e-Government ဌာန ဘာေတြေဆာင္ရြက္သလဲ

[ Zawgyi ]

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနေအာက္မွာ e-Government ဌာနတစ္ခုရွိၿပီး ဝန္ႀကီးဌာနဆိုင္ရာ၊ အမ်ားျပည္သူ ဝန္ေဆာင္မႈေပးေရးဆိုင္ရာ အစရွိတာေတြနဲ႔ပတ္သက္ၿပီး e-Government ဝန္ေဆာင္မႈကို ေဆာင္ရြက္ေပးတာျဖစ္ပါတယ္။

အဲဒီသတင္းအခ်က္အလက္ နည္းပညာႏွင့္ ဆိုက္ဘာလုံျခဳံေရး ဦးစီးဌာန၊ e-Government ဌာနအေနနဲ႔ အစိုးရအဖြဲ႕အစည္းေတြနဲ႔ ဝန္ႀကီးဌာနအသီးသီးမွ e-Government စနစ္ ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ေဆာင္ႏိုင္ဖို႔ အဓိကလိုအပ္ခ်က္ေတြကို ေဆာင္ရြက္ေပးေနတာလို႔ပါတယ္။ အဲဒီေဆာင္ရြက္ခ်က္ေတြထဲမွာ ICT Infrastructure (Network, Data Centers, IACs, etc.,) မ်ား တည္ေဆာက္ေပးျခင္း၊ Common Application မ်ား အသုံးျပဳႏိုင္ရန္ ေဆာင္ရြက္ဝန္ေဆာင္မႈေပးျခင္း၊ နည္းပညာအေထာက္အပံ့ ေပးျခင္း၊ အႀကံျပဳျခင္း၊ သင္တန္းမ်ားဖြင့္လွစ္ ပို႔ခ်ေပးျခင္း၊ Seminar၊ Workshop မ်ား က်င္းပျပဳ လုပ္ေပးျခင္း၊ ႏိုင္ငံတကာေခ်းေငြ/ ေထာက္ပံ့ေငြမ်ားျဖင့္ e-Government ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ျခင္း၊ ဝန္ႀကီးဌာနမ်ားမွ ေဆာင္ရြက္လ်က္ရွိေသာ e-Government လုပ္ငန္းစဥ္မ်ားအား ေလ့လာဆန္းစစ္ အကဲျဖတ္ျခင္းလုပ္ငန္းေတြ ပါ​ဝင္တယ္လို႔ သိရပါတယ္။

လက္ရွိေဆာင္ရြက္ေနတဲ့ လုပ္ငန္းေတြ

အစိုးရအဖြဲ႕အစည္းအသီးသီးမွ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနတဲ့ e-Government လုပ္ငန္းစဥ္ေတြကို ခ်ိတ္ဆက္အသုံးျပဳဖို႔နဲ႔ e-mail, EDMS, GPMS, CSMS, Myanmar National Portal and Video Conferencing စတဲ့ Common application ေတြကို ခ်ိတ္ဆက္အသုံးျပဳႏိုင္ဖို႔ ေနျပည္ေတာ္ e-GWAN ကြန္ရက္ကို တည္ေဆာက္ ခ်ိတ္ဆက္ေနတယ္လို႔ ဆိုပါတယ္။ ေနျပည္ေတာ္မွာရွိတဲ့ အစိုးရဗဟို႐ုံးေတြ ျပည္ေထာင္စုဝန္ႀကီး႐ုံးေတြနဲ႔ ျပည္နယ္/တိုင္းေဒသႀကီး အသီးသီးမွ အစိုးရအဖြဲ႕ေတြ၊ ဝန္ႀကီးဌာနေတြအၾကား Online အသုံးျပဳၿပီး အစည္းအေဝးေတြ ျပဳလုပ္ႏိုင္ဖို႔ Video Conferencing စနစ္ကို တည္ေဆာက္ၿပီး ဝန္ေဆာင္မႈေပးတဲ့ လုပ္ငန္းလည္း ပါဝင္ပါတယ္။ ေနျပည္ေတာ္၊ S12 အိတ္ခ်ိန္း အေဆာက္အဦမွာရွိတဲ့ e-Government Data Center မွာ e-Government Common Applications စနစ္ေတြကို ဝန္ေဆာင္မႈေပးႏိုင္ဖို႔နဲ႔ Server Co-location ဝန္ေဆာင္မႈေတြလည္း ေဆာင္ရြက္ေနတယ္လို႔ ဆိုပါတယ္။ အစိုးရဌာနအသီးသီးမွ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနတဲ့ e-Government လုပ္ငန္းစဥ္ေတြကို ခ်ိတ္ဆက္အသုံးျပဳႏိုင္ဖို႔နဲ႔ အစိုးရဗဟို႐ုံးဝန္ႀကီးဌာနအသီးသီးရဲ႕ e-mail, Electronic Document Management System (EDMS), Government Personnel Management System (GPMS), Civil Service ID Management System (CSMS), Myanmar National Portal, Video Conferencing အစရွိတဲ့ Common Application ေတြကို ခ်ိတ္ဆက္ အသံုးျပဳႏိုင္ဖို႔ ရည္ရြယ္တယ္လို႔ ဆိုပါတယ္။

