e-Government Conference 2018 ဘာေတြ ထူးျခားလဲ

[ Zawgyi ]

e-Government Conference and ICT Exhibition 2018 အခမ္းအနားကို ေနျပည္ေတာ္ ျမန္မာအျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းဗဟိုဌာန – ၂ မွာ ႏို၀င္ဘာ ၂၇ နဲ႔ ၂၈ ရက္က က်င္းပခဲ့ပါတယ္။

e-Government ဦးေဆာင္ေကာ္မတီအေၾကာင္း

e-Government စနစ္ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ ေဆာင္ရြက္နိုင္ေရးအတြက္ e-Government ဦးေဆာင္ေကာ္မတီကို ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္က နာယကအျဖစ္ ဦးေဆာင္ၿပီး လုပ္ငန္းတာဝန္ ( ၅)ရပ္ ခ်မွတ္ကာ အေကာင္အထည္ေဖာ္ ေဆာင္ရြက္လ်က္ရွိ ေၾကာင္း၊ ဦးေဆာင္ေကာ္မတီရဲ႕လုပ္ငန္းတာဝန္ေတြကို ေအာင္ျမင္စြာ အေကာင္အထည္ ေဖာ္ႏိုင္ေရးအတြက္ e-Government လုပ္ငန္းေကာ္မတီ၊ e-ID စနစ္လုပ္ငန္းေကာ္မတီနဲ႔ ဆပ္ေကာ္မတီ( ၈ ) ခုကို ဖြဲ႕စည္းၿပီး လုပ္ငန္းေတြ အေကာင္အထည္ေဖာ္ ေဆာင္ရြက္လ်က္ ရွိေၾကာင္း e-Government ဦးေဆာင္ေကာ္မတီဥကၠ႒ ဒုတိယသမၼတဦးျမင့္ေဆြ တက္ေရာက္အမွာစကား ေျပာၾကားရာမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

e-Government အစိုးရ

e-Government ဆိုတာက ႏိုင္ငံေတာ္အစိုးရရဲ႕ လုပ္ငန္းေဆာင္ရြက္မႈေတြနဲ႔ ဆုံးျဖတ္ခ်က္ေတြ လ်င္ျမန္လာေစေရး၊ လုပ္ငန္းမ်ား ပိုမိုထိေရာက္ တြင္က်ယ္ေစေရး၊ ဝန္ေဆာင္မႈေပးရာမွာ တိုးတက္ ေကာင္းမြန္လာေစေရး၊ ျပည္သူေတြရဲ႕ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးရာမွာ ပြင့္လင္းျမင္သာမႈရွိၿပီး လ်င္ျမန္စြာေဆာင္ရြက္ေပးႏိုင္ေရး၊ ႏိုင္ငံ့ဝန္ထမ္းေတြနဲ႔ ဆက္သြယ္ ေဆာင္ရြက္ရာမွာ လြယ္ကူလ်င္ျမန္ေစေရးတို႔အတြက္ သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရးနည္းပညာ (ICT) ကို အသုံးျပဳေဆာင္ရြက္တဲ့ အစိုးရျဖစ္ေၾကာင္း၊ e-Government ကို အေကာင္အထည္ေဖာ္ရတဲ့ ရည္ရြယ္ခ်က္မွာ အစိုးရနဲ႔ ျပည္သူေတြအၾကား၊ အစိုးရနဲ႔ႏိုင္ငံ့ ဝန္ထမ္းေတြအၾကား၊ အစိုးရနဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြအၾကား၊ အစိုးရဌာနအခ်င္းခ်င္း ဆက္သြယ္ေဆာင္ရြက္ရာမွာ ပိုမိုလ်င္ျမန္ ေကာင္းမြန္လာေစေရးျဖစ္ေၾကာင္း၊ e-Government ဟာ ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံတစ္ခုကို ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံတစ္ခုအျဖစ္ ကူးေျပာင္းႏိုင္ေရးအတြက္ စြမ္းေဆာင္ေပးႏိုင္သလို ႏိုင္ငံရဲ႕ေရရွည္တည္တံ့တဲ့ ဖြံ႔ၿဖိဳးတိုးတက္မႈ ရရွိႏိုင္ေရးနဲ႔ ဆင္းရဲမႈ ေလၽွာ့ခ်ႏိုင္ေရးအတြက္ အေရးပါတဲ့ က႑တစ္ခုလည္း ျဖစ္ေၾကာင္း၊ ဒါ့အျပင္ e-Government ဟာ တိုင္းျပည္ဖြံ႕ၿဖိဳး တိုးတက္မႈကို တိုင္းတာတဲ့ ဖြံ႕ၿဖိဳးမႈၫႊန္းကိန္း (Development Indicator) တစ္ခုလည္းျဖစ္ေၾကာင္း ဒုတိယသမၼတဦးျမင့္ေဆြက ေျပာၾကားခဲ့ပါတယ္။

