition တွေဘာ တွေ ဘာမှမတွက်ချက်ရသေးခင်အချိန်မှာတင် မျဉ်းကြောင်းတွေတည့် နေတယ်ဆိုရင်တောင် ဓာတ်ပုံက ကြည့်ကောင်းပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဓာတ်ပုံပေါ်မှာရှိနေတဲ့ ရေပြင်ညီမျဉ်းနဲ့ ဒေါင်လိုက်မျဉ်းကြောင်းတွေ စောင်းနေမယ်ဆိုရင် ဓာတ်ပုံက ဆွဲဆောင်မှု ရှိမှာမဟုတ်တော့ပါဘူး။

ဒီနေရာမှာ ခြွင်းးချက်တစ်ခုတော့ ရှိပါတယ်။ အချို့သော ဓာတ်ပုံတွေမှာ အလျားလိုက်မျဉ်း ဒေါင်လိုက်မျဉ်းတွေကို တမင်စောင်းပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေလည်း ရှိတတ်ပါတယ်။ ဒီလိုပုံတွေကတော့ မျဉ်းတွေကို တမင်စောင်းအောင်ရိုက်ထားပြီး အနီးအဝေး perspective သဘောကို ပြချင်တာမျိုးနဲ့ Pattern တွေကိုပြချင်တဲ့ အချိန်တွေမှာ ရိုက်တတ်ကြပါတယ်။

(၂) Eye Level (မျက်စိနဲ့ တစ်တန်းတည်းဖြစ်သော အနိမ့်အမြင့်)

ဓာတ်ပုံတစ်ပုံအတွက် တစ်ခါတစ်ရံမှာ မျက်စိနဲ့ မြင်တွေ့နေရတဲ့ အနိမ့်အမြင့်သဘောကလည်း အရေးပါတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ လူပုံတွေကို ဓာတ်ပုံရိုက်ကြတဲ့အခါမှာ Eye Level ကအရေးကြီးပါတယ်။ ဓာတ်ပုံတစ်ပုံမှာ လူကပုကွကွ ဖြစ်နေပြီး အပေါ်ပိုင်း တိုသွားတာမျိုးတွေ ဖြစ်တတ်ကြသလို အောက်ပိုင်းတွေ အရမ်းရှည်ထွက်သွားပြီး အပေါ်ပိုင်းက ကြီးသွားတာမျိုးလည်း ဖြစ် လေ့ရှိကြပါတယ်။ ဒါကတော့ Eye Level လို့ခေါ်တဲ့ မျက်စိနဲ့မြင်ရတဲ့ အနိမ့်အမြင့်သဘောကြောင့်ဖြစ်ပါတယ်။
လူတစ်ယောက်ကိုဓာတ်ပုံရိုက်တဲ့အခါမှာ ဓာတ်ပုံရိုက်ခံတဲ့ Subject (လူ) ကို ကင်မရာထပ်နိမ့်တဲ့ နေရာမှာထားပြီး ရိုက်တဲ့အခါမှာ လူကို အပေါ်ကနေဖိပြီး ရိုက်သလိုဖြစ်သွားတဲ့အတွက် လူကပုတိုတို ဖြစ်သွား တတ်ပါတယ်။

လူတစ်ယောက်ကို ဓာတ်ပုံရိုက်တဲ့အခါမှာ ဓာတ်ပုံရိုက်ခံတဲ့ Subject (လူ) ကို ကင်မရာထပ်မြင့်တဲ့ နေရာမှာထားပြီး ရိုက်မယ်ဆိုရင်လူကို အကနေ ပင့်ပြီးရိုက်သလို ဖြစ်သွားတဲ့အတွက် လူကအောက်ပိုင်းရှည်ကြီး ဖြစ်သွားတတ်ပါတယ်။

