eGovernment အေကာင္အထည္ေဖာ္ေရး လုပ္ငန္းေကာ္မတီ ဒုတိယအႀကိမ္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး က်င္းပ

[ Zawgyi ]

eGovernment အေကာင္အထည္ေဖာ္ေရး လုပ္ငန္းေကာ္မတီ ဒုတိယအႀကိမ္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို ေဖေဖာ္ဝါရီ ၁ ရက္က ေနျပည္ေတာ္ရွိ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ႐ုံးအမွတ္ (၂) မွာ ျပဳလုပ္ခဲ့ေၾကာင္း Myanmar National Webportal ရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

eGovernment အေကာင္အထည္ေဖာ္ေဆာင္ေရး လုပ္ငန္းေကာ္မတီေတြအေနနဲ႔ ျပည္သူမ်ားနဲ႔ ႏိုင္ငံေတာ္ရဲ႕ အမွန္တကယ္ လိုအပ္ခ်က္ေတြနဲ႔ကိုက္ညီၿပီး အက်ိဳးျဖစ္ထြန္းေစမယ့္ eGovernment လုပ္ငန္းစဥ္ေတြကို ထိထိ ေရာက္ေရာက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ စနစ္တက် ေပါင္းစပ္ညႇိႏႈိင္း ေဆာင္႐ြက္သြားၾကရန္ တိုက္တြန္းေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးသန္႔စင္ေမာင္က တိုက္တြန္း ေျပာဆိုခဲ့ပါတယ္။

အစည္းအေ၀းကို eGovernment အေကာင္အထည္ေဖာ္ေရး လုပ္ငန္းေကာ္မတီဝင္မ်ား၊ ဆပ္ေကာ္မတီဝင္မ်ားနဲ႔ အထူးဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ၾကတယ္လို႔သိရပါတယ္။ eGovernment အေကာင္အထည္ေဖာ္ေရး လုပ္ငန္းေကာ္မတီ ပထမအႀကိမ္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး ဆုံးျဖတ္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ေဆာင္႐ြက္ၿပီးစီးမႈအေျခအေနမ်ား၊ ဆပ္ေကာ္မတီေတြရဲ႕ အဖြဲ႕ဝင္အခ်ိဳ႕ ျပင္ဆင္ဖြဲ႕စည္းႏိုင္ေရး ကိစၥရပ္မ်ား၊ Unicode ႏိုင္ငံတကာစံ ISO 10646 အရ ေဆာင္႐ြက္ထားေသာ ျမန္မာ Unicode စနစ္အေၾကာင္းနဲ႔ ျမန္မာ Unicode စနစ္သို႔ Migration ျပဳလုပ္မယ့္ အစီအစဥ္မ်ား၊ Radio Frequency ID စနစ္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ေရး ကိစၥရပ္မ်ား၊ ဝန္ႀကီးဌာန/ႏိုင္ငံေတာ္အဖြဲ႕အစည္းမ်ား အတြက္ Domain Name နဲ႔ e-mail လိပ္စာမ်ား သတ္မွတ္အသုံးျပဳႏိုင္ေရး အေၾကာင္းအရာမ်ား Cyber Law မူၾကမ္းျပဳစုေရးဆြဲျခင္းလုပ္ငန္း အေထာက္အကူျပဳ ေကာ္မတီဖြဲ႕စည္းေရးကိစၥရပ္မ်ားအား အသီးသီး ေဆြးေႏြးတင္ျပခဲ့တယ္လို႔ သိရပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

eGovernment အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂) မှာ ပြုလုပ်ခဲ့ကြောင်း Myanmar National Webportal ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

eGovernment အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွေအနေနဲ့ ပြည်သူများနဲ့ နိုင်ငံတော်ရဲ့ အမှန်တကယ် လိုအပ်ချက်တွေနဲ့ကိုက်ညီပြီး အကျိုးဖြစ်ထွန်းစေမယ့် eGovernment လုပ်ငန်းစဉ်တွေကို ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် စနစ်တကျ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

အစည်းအဝေးကို eGovernment အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များနဲ့ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ eGovernment အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆပ်ကော်မတီတွေရဲ့ အဖွဲ့ဝင်အချို့ ပြင်ဆင်ဖွဲ့စည်းနိုင်ရေး ကိစ္စရပ်များ၊ Unicode နိုင်ငံတကာစံ ISO 10646 အရ ဆောင်ရွက်ထားသော မြန်မာ Unicode စနစ်အကြောင်းနဲ့ မြန်မာ Unicode စနစ်သို့ Migration ပြုလုပ်မယ့် အစီအစဉ်များ၊ Radio Frequency ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ဝန်ကြီးဌာန/နိုင်ငံတော်အဖွဲ့အစည်းများ အတွက် Domain Name နဲ့ e-mail လိပ်စာများ သတ်မှတ်အသုံးပြုနိုင်ရေး အကြောင်းအရာများ Cyber Law မူကြမ်းပြုစုရေးဆွဲခြင်းလုပ်ငန်း အထောက်အကူပြု ကော်မတီဖွဲ့စည်းရေးကိစ္စရပ်များအား အသီးသီး ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။