e-Government ဖြံ႕ၿဖိဳးမႈၫႊန္းကိန္း

ႏိုင္ငံေတြရဲ႕ e-Government ဖြံ႕ၿဖိဳးတိုးတက္မႈကို တိုင္းတာရာမွာ ကမၻာ့ကုလသမဂၢရဲ႕ e-Government ဖြံ႔ၿဖိဳးမႈ ၫႊန္းကိန္း (၃) ခုနဲ႔ တိုင္းတာတြက္ခ်က္တာကို ေတြ႕ရွိရေၾကာင္း၊ အဲဒီၫႊန္းကိန္း (၃) ခုမွာ အြန္လိုင္းဝန္ေဆာင္မႈမ်ား ၫႊန္းကိန္း၊ တယ္လီကြန္ျမဴနီေကးရွင္း ၫႊန္းကိန္းနဲ႔ လူသားစြမ္းရည္ ဖြံ႕ၿဖိဳးတိုးတက္မႈ ၫႊန္းကိန္းတို႔ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံရဲ႕ e-Government ၫႊန္းကိန္းကို ၾကည့္မယ္ဆိုရင္၂၀၁၆ ခုႏွစ္က ႏိုင္ငံေပါင္း (၁၉၃) ႏိုင္ငံမွာ အဆင့္ (၁၆၉) ရွိခဲ့ၿပီး၂၀၁၈ ခုႏွစ္မွာ အဆင့္ (၁၅၇) သို႔ တိုးတက္လာတာကို ေတြ႕ရမွာ ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံအေနနဲ႔ အျခားေသာဖြံ႕ၿဖိဳးၿပီး ႏိုင္ငံေတြကို အမီလိုက္ႏိုင္ေရးန႔ဲ တိုင္းျပည္ရဲ႕လူမႈစီးပြားဖြံ႕ၿဖိဳး တိုးတက္မႈေတြ ရရွိလာေစေရးတို႔အတြက္ သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရးနည္းပညာဖြံ႕ၿဖိဳးမႈကို တြန္းအားအျဖစ္ အသုံးခ်ႏိုင္ဖို႔ လိုအပ္ေၾကာင္း၊ ႏိုင္ငံအတြင္းရွိ စီးပြားေရး လုပ္ငန္းေတြအေနနဲ႔လည္း သတင္းအခ်က္ အလက္ႏွင့္ ဆက္သြယ္ေရး
နည္းပညာေတြကို အသုံးျပဳၿပီး ကုန္ထုတ္စြမ္းအားေတြနဲ႔ လုပ္ငန္းစြမ္း ေဆာင္ရည္ေတြ တိုးတက္ျမင့္မားလာဖို႔ ေဆာင္ရြက္ေနၾကတာကို ေတြ႕ျမင္ရမွာျဖစ္ေၾကာင္း ဆက္လက္ေျပာၾကား ခဲ့ပါတယ္။

e-Government ကို ေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ လိုအပ္တဲ့ အေျခခံအေဆာက္အဦေတြနဲ႔ ဝန္ႀကီးဌာနေတြ အခ်င္းခ်င္း ခ်ိတ္ဆက္ထားတဲ့ ဆက္သြယ္ေရးကြန္ရက္ကိုလည္း တည္ေဆာက္ထားၿပီးျဖစ္ေၾကာင္း၊ ၿပီးခဲ့တဲ့ စက္တင္ဘာလကလည္း National Web Portal ကို စတင္ဖြင့္လွစ္ေပးႏိုင္ခဲ့ေၾကာင္း၊ ဝန္ႀကီးဌာနေတြရဲ႕ အခ်က္အလက္ေတြ လုံၿခဳံစြာသိမ္းဆည္းထားႏိုင္ဖို႔နဲ႔ ဝန္ေဆာင္မႈေတြ ေပးႏိုင္ဖို႔ အစိုးရေဒတာစင္တာတစ္ခု တည္ေဆာက္သြားႏိုင္ေရးကိုလည္း စီမံေဆာင္ရြက္လ်က္ရွိၿပီး အထူးျပဳ နည္းပညာကၽြမ္းက်င္မႈ သင္တန္းေတြကိုုလည္း ပို႔ခ်ေပးလ်က္ရွိေၾကာင္း၊ e-Government အတြက္ လိုအပ္ေနတဲ့ ဥပေဒအခ်ိဳ႕ ျပ႒ာန္းထားၿပီးျဖစ္တဲ့အျပင္ ဆိုင္ဘာ (Cyber) ဥပေဒကိုလည္း ေရးဆြဲျပဌာန္းႏိုင္ေရးအတြက္ စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရပါတယ္။

e-Government ကို ေအာင္ျမင္ေအာင္ ေဆာင္ရြက္ႏိုင္ရန္ လိုအပ္ခ်က္မ်ား

e-Government အေကာင္အထည္ေဖာ္ရာမွာ ႏိုင္ငံအခ်ိဳ႕ရဲ႕ ေဆာင္ရြက္မႈေတြကို နမူနာယူလုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း၊ e-Government ထိပ္တန္းႏိုင္ငံေတြကို ေလ့လာၾကည့္ရင္ တူညီတဲ့ အခ်က္ေတြကို ေတြ႕ရွိရ မွာျဖစ္ေၾကာင္း၊ ပထမအခ်က္မွာ ျပည္ေထာင္စုအဆင့္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အဆင့္၊ ေဒသအဆင့္အစိုးရအဖြဲ႕ေတြက National Web Portal တစ္ခုတည္းကို အသုံးျပဳၿပီး ဝန္ေဆာင္မႈေတြေပးတယ္ဆိုတာကို ေတြ႕ရွိရမွာျဖစ္ေၾကာင္း၊ ဒုတိယအခ်က္မွာႏွစ္စဥ္စစ္တမ္းေတြေကာက္ခံ ၿပီး ရရွိလာတဲ့ အခ်က္အလက္ေတြအေပၚ မူတည္လုပ္ေဆာင္သြားမယ့္ လုပ္ငန္းစီမံခ်က္ (Action Plan) ေတြေရးဆြဲၿပီး ျပည္သူေတြ လိုလားတဲ့ျပည္သူ႔ဗဟိုျပဳ ဝန္ေဆာင္မႈေတြကို ဦးစားေပးအေကာင္အထည္ေဖာ္
ေဆာင္ရြက္ေနတယ္လို႔ သိရွိရေၾကာင္း၊ တတိယအခ်က္မွာ ဒီဂ်စ္တယ္ သက္ေသခံ (Digital Identity ) စနစ္ေတြ အသုံးျပဳေဆာင္ရြက္ၾက တာကို ေတြ႕ရွိရမွာျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံ အေနနဲ႔ အျခားႏိုင္ငံေတြရဲ႕ နမူနာေကာင္းေတြကို ေလ့လာၿပီး ကိုယ့္ႏိုင္ငံနဲ႔ ကိုက္ညီတဲ့ အေကာင္း ဆုံးနည္းလမ္းေတြနဲ႔ ေဆာင္ရြက္သြားၾကဖို႔ေျပာၾကားလိုေၾကာင္း ဒုတိယ သမၼတဦးျမင့္ေဆြက ေျပာၾကားခဲ့ပါတယ္။