Information Access Center (IAC) ကို တည္ေဆာက္ထားရွိၿပီး မည္သူမဆို အင္တာနက္ အခမဲ့လာေရာက္သံုးႏိုင္ဖို႔ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ အစိုးရဌာနဆိုင္ရာ အဖြဲ႕အစည္းေတြရဲ႕ ဝန္ထမ္းေရးရာ ကိစၥရပ္ေတြကို IT နည္းပညာအသုံးျပဳၿပီး စီမံခန႔္ခြဲႏိုင္တဲ့ စနစ္ျဖစ္တဲ့ Government Personnel Management System (GPMS) ကိုလည္း ေဆာင္ရြက္ေနပါတယ္။ ဝန္ထမ္းေတြရဲ႕ ကိုယ္ေရးမွတ္တမ္း၊ ရာထူးခန္႔အပ္မႈနဲ႔ တာဝန္ထမ္းေဆာင္မႈသမိုင္း၊ ခြင့္မွတ္တမ္း၊ သင္တန္းဆိုင္ရာ အခ်က္အလက္၊ ဝန္ထမ္းအကဲျဖတ္
မွတ္တမ္း၊ ဝန္ထမ္းအင္အားနဲ႔ ဌာနဖြဲ႕စည္းပုံေတြ အစရွိတဲ့ အခ်က္အလက္ေတြကို သက္ဆိုင္ရာ Server ေတြအသီးသီးမွာ ထည့္သြင္း သိမ္းဆည္းထားရွိၿပီး လိုအပ္တဲ့အေျခအေနနဲ႔ ကိုက္ညီမယ့္ အခ်က္အလက္၊ စာရင္းဇယား၊ အစီအရင္ခံစာေတြကို မွန္ကန္တိက်စြာ ရွာေဖြထုတ္ယူႏိုင္တဲ့စနစ္လို႔ ဆိုပါတယ္။

Document management (create, register, send/receive, comment/instruction, read/edit, and enclose) အပါအဝင္
႐ုံးလုပ္ငန္းေတြကိုစီမံခန္႔ခြဲတဲ့ ဝန္ေဆာင္မႈလည္းရွိတယ္လို႔ ဆိုပါတယ္။ အစိုးရဗဟို႐ုံးေတြနဲ႔ ဝန္ႀကီးဌာနေတြအားလုံးက အသုံးျပဳႏိုင္ဖို႔ e-mail စနစ္ encryption စနစ္ကိုလည္း ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။ e-Meeting စနစ္ကိုလည္း တာဝန္ယူေပးေနၿပီး အစိုးရဌာနဆိုင္ရာေတြအားလုံး တစ္ေျပးညီအသုံးျပဳႏိုင္ဖို႔အတြက္ ဝန္ထမ္းစိစစ္ေရးကတ္ေတြကို Smart Card စနစ္နဲ႔ စတင္အသုံးျပဳႏိုင္ဖို႔၊ ဝန္ထမ္းေတြရဲ႕ ကိုယ္ေရးမွတ္တမ္း အခ်က္အလက္ေတြကို စုစည္းသိမ္းဆည္းၿပီး မွ်ေဝအသုံးျပဳႏိုင္ဖို႔အတြက္ Common Application Software ျဖစ္တဲ့ Civil Service ID Management System စနစ္ကို တည္ေဆာက္ဝန္ေဆာင္မႈေပး
ေနတယ္လို႔ ဆိုပါတယ္။ ဝန္ထမ္းေတြအေနနဲ႔ ဝန္ႀကီးဌာနေတြကို အ၀င္အထြက္နဲ႔ ဝန္ထမ္းျဖစ္ေၾကာင္း သက္ေသခံ Smart Card
အျဖစ္ အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။

