Epson M1100 Mono Inkjet Printer

[ Zawgyi ]




-သန္တာ

[ Unicode ]

လေဆာပရင်တာတွေကဲ့သို့ Toner များကို အစားထိုးလဲလှယ်ရန် မလိုတော့ဘဲ မင်ပြန်လည်ဖြည့်သုံးနိုင်သလို အထူးပြုလုပ်ထားတဲ့ မင်ရည်နောက်ပြန်မစီးဆင်းနိုင်သော အတွင်းပိုင်း ဖိအားစနစ်ပါဝင်တဲ့ Epson M1100 Laser like Mono Inkjet Printer ဖြစ်ပါတယ်။ ပရင့်ထုတ်ရာမှာ 13 watt သာသုံးစွဲကြောင်း၊ 1440 x 720 dpi resolution နဲ့ A4 နှင့် Legal အပါအဝင် တစ်မိနစ်လျှင် အဖြူအမည်း စာမျက်နှာတွေကို ၁၅ မျက်နှာအထိ ပရင့်ထုတ်နိုင်မှာဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ resin coated ink ကိုအသုံးပြုထားပြီး ဒီမင်ရဲ့ အရည်အသွေးက လေဆာပရင်တာတွေ ကဲ့သို့ နက်မှောင်ထင်ရှားပြတ်သားကာ ရေစိုခံတယ်လို့သိရပါတယ်။ သုံးစွဲသူတွေအနေနဲ့ EcoTank M-series အတွက် စာမျက်နှာ ၂,၀၀၀ ပရင့်ထုတ်နိုင်တဲ့မင်ဘူးနဲ့ စာမျက်နှာ ၆,၀၀၀ ထုတ်နိုင်တဲ့ မင်ဘူးဆိုပြီး အမျိုးအစား(၂) မျိုး ရွေးချယ် ဝယ်ယူနိုင်မှာဖြစ်ကာ စတင် ဝယ်ယူတဲ့အချိန်မှာ ပရင်တာအတွင်း စုစုပေါင်း စာမျက်နှာ ၆,၀၀၀ ခန့်အထိ ပရင့်ထုတ်ပေးနိုင်တဲ့ 140 ml အနက်ရောင်မင်ဘူးတစ်ဘူး ပါရှိမှာဖြစ်ပါတယ်။

သုံးစွဲမှုကာလ ၄ နှစ် သို့မဟုတ် သုံးစွဲမှုစာမျက်နှာပေါင်း ၅,၀၀၀ အထိ အာမခံပေးထားပါတယ်။ Client Focus Technology Group Co.,Ltd(Epson Authorized Distributor in Myanmar) ဖုန်း – ၀၁ ၅၃၁၀၄၃၊ ၀၁ ၅၃၁၀၄၄ နဲ့ ၀၁ ၅၁၂၉၂၇ ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။