အခ်က္ (၅) ခ်က္

e-Government ကို ေအာင္ျမင္ေအာင္ ေဆာင္ရြက္ႏိုင္ဖို႔အတြက္ ပထမအေနနဲ႔ “ ပြင့္လင္းသည့္အစိုးရ (Open Government) ” ျဖစ္လာ ေစဖို႔ ေဆာင္ရြက္သြားရမွာ ျဖစ္ေၾကာင္း၊ ပြင့္လင္းတဲ့ အစိုးရဆိုတာက ႏိုင္ငံသားမ်ား သိခြင့္ရွိေသာ အခ်က္အလက္ေတြကို ႏိုင္ငံသားေတြ သိရွိႏိုင္ဖို႔ ေဆာင္ရြက္ေပးတဲ့ အစိုးရ၊ ျပည္သူေတြအတြက္ ေရးဆြဲတဲ့ ေပၚလစီ
ေတြမွာ ျပည္သူေတြ ပါဝင္ခြင့္ရရွိလာရန္အားေပးတဲ့ အစိုးရျဖစ္ေၾကာင္း၊ ျပည္သူေတြအေနနဲ႔ အမ်ားႏွင့္သက္ဆိုင္တဲ့အခ်က္အလက္ေတြကို သိရွိ ရယူသုံးစြဲႏိုင္ျခင္းနဲ႔ အလုပ္အကိုင္ အခြင့္အလမ္းေတြ ဖန္တီးလာႏိုင္ျခင္း၊ စီးပြားေရးလုပ္ငန္းေတြကို အေထာက္အကူျဖစ္ရန္ ဖန္တီးေဆာင္ရြက္ ေပးျခင္းစတဲ့ အက်ိဳးေက်းဇူးေတြကိုလည္း အလိုလိုရရွိလာမွာျဖစ္ ေၾကာင္း ေျပာၾကားပါတယ္။

ဒုတိယအေနနဲ႔ “ စြမ္းရည္ျပည့္ဝသည့္အစိုးရ ( Competent Government ) ” ျဖစ္ဖို႔ ေဆာင္ရြက္သြားၾကရမွာျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္ အစိုးရအေနနဲ႔ ႏိုင္ငံ့ဝန္ထမ္းေတြရဲ႕ အရည္အေသြးနဲ႔ စြမ္းရည္ေတြ ျမႇင့္တင္ေပးျခင္းကို ဦးစားေပးလုပ္ငန္းတစ္ခုအျဖစ္ သတ္မွတ္ေဆာင္ရြက္ေပးေနေၾကာင္း၊ တတိယအခ်က္မွာ “ သတင္းအခ်က္အလက္မ်ားကို မၽွေဝအသုံးျပဳၾကရန္ ” ျဖစ္ေၾကာင္း၊ အစိုးရဌာန အခ်င္းခ်င္းအၾကား သတင္းအခ်က္အလက္ေတြကို လိုအပ္သလို ျဖန႔္ေဝဖလွယ္ၿပီး လုပ္ငန္းေတြ ပိုမိုလ်င္ျမန္သြက္လက္လာမွာ ျဖစ္တဲ့အတြက္ ဌာနဆိုင္ရာ အခ်င္းခ်င္းပူးေပါင္း ေဆာင္ရြက္ၾကရမွာျဖစ္ေၾကာင္း၊ အဲဒီလိုအသုံးျပဳၾကရာမွာ သတင္းအခ်က္အလက္ လုံျခဳံမႈမက်ိဳးေပါက္ေစေရးအတြက္ လိုအပ္တဲ့မူဝါဒေတြ ခ်မွတ္ျပ႒ာန္း ေဆာင္ရြက္သြားၾကဖို႔ လိုအပ္မွာျဖစ္ေၾကာင္း ဆိုပါတယ္။

