e-ID စနစ္ေဖာ္ေဆာင္ရန္ အႀကံေပးဝန္ေဆာင္မႈအဖြဲ႕ ငွားရမ္းမည္

[ Zawgyi ]

e-ID စနစ္ကို စတင္အေကာင္အထည္ ေဖာ္ေဆာင္ဖို႔အတြက္ ႏုိင္ငံတကာ ကၽြမ္းက်င္ပညာရွင္ေတြ ပါဝင္တဲ့ အႀကံေပးဝန္ေဆာင္မႈအဖြဲ႕ကို သတ္မွတ္ခ်က္ေတြနဲ႔အညီ ငွားရမ္းေဆာင္ရြက္ သြားမယ္လုိ႔ သိရပါတယ္။

ေနျပည္ေတာ္အပါအဝင္ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္မ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတုိင္းနဲ႔ေဒသမ်ား၊ ခရိုင္၊ ၿမိဳ႕နယ္၊ ရပ္ကြက္/ေက်းရြာ အဆင့္ဆင့္တုိ႔မွာ e-ID လုပ္ငန္းနဲ႔ ပတ္သက္ၿပီး ဦးေဆာင္ႀကီးၾကပ္မႈအဖြဲ႕နဲ႔ လုပ္ငန္းအဖြဲ႕မ်ား ဖြဲ႕စည္းဖို႔ eGovernment ဦးေဆာင္ေကာ္မတီရဲ႕ ခြင့္ျပဳခ်က္ရွိၿပီး ျဖစ္တယ္လုိ႔ လုပ္ငန္းေကာ္မတီဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ eGovernment စနစ္အား ထိေရာက္ေအာင္ျမင္စြာ ေဆာင္ရြက္ေရးအတြက္ eGovernment ဦးေဆာင္ေကာ္မတီ၏ လမ္းညႊန္ခ်က္ေတြအေပၚ e-ID စနစ္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ႏုိင္ေရးအတြက္ e-ID စနစ္ လုပ္ငန္းေကာ္မတီရဲ႕ ဒုတိယအႀကိမ္ လုပ္ငန္းညိႇႏႈိင္းအစည္းအေဝးကို ေဖေဖာ္ဝါရီလ ၈ ရက္က ေနျပည္ေတာ္ရွိ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန အစည္းအေဝးခန္းမမွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

-ေဝေဝ

[ Unicode ]

e-ID စနစ်ကို စတင်အကောင်အထည် ဖော်ဆောင်ဖို့အတွက် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့ အကြံပေးဝန်ဆောင်မှုအဖွဲ့ကို သတ်မှတ်ချက်တွေနဲ့အညီ ငှားရမ်းဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ဒေသများ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အဆင့်ဆင့်တို့မှာ e-ID လုပ်ငန်းနဲ့ ပတ်သက်ပြီး ဦးဆောင်ကြီးကြပ်မှုအဖွဲ့နဲ့ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဖို့ eGovernment ဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်ရှိပြီး ဖြစ်တယ်လို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ eGovernment စနစ်အား ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရေးအတွက် eGovernment ဦးဆောင်ကော်မတီ၏ လမ်းညွှန်ချက်တွေအပေါ် e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ် လုပ်ငန်းကော်မတီရဲ့ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။