ဒါကြောင့် လူတစ်ယောက်ကို ဓာတ်ပုံရိုက်တော့မယ်ဆိုရင် Level က အရမ်းအရေးကြီးပါတယ်။ လူတစ်ယောက်ရဲ့ လှပတဲ့ပုံပန်းသဏ္ဍာန်ကို အဓိကပေါ်လွင်စေပြီး အချိုးအစားကျတဲ့ ပုံတစ်ပုံ ထွက်လာဖို့အတွက် Level ကို ဂရုစိုက်ရပါမယ်။ အခြေအားဖြင့် ဆိုရင်တော့ ဓာတ်ပုံအရိုက်ခံတဲ့ Subject လို့ခေါ်တဲ့ လူရဲ့မျက်စိနဲ့ တစ်တန်းတည်းဖြစ် လောက်တဲ့ နေရာမှာ ကင်မရာကိုထားပြီး ရိုက်မယ်ဆိုရင် အဆင်ပြေစေ နိုင်ပါတယ်။ ဒါကြောင့် ဒီစနစ်ကို Eye Level (မျက်စိနဲ့ တစ်တန်းတည်း ) ဖြစ်သော အခြေအနေလို့ ခေါ်တာပါ။ မျက်စိနဲ့ တစ်တန်းတည်း မဟုတ်တဲ့ အခြေအနေမျိုးဆိုရင်တောင် လူရဲ့ရင်စို့နေရာလောက်နဲ့ ကင်မရာကို တစ်တန်းတည်းရိုက်ရင်လည်း အဆင်ပြေပါသေးတယ်။ ဒီအကွာအဝေး ထပ်ကင်မရာက နိမ့်သွားမယ်ဆိုရင်တော့ လူက ရှည်ထွက်သွားနိုင်ပါတယ်။ အောက်ခြေကနေ ပင့်ရိုက်တဲ့ ဓာတ်ပုံတွေလည်း ရှိပါတယ်။ ကြီးမားမှု၊ ကြီးကျယ်ခမ်းနားမှု ကို ပြသချင်တဲ့အခါမျိုးနဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ အရာတွေကို ပြချင်တဲ့အခါမျိုးတွေမှာ အောက်ကနေ ပင့်ပြီးရိုက်တက်ကြပါတယ်။

Eye Level ဟာ တကယ်တော့ Composition တွေ၊ perspective တွေလိုပဲ အရေးပါတဲ့ နေရာတစ်ခုကနေ ရပ်တည်နေပါတယ်။ Eye Level အမျိုးမျိုးကိုလိုက်ပြီး ဓာတ်ပုံတစ်ပုံရဲ့ စွဲဆောင်မှု ဖော်ပြချက်တွေဟာ ပြောင်းလဲသွားတက်ပါတယ်။

ဥပမာအနေနဲ့ ဆိုရင်တော့ သစ်ပင်ပေါ်ကို တက်နေတဲ့လူတစ်ယောက်ရဲ့ပုံကို ဓာတ်ပုံရိုက်မယ်ဆိုရင် Eye Level ကအဓိကကျလာပါ လိမ့်မယ်။ တကယ်တမ်းသစ်ပင်ပေါ် တက်သွားတာဟာ တစ်ပေအမြင့်လောက်ပဲ ရှိနေသေးပေမယ့် ဓာတ်ပုံနဲ့ ဖော်ပြတဲ့အချိန်မှာ သစ်ပင်ကလည်း အမြင့်ကြီးဖြစ်နေကြောင်းနဲ့ တက်နေတဲ့လူကလည်း အမြင့်တစ် နေရာကို ရောက်နေတဲ့ ပုံစံမျိုးဖြစ်အောင် ဖော်ပြမယ်ဆိုရင် Eye Level က အရေးကြီးပါတယ်။ ပုံမှန်အတိုင်းက အောက်ကနေ ပင့်ရိုက်လိုက်ရုံနဲ့ အနီးအဝေးကို ဖော်ပြနိုင်ဖို့ ခက်ခဲပါတယ်။ ပုံမှန်အတိုင်း အောက်ကနေ ပင့်ရိုက်လိုက်မယ်ဆိုရင် လူကအောက်ပိုင်း အကြီးကြီးပုံမျိုးပေါ်လာပြီး အပေါ်က ဘယ်လောက်မြင့်လဲဆိုတဲ့ အစိတ်အပိုင်းကို ပြနိုင်ပါတယ်။

ဒီလိုမှမဟုတ်ရင်တော့ Subject နဲ့ နည်းနည်းဝေးတဲ့ နေရာကို ရွှေ့ပြီး လှမ်းရိုက်မယ်ဆိုရင် အပေါ်အမြင့်ရော အောက်ခြေအကွာအဝေးကိုပါ ဖော်ပြနိုင်ပါလိမ့်မယ်။