စတုတၳအေနနဲ႔ “ ဝန္ေဆာင္မႈ ဦးစားေပးသည့္အစိုးရ (Service-Oriented Government) ” ျဖစ္ဖို႔ ေဆာင္ရြက္သြားရမွာ ျဖစ္ေၾကာင္း၊ ျပည္သူေတြကို ေကာင္းမြန္ထိေရာက္တ့ဲ ဝန္ေဆာင္မႈေတြ ေပးႏိုင္ဖို႔အစိုးရရဲ႕ ဝန္ေဆာင္မႈေတြကို ျပည္သူေတြက ႐ိုးရွင္းလြယ္ကူစြာနဲ႔ ယုံၾကည္စိတ္ခ်စြာ ရယူအသုံးျပဳသြားႏိုင္ေရးကို အထူးဦးစားေပးေဆာင္ရြက္ သြားၾကရမွာျဖစ္ေၾကာင္း၊ လုပ္ငန္းေတြ အားလုံးကိုတစ္ေနရာတည္းမွာ ၿပီးစီးေအာင္ ေဆာင္ရြက္ေပးႏိုင္တဲ့ ဝန္ေဆာင္မႈ (One-Stop Service) ေတြကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားၾကဖို႔ လိုအပ္မွာျဖစ္ေၾကာင္း၊ ပၪၥမအခ်က္အေနနဲ႔ e-Government က႑ဖြံ႔ၿဖိဳး တိုးတက္လာေရးအတြက္ “ ႏိုင္ငံ၏ ICT Industry က႑ ဖြံ႕ၿဖိဳးတိုးတက္ရန္ ” လိုအပ္ေၾကာင္း၊ ဒါမွေဆာ့ဝဲလ္၊ စက္ပစၥည္းေတြနဲ႔ နည္းပညာေတြအတြက္ ျပည္ပႏိုင္ငံေတြကို မွီခိုရမႈ တျဖည္းျဖည္း နည္းပါးလာမွာျဖစ္ၿပီး ျပည္သူေတြအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြကို ပိုမိုဖန္တီးေပးလာႏိုင္မွာျဖစ္ေၾကာင္း ဒုတိယသမၼတဦးျမင့္ေဆြက ေျပာၾကားခဲ့ပါတယ္။

ပူးေပါင္းေဆာင္ရြက္ရန္လို

e-Government ေအာင္ျမင္ဖို႔ ထက္သန္တဲ့ စိတ္နဲ႔ဝိုင္းဝန္း ႀကိဳးပမ္းပူးေပါင္း ေဆာင္ရြက္သြားၾကရန္ တိုက္တြန္းလိုေၾကာင္း ဆက္လက္ ေျပာၾကားခဲ့ပါတယ္။ e-Government စနစ္ေတြ ေအာင္ျမင္ေရးအတြက္ e-Government ေမၽွာ္မွန္းခ်က္ (Vision) ေတြကို အားလုံးနားလည္ သေဘာေပါက္ၿပီး ေအာင္ျမင္ေအာင္ ေဆာင္ရြက္ႏိုင္မယ္လို႔ ယုံၾကည္ေမၽွာ္လင့္ေၾကာင္း၊ ဒါေၾကာင့္ e-Government စနစ္ ေအာင္ျမင္ေရးအတြက္ ႏိုင္ငံအဆင့္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အဆင့္၊ ခ႐ိုင္၊ ၿမိဳ႕နယ္ေတြနဲ႔ ေက်းရြာအဆင့္ဆင့္ရွိ ႏိုင္ငံ့ဝန္ထမ္းေတြ၊ ကြန္ပ်ဴတာ အသင္းေတြ၊ စီးပြားေရးလုပ္ငန္းရွင္ေတြ၊ အသိပညာရွင္ေတြ၊ အတတ္ပညာရွင္ေတြနဲ႔ ႏိုင္ငံသားေတြအားလံုးက ပူးေပါင္းေဆာင္ရြက္ သြားၾကရမွာျဖစ္ေၾကာင္း e-Government Conference and ICT Exhibition 2018 အခမ္းအနားကေန သိရပါတယ္။

ဘယ္သူေတြ တက္ေရာက္သလဲ

အခမ္းအနားကို ျပည္ေထာင္စုဝန္ႀကီးေတြ၊ ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္၊ ျပည္ေထာင္စု ရာထူးဝန္အဖြဲ႕ဥကၠ႒၊ ေနျပည္ေတာ္ ေကာင္စီဥကၠ႒၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြ၊ အဂတိလိုက္စားမႈတိုက္ဖ်က္ ေရးေကာ္မရွင္ဥကၠ႒၊ ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ဥကၠ႒၊ ဒုတိယဝန္ႀကီးေတြ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္ဝန္ ႀကီးေတြ၊ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ၊ ျမန္မာႏိုင္ငံဆိုင္ရာႏိုင္ငံျခား သံ႐ုံးေတြက သံအမတ္ႀကီးေတြနဲ႔ သံတမန္ေတြ၊ ျမန္မာႏိုင္ငံ ကြန္ပ်ဴတာ အသင္းခ်ဳပ္နာယက၊ ဥကၠ႒နဲ႔ အဖြဲ႕ဝင္ေတြ၊ အသိပညာရွင္၊ အတတ္ပညာရွင္ေတြ၊ ဌာနဆိုင္ရာတာဝန္ရွိသူေတြ တက္ေရာက္ခဲ့ပါတယ္။

ကိုးကား- e-Government Conference and ICT Exhibition 2018 အခမ္းအနားတြင္ e-Government ဦးေဆာင္ေကာ္မတီဥကၠ႒ ဒုတိယသမၼတဦးျမင့္ေဆြ၏ ေျပာၾကားခ်က္မ်ား။

e-Government Conference and ICT Exhibition 2018 မွ စကားသံအခ်ိဳ႕

e-Government ဦးေဆာင္ေကာ္မတီဥကၠ႒ ႏိုင္ငံေတာ္ ဒုတိယ သမၼတဦးျမင့္ေဆြပြင့္လင္းတဲ့ အစိုးရဆိုတာကေတာ့ ႏိုင္ငံသားမ်ား သိခြင့္ရွိေသာ အခ်က္အလက္မ်ားကို ႏိုင္ငံသားမ်ားသိရွိဖို႔ ေဆာင္ရြက္ေပးတဲ့ အစိုးရျပည္သူမ်ားအတြက္ ေရးဆြဲေသာေပၚလစီမ်ားမွာ ျပည္သူမ်ား ပါဝင္ခြင့္ရရွိလာေအာင္ အားေပးေသာ အစိုးရျဖစ္ပါတယ္။

