E38 Business wireless headset collar clip telescopic

ဖုန်းပြောဆိုခြင်းတွေနဲ့ သီချင်းနားထောင်ခြင်းတွေအတွက် အလွယ်တကူ အသုံးပြုနိုင်မယ့် Hoco အမှတ်တံဆိပ် E38 မော်ဒယ် Business wireless headset collar clip telescopic ဖြစ်ပါတယ်။ အင်္ကျီရဲ့ သင့်တော်တဲ့နေရာ မှာ ညှပ်ထားနိုင်မယ့် CLIP နဲ့ဖြစ်ပြီး ဖုန်းလာတဲ့အခါ ညှပ်ထားတဲ့နေရာမှ နားကြပ်ကိုဆွဲထုတ်ပြီး ဖုန်းပြောဆိုနိုင် သလို နားကြပ်ကြိုးကို အတွင်းသို့လည်းပြန်သွင်းနိုင်မှာဖြစ်ပါတယ်။ အသံပိုင်းကတော့ တစ်ဖက်တည်း ပါဝင်ပေမယ့် အသံထွက် ကြည်လင်ပြတ်သားစွာ ခံစားနားဆင်နိုင်မယ်လို့ သိရပါတယ်။

အားအပြည့်သွင်းထားရင် ၅ နာရီကြာ အသုံးပြုနိုင်ပြီး Standby time အနေနဲ့ နာရီပေါင်း ၃၀၀ ထားရှိနိုင်မှာ ဖြစ်ပါတယ်။ တန်ဖိုးက ၁၇,၀၀၀ ကျပ်ဖြစ်ပြီး Hoco Myanmar-Authorized Distributor ဖုန်း ၀၉-၉၆၆ ၂၆၉၈၉၂ ကို ဆက်သွယ် ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။

-ဝေဝေ