Essential PH-2 မွာ under-display selfie ကင္မရာ ပါဝင္လာႏိုင္

[ Zawgyi ]

Android ဖန္တီးသူ အန္ဒီ႐ူဘင္ရဲ႕ Essential ကုမၸဏီက ပထဆုံးဖုန္း Essential PH-1 ကုိ ၂၀၁၇ ခုႏွစ္ ေမလမွာ ထုတ္လုပ္ခဲ့ပါတယ္။ အဲဒီစမတ္ဖုန္းဟာ spec ေတြေကာင္းေပမယ့္ ကုမၸဏီအေနနဲ႔ အေျခမလွခဲ့ပါဘူး။ အခုဆိုရင္ မ်ိဳးဆက္သစ္ Essential PH-2 ဖုန္းကို ထုတ္လုပ္ဖြယ္ရွိေနပါတယ္။

ေနာက္ဆုံး ထြက္ေပၚလာတဲ့ သတင္းအရ Essential PH-2 မွာ display အတြင္းဘက္မွာ ထည့္သြင္းထားတဲ့ selfie ကင္မရာ ပါဝင္လာမယ္လို႔ သိရပါတယ္။ သုံးစြဲသူက ေရွ႕ကင္မရာကို ဖြင့္လိုက္တဲ့အခါမွာ display ကုိ ေဖာက္ထြင္းျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Essential အေနနဲ႔ PH-2 မွာ OLED panel ဒါမွမဟုတ္ LCD အသုံးျပဳမလားဆိုတာ မသိရေသးပါဘူး။

အြန္လိုင္းမွာ Essential ဖုန္းရဲ႕ ပုံၾကမ္းလည္းထြက္ေပၚလာၿပီး display အတြင္းဘက္မွာ ကင္မရာကို ပါဝင္လာပုံအျပင္ display ေအာက္မွာ fingerprint sensor ေနရာခ်ထားပုံလည္း ေဖာ္ျပထားပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Android ဖန်တီးသူ အန်ဒီရူဘင်ရဲ့ Essential ကုမ္ပဏီက ပထဆုံးဖုန်း Essential PH-1 ကို ၂၀၁၇ ခုနှစ် မေလမှာ ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီစမတ်ဖုန်းဟာ spec တွေကောင်းပေမယ့် ကုမ္ပဏီအနေနဲ့ အခြေမလှခဲ့ပါဘူး။ အခုဆိုရင် မျိုးဆက်သစ် Essential PH-2 ဖုန်းကို ထုတ်လုပ်ဖွယ်ရှိနေပါတယ်။

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းအရ Essential PH-2 မှာ display အတွင်းဘက်မှာ ထည့်သွင်းထားတဲ့ selfie ကင်မရာ ပါဝင်လာမယ်လို့ သိရပါတယ်။ သုံးစွဲသူက ရှေ့ကင်မရာကို ဖွင့်လိုက်တဲ့အခါမှာ display ကို ဖောက်ထွင်းမြင်တွေ့ရမှာ ဖြစ်ပါတယ်။ Essential အနေနဲ့ PH-2 မှာ OLED panel ဒါမှမဟုတ် LCD အသုံးပြုမလားဆိုတာ မသိရသေးပါဘူး။

အွန်လိုင်းမှာ Essential ဖုန်းရဲ့ ပုံကြမ်းလည်းထွက်ပေါ်လာပြီး display အတွင်းဘက်မှာ ကင်မရာကို ပါဝင်လာပုံအပြင် display အောက်မှာ fingerprint sensor နေရာချထားပုံလည်း ဖော်ပြထားပါတယ်။

Ref: GSMArena