ျပည္သူ႔လြတ္ေတာ္ ပို႔ေဆာင္ေရး၊ ဆက္သြယ္ေရးႏွင့္ ေဆာက္လုပ္ေရး ေကာ္မတီဥကၠ႒ ဦးတင္ေမာင္ဝင္း

e-Government Equipment နဲ႔ e-Government software ေတြက ေစ်းႏႈန္းခန္႔မွန္းရ ခက္ပါတယ္၊ e-Government ဘတ္ဂ်က္ကို သင့္ေတာ္တဲ့ႏႈန္းေလာက္သာ ျဖတ္ေတာက္သင့္ပါတယ္၊ တစ္ခ်ဳိ႕ ႏိုင္ငံေတြမွာ GDP ရဲ႕ ရာခိုင္ႏႈန္းတစ္ခုအထိေတာင္ လ်ာထားေပးပါတယ္၊ အဲ့ဒါကိုလည္း စတင္ေဆြးေႏြးေနပါတယ္၊ ျမန္မာျပည္ ဖြံ႕ၿဖိဳးတိုးတက္ဖို႔က ICT ဖြံ႕ၿဖိဳးတိုးတက္ဖို႔ e-Government , Digital e-Government ဖြံ႕ၿဖိဳးတိုးတက္ဖို႔က တစ္ခုတည္းေသာ နည္းလမ္းပါ၊ e-Government ေအာင္ျမင္ဖို႔ရာကလည္း Budget in law ပါ။

eGovernment အေျခခံအေဆာက္အဦ၊ စနစ္၊ ပံုစံႏွင့္ဒီဇိုင္းဆပ္ေကာ္မတီ ၫႊန္ၾကားေရးမွဴးခ်ဳပ္၊ ဥကၠ႒ ဦးစိုးသိန္း

လာမယ့္ႏွစ္ေတြမွာ eGovernment ေဆာင္ရြက္မႈဟာ တိုးတက္လာဖို႔ ပိုမိုခက္ခဲလာႏိုင္ပါတယ္၊ ဘာလို႔လဲဆိုေတာ့ eGovernment တိုးတက္ဖို႔အတြက္ ပါဝင္ေဆာင္႐ြက္ရတဲ့ အပိုင္းေတြက တစ္ခုနဲ႔တစ္ခု ဆက္စပ္ေနပါတယ္၊ ပထမကေတာ့ Online Service တုိးတက္လာဖို႔၊ ဒုတိယ အခ်က္ကေတာ့ Telecom အေျခခံအေဆာက္အဦေတြ တုိးတက္လာႏိုင္ဖို႔၊ တတိယ အခ်က္ကေတာ့ လူထုစိတ္ဝင္စားမႈနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ေတြလည္း လိုပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒၚေနာ္ပန္းသၪၨာမ်ိဳး

သက္ဆိုင္ရာကုမၸဏီေတြက Training ေပးထားတဲ့ ဝန္ထမ္းေတြကို တစ္ျခားတိုင္းနဲ႔ျပည္နယ္ကို ျပန္လည္ေရႊ႕ေျပာင္းလိုက္တဲ့အတြက္ Digital Transformation ေျပာင္းလဲရာမွာ အခက္အခဲျဖစ္ေနပါတယ္၊ အစကေန ျပန္စေနရသလို ျဖစ္ေနပါတယ္။

ျမန္မာႏိုင္ငံကြန္ပ်ဴတာအသင္းခ်ဳပ္ နာယက ဦးသိန္းဦး

၂၀၁၆ UN e-Government ၫႊန္းကိန္းမွာ ျမန္မာက ၁၆၅ အဆင့္၊ ၂၀၁၈ မွာ ၁၅၇ အဆင့္ရွိတဲ့အတြက္ (၁၂) ဆင့္ တိုးတက္လာပါတယ္၊ ဒါေပမဲ့ ဒီ Index က ၁၉၃ ႏိုင္ငံပဲေျဖတဲ့အထဲမွာ ျမန္မာက ၁၅၇ဆိုေတာ့ ဘယ္ေလာက္ေနာက္က် ေနသလဲဆိုတာ ရွင္းပါတယ္။

[ Unicode ]

e-Government Conference and ICT Exhibition 2018 အခမ်းအနားကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန – ၂ မှာ နိုဝင်ဘာ ၂၇ နဲ့ ၂၈ ရက်က ကျင်းပခဲ့ပါတယ်။

e-Government ဦးဆောင်ကော်မတီအကြောင်း

e-Government စနစ်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် e-Government ဦးဆောင်ကော်မတီကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က နာယကအဖြစ် ဦးဆောင်ပြီး လုပ်ငန်းတာဝန် ( ၅)ရပ် ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဦးဆောင်ကော်မတီရဲ့လုပ်ငန်းတာဝန်တွေကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် e-Government လုပ်ငန်းကော်မတီ၊ e-ID စနစ်လုပ်ငန်းကော်မတီနဲ့ ဆပ်ကော်မတီ( ၈ ) ခုကို ဖွဲ့စည်းပြီး လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

e-Government အစိုးရ

e-Government ဆိုတာက နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ဆုံးဖြတ်ချက်တွေ လျင်မြန်လာစေရေး၊ လုပ်ငန်းများ ပိုမိုထိရောက် တွင်ကျယ်စေရေး၊ ဝန်ဆောင်မှုပေးရာမှာ တိုးတက် ကောင်းမွန်လာစေရေး၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရာမှာ ပွင့်လင်းမြင်သာမှုရှိပြီး လျင်မြန်စွာဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်ရာမှာ လွယ်ကူလျင်မြန်စေရေးတို့အတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကို အသုံးပြုဆောင်ရွက်တဲ့ အစိုးရဖြစ်ကြောင်း၊ e-Government ကို အကောင်အထည်ဖော်ရတဲ့ ရည်ရွယ်ချက်မှာ အစိုးရနဲ့ ပြည်သူတွေအကြား၊ အစိုးရနဲ့နိုင်ငံ့ ဝန်ထမ်းတွေအကြား၊ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအကြား၊ အစိုးရဌာနအချင်းချင်း ဆက်သွယ်ဆောင်ရွက်ရာမှာ ပိုမိုလျင်မြန် ကောင်းမွန်လာစေရေးဖြစ်ကြောင်း၊ e-Government ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုကို ဖွံ့ဖြိုးပြီး နိုင်ငံတစ်ခုအဖြစ် ကူးပြောင်းနိုင်ရေးအတွက် စွမ်းဆောင်ပေးနိုင်သလို နိုင်ငံရဲ့ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်ရေးနဲ့ ဆင်းရဲမှု လျှော့ချနိုင်ရေးအတွက် အရေးပါတဲ့ ကဏ္ဍတစ်ခုလည်း ဖြစ်ကြောင်း၊ ဒါ့အပြင် e-Government ဟာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကို တိုင်းတာတဲ့ ဖွံ့ဖြိုးမှုညွှန်းကိန်း (Development Indicator) တစ်ခုလည်းဖြစ်ကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။

e-Government ဖွံ့ဖြိုးမှုညွှန်းကိန်း

နိုင်ငံတွေရဲ့ e-Government ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာမှာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ e-Government ဖွံ့ဖြိုးမှု ညွှန်းကိန်း (၃) ခုနဲ့ တိုင်းတာတွက်ချက်တာကို တွေ့ရှိရကြောင်း၊ အဲဒီညွှန်းကိန်း (၃) ခုမှာ အွန်လိုင်းဝန်ဆောင်မှုများ ညွှန်းကိန်း၊ တယ်လီကွန်မြူနီကေးရှင်း ညွှန်းကိန်းနဲ့ လူသားစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းတို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ e-Government ညွှန်းကိန်းကို ကြည့်မယ်ဆိုရင်၂၀၁၆ ခုနှစ်က နိုင်ငံပေါင်း (၁၉၃) နိုင်ငံမှာ အဆင့် (၁၆၉) ရှိခဲ့ပြီး၂၀၁၈ ခုနှစ်မှာ အဆင့် (၁၅၇) သို့ တိုးတက်လာတာကို တွေ့ရမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ အခြားသောဖွံ့ဖြိုးပြီး နိုင်ငံတွေကို အမီလိုက်နိုင်ရေးနဲ့ တိုင်းပြည်ရဲ့လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုတွေ ရရှိလာစေရေးတို့အတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးမှုကို တွန်းအားအဖြစ် အသုံးချနိုင်ဖို့ လိုအပ်ကြောင်း၊ နိုင်ငံအတွင်းရှိ စီးပွားရေး လုပ်ငန်းတွေအနေနဲ့လည်း သတင်းအချက် အလက်နှင့် ဆက်သွယ်ရေး
နည်းပညာတွေကို အသုံးပြုပြီး ကုန်ထုတ်စွမ်းအားတွေနဲ့ လုပ်ငန်းစွမ်း ဆောင်ရည်တွေ တိုးတက်မြင့်မားလာဖို့ ဆောင်ရွက်နေကြတာကို တွေ့မြင်ရမှာဖြစ်ကြောင်း ဆက်လက်ပြောကြား ခဲ့ပါတယ်။

e-Government ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦတွေနဲ့ ဝန်ကြီးဌာနတွေ အချင်းချင်း ချိတ်ဆက်ထားတဲ့ ဆက်သွယ်ရေးကွန်ရက်ကိုလည်း တည်ဆောက်ထားပြီးဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း National Web Portal ကို စတင်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ဝန်ကြီးဌာနတွေရဲ့ အချက်အလက်တွေ လုံခြုံစွာသိမ်းဆည်းထားနိုင်ဖို့နဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ အစိုးရဒေတာစင်တာတစ်ခု တည်ဆောက်သွားနိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပြီး အထူးပြု နည်းပညာကျွမ်းကျင်မှု သင်တန်းတွေကိုုလည်း ပို့ချပေးလျက်ရှိကြောင်း၊ e-Government အတွက် လိုအပ်နေတဲ့ ဥပဒေအချို့ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့အပြင် ဆိုင်ဘာ (Cyber) ဥပဒေကိုလည်း ရေးဆွဲပြဌာန်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

e-Government ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် လိုအပ်ချက်များ

e-Government အကောင်အထည်ဖော်ရာမှာ နိုင်ငံအချို့ရဲ့ ဆောင်ရွက်မှုတွေကို နမူနာယူလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ e-Government ထိပ်တန်းနိုင်ငံတွေကို လေ့လာကြည့်ရင် တူညီတဲ့ အချက်တွေကို တွေ့ရှိရ မှာဖြစ်ကြောင်း၊ ပထမအချက်မှာ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ဒေသအဆင့်အစိုးရအဖွဲ့တွေက National Web Portal တစ်ခုတည်းကို အသုံးပြုပြီး ဝန်ဆောင်မှုတွေပေးတယ်ဆိုတာကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ဒုတိယအချက်မှာနှစ်စဉ်စစ်တမ်းတွေကောက်ခံ ပြီး ရရှိလာတဲ့ အချက်အလက်တွေအပေါ် မူတည်လုပ်ဆောင်သွားမယ့် လုပ်ငန်းစီမံချက် (Action Plan) တွေရေးဆွဲပြီး ပြည်သူတွေ လိုလားတဲ့ပြည်သူ့ဗဟိုပြု ဝန်ဆောင်မှုတွေကို ဦးစားပေးအကောင်အထည်ဖော်
ဆောင်ရွက်နေတယ်လို့ သိရှိရကြောင်း၊ တတိယအချက်မှာ ဒီဂျစ်တယ် သက်သေခံ (Digital Identity ) စနစ်တွေ အသုံးပြုဆောင်ရွက်ကြ တာကို တွေ့ရှိရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေနဲ့ အခြားနိုင်ငံတွေရဲ့ နမူနာကောင်းတွေကို လေ့လာပြီး ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတဲ့ အကောင်း ဆုံးနည်းလမ်းတွေနဲ့ ဆောင်ရွက်သွားကြဖို့ပြောကြားလိုကြောင်း ဒုတိယ သမ္မတဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။

အချက် (၅) ချက်

e-Government ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ပထမအနေနဲ့ “ ပွင့်လင်းသည့်အစိုးရ (Open Government) ” ဖြစ်လာ စေဖို့ ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ပွင့်လင်းတဲ့ အစိုးရဆိုတာက နိုင်ငံသားများ သိခွင့်ရှိသော အချက်အလက်တွေကို နိုင်ငံသားတွေ သိရှိနိုင်ဖို့ ဆောင်ရွက်ပေးတဲ့ အစိုးရ၊ ပြည်သူတွေအတွက် ရေးဆွဲတဲ့ ပေါ်လစီ
တွေမှာ ပြည်သူတွေ ပါဝင်ခွင့်ရရှိလာရန်အားပေးတဲ့ အစိုးရဖြစ်ကြောင်း၊ ပြည်သူတွေအနေနဲ့ အများနှင့်သက်ဆိုင်တဲ့အချက်အလက်တွေကို သိရှိ ရယူသုံးစွဲနိုင်ခြင်းနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးလာနိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူဖြစ်ရန် ဖန်တီးဆောင်ရွက် ပေးခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုလည်း အလိုလိုရရှိလာမှာဖြစ် ကြောင်း ပြောကြားပါတယ်။

ဒုတိယအနေနဲ့ “ စွမ်းရည်ပြည့်ဝသည့်အစိုးရ ( Competent Government ) ” ဖြစ်ဖို့ ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ အရည်အသွေးနဲ့ စွမ်းရည်တွေ မြှင့်တင်ပေးခြင်းကို ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်ပေးနေကြောင်း၊ တတိယအချက်မှာ “ သတင်းအချက်အလက်များကို မျှဝေအသုံးပြုကြရန် ” ဖြစ်ကြောင်း၊ အစိုးရဌာန အချင်းချင်းအကြား သတင်းအချက်အလက်တွေကို လိုအပ်သလို ဖြန့်ဝေဖလှယ်ပြီး လုပ်ငန်းတွေ ပိုမိုလျင်မြန်သွက်လက်လာမှာ ဖြစ်တဲ့အတွက် ဌာနဆိုင်ရာ အချင်းချင်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အဲဒီလိုအသုံးပြုကြရာမှာ သတင်းအချက်အလက် လုံခြုံမှုမကျိုးပေါက်စေရေးအတွက် လိုအပ်တဲ့မူဝါဒတွေ ချမှတ်ပြဋ္ဌာန်း ဆောင်ရွက်သွားကြဖို့ လိုအပ်မှာဖြစ်ကြောင်း ဆိုပါတယ်။

စတုတ္ထအနေနဲ့ “ ဝန်ဆောင်မှု ဦးစားပေးသည့်အစိုးရ (Service-Oriented Government) ” ဖြစ်ဖို့ ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ပြည်သူတွေကို ကောင်းမွန်ထိရောက်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အစိုးရရဲ့ ဝန်ဆောင်မှုတွေကို ပြည်သူတွေက ရိုးရှင်းလွယ်ကူစွာနဲ့ ယုံကြည်စိတ်ချစွာ ရယူအသုံးပြုသွားနိုင်ရေးကို အထူးဦးစားပေးဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း၊ လုပ်ငန်းတွေ အားလုံးကိုတစ်နေရာတည်းမှာ ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်တဲ့ ဝန်ဆောင်မှု (One-Stop Service) တွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ လိုအပ်မှာဖြစ်ကြောင်း၊ ပ ဉ္စမအချက်အနေနဲ့ e-Government ကဏ္ဍဖွံ့ဖြိုး တိုးတက်လာရေးအတွက် “ နိုင်ငံ၏ ICT Industry ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ” လိုအပ်ကြောင်း၊ ဒါမှဆော့ဝဲလ်၊ စက်ပစ္စည်းတွေနဲ့ နည်းပညာတွေအတွက် ပြည်ပနိုင်ငံတွေကို မှီခိုရမှု တဖြည်းဖြည်း နည်းပါးလာမှာဖြစ်ပြီး ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကို ပိုမိုဖန်တီးပေးလာနိုင်မှာဖြစ်ကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။

ပူးပေါင်းဆောင်ရွက်ရန်လို

e-Government အောင်မြင်ဖို့ ထက်သန်တဲ့ စိတ်နဲ့ဝိုင်းဝန်း ကြိုးပမ်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ဆက်လက် ပြောကြားခဲ့ပါတယ်။ e-Government စနစ်တွေ အောင်မြင်ရေးအတွက် e-Government မျှော်မှန်းချက် (Vision) တွေကို အားလုံးနားလည် သဘောပေါက်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်မျှော်လင့်ကြောင်း၊ ဒါကြောင့် e-Government စနစ် အောင်မြင်ရေးအတွက် နိုင်ငံအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်၊ မြို့နယ်တွေနဲ့ ကျေးရွာအဆင့်ဆင့်ရှိ နိုင်ငံ့ဝန်ထမ်းတွေ၊ ကွန်ပျူတာ အသင်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေနဲ့ နိုင်ငံသားတွေအားလုံးက ပူးပေါင်းဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း e-Government Conference and ICT Exhibition 2018 အခမ်းအနားကနေ သိရပါတယ်။

ဘယ်သူတွေ တက်ရောက်သလဲ

အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တွေ၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးတွေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန် ကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြား သံရုံးတွေက သံအမတ်ကြီးတွေနဲ့ သံတမန်တွေ၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နာယက၊ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

ကိုးကား- e-Government Conference and ICT Exhibition 2018 အခမ်းအနားတွင် e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ၏ ပြောကြားချက်များ။

e-Government Conference and ICT Exhibition 2018 မှ စကားသံအချို့

e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် ဒုတိယ သမ္မတဦးမြင့်ဆွေပွင့်လင်းတဲ့ အစိုးရဆိုတာကတော့ နိုင်ငံသားများ သိခွင့်ရှိသော အချက်အလက်များကို နိုင်ငံသားများသိရှိဖို့ ဆောင်ရွက်ပေးတဲ့ အစိုးရပြည်သူများအတွက် ရေးဆွဲသောပေါ်လစီများမှာ ပြည်သူများ ပါဝင်ခွင့်ရရှိလာအောင် အားပေးသော အစိုးရဖြစ်ပါတယ်။

ပြည်သူ့လွတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်း

e-Government Equipment နဲ့ e-Government software တွေက စျေးနှုန်းခန့်မှန်းရ ခက်ပါတယ်၊ e-Government ဘတ်ဂျက်ကို သင့်တော်တဲ့နှုန်းလောက်သာ ဖြတ်တောက်သင့်ပါတယ်၊ တစ်ချို့ နိုင်ငံတွေမှာ GDP ရဲ့ ရာခိုင်နှုန်းတစ်ခုအထိတောင် လျာထားပေးပါတယ်၊ အဲ့ဒါကိုလည်း စတင်ဆွေးနွေးနေပါတယ်၊ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ဖို့က ICT ဖွံ့ဖြိုးတိုးတက်ဖို့ e-Government , Digital e-Government ဖွံ့ဖြိုးတိုးတက်ဖို့က တစ်ခုတည်းသော နည်းလမ်းပါ၊ e-Government အောင်မြင်ဖို့ရာကလည်း Budget in law ပါ။

eGovernment အခြေခံအဆောက်အဦ၊ စနစ်၊ ပုံစံနှင့်ဒီဇိုင်းဆပ်ကော်မတီ ညွှန်ကြားရေးမှူးချုပ်၊ ဥက္ကဋ္ဌ ဦးစိုးသိန်း

လာမယ့်နှစ်တွေမှာ eGovernment ဆောင်ရွက်မှုဟာ တိုးတက်လာဖို့ ပိုမိုခက်ခဲလာနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ eGovernment တိုးတက်ဖို့အတွက် ပါဝင်ဆောင်ရွက်ရတဲ့ အပိုင်းတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်၊ ပထမကတော့ Online Service တိုးတက်လာဖို့၊ ဒုတိယ အချက်ကတော့ Telecom အခြေခံအဆောက်အဦတွေ တိုးတက်လာနိုင်ဖို့၊ တတိယ အချက်ကတော့ လူထုစိတ်ဝင်စားမှုနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေလည်း လိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဥ္ဇာမျိုး

သက်ဆိုင်ရာကုမ္ပဏီတွေက Training ပေးထားတဲ့ ဝန်ထမ်းတွေကို တစ်ခြားတိုင်းနဲ့ပြည်နယ်ကို ပြန်လည်ရွှေ့ပြောင်းလိုက်တဲ့အတွက် Digital Transformation ပြောင်းလဲရာမှာ အခက်အခဲဖြစ်နေပါတယ်၊ အစကနေ ပြန်စနေရသလို ဖြစ်နေပါတယ်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယက ဦးသိန်းဦး

၂၀၁၆ UN e-Government ညွှန်းကိန်းမှာ မြန်မာက ၁၆၅ အဆင့်၊ ၂၀၁၈ မှာ ၁၅၇ အဆင့်ရှိတဲ့အတွက် (၁၂) ဆင့် တိုးတက်လာပါတယ်၊ ဒါပေမဲ့ ဒီ Index က ၁၉၃ နိုင်ငံပဲဖြေတဲ့အထဲမှာ မြန်မာက ၁၅၇ဆိုတော့ ဘယ်လောက်နောက်ကျ နေသလဲဆိုတာ ရှင်းပါတယ်။