GPMS စနစ္နဲ႔ခ်ိတ္ဆက္ အသုံးျပဳႏိုင္မယ့္ ဝန္ထမ္းေရးရာ e-ID စနစ္တခု တည္ေဆာက္သြားႏိုင္ရန္၊ ဝန္ထမ္းေတြရဲ႕ ဝန္ထမ္းစိစစ္ေရး card ေတြကို Smart Card စနစ္ျဖင့္ စတင္အသုံးျပဳႏိုင္ရန္၊ GPMS စနစ္မွာ သိမ္းဆည္းထားရွိၿပီးျဖစ္တဲ့ ဝန္ထမ္းေတြရဲ႕အခ်က္အလက္
ေတြကို စုစည္းမွ်ေဝအသုံးျပဳႏိုင္မယ့္ Central Database စနစ္ တည္ေဆာက္ရာမွ National Database အဆင့္သို႔ အဆင့္ျမႇင့္တင္ သြားႏိုင္ရန္လည္း ေဆာင္ရြက္ေနတယ္လို႔ ဆိုပါတယ္။

e-Government Service Delivery Unit ဖြဲ႕စည္းတည္ေဆာက္ျခင္း စီမံကိန္း

ျမန္မာႏိုင္ငံမွာ e-Government လုပ္ငန္းေတြ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရာမွာ planning, designing, implementing နဲ႔ marketing လုပ္ငန္းေတြ ေဆာင္ရြက္ဖို႔အတြက္ လိုအပ္တဲ့အႀကံဉာဏ္ေတြ ေပးႏိုင္ေစဖို႔ ရည္ရြယ္ၿပီး e-Government Service Delivery Unit ဖြဲ႕စည္းတည္ေဆာက္ျခင္း စီမံကိန္းကိုလည္း ေဆာင္ရြက္ခဲ့တယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံရွိ အစိုးရအဖြဲ႕အစည္းေတြ အသီးသီးက လႊင့္တင္ထားတဲ့
Website ေတြ၊ e-service ေတြကို တစ္ေနရာတည္းမွာ စုစည္းၿပီး Myanmar National Portal ကို Domain Name (www.myanmar.gov.mm) နဲ႔ လႊင့္တင္ၿပီးလည္းျဖစ္ပါတယ္။

ဆက္လက္ၿပီး ဘာေတြေဆာင္ရြက္မလဲ

Cyber Legal Framework ေရးဆြဲျခင္းစီမံကိန္းကို ေဆာင္ရြက္သြားမယ္လို႔ ဆိုပါတယ္။ ျမန္မာႏိုင္ငံမွာ e-Government နဲ႔ e-Commerce လုပ္ငန္းေတြ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ e- Commerce e-Government တို႔နဲ႔ စပ္လ်ဥ္းတဲ့ Cyber Law and Policies ေတြကို ေရးဆြဲသြားႏိုင္ရန္ ျပင္ဆင္ေဆာင္ရြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားပါတယ္။ Government Integrated Data Center (e-GIDC) တည္ေဆာက္ျခင္း စီမံကိန္းကိုလည္း ေဆာင္ရြက္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံမွာ e-Government လုပ္ငန္းစဥ္ တိုးတက္လာတာနဲ႔အမွ် မ်ားျပားလာမယ့္ e-Services ေတြကို Online ဝန္ေဆာင္မႈေတြေပးႏိုင္ဖို႔ ရည္ရြယ္ၿပီး e-Government Integrated Data Center (e-GIDC) တည္ေဆာက္ျခင္းစီမံကိန္းကိုလည္း အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနတယ္လို႔ ဆိုပါတယ္။
လက္ရွိ အစိုးရအဖြဲ႕အစည္း အသီးသီးက e-Government ဆိုင္ရာကိစၥရပ္ေတြ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ဦးေဆာင္ေကာ္မတီ တစ္ရပ္ကိုလည္း ဖြဲ႕စည္းၿပီး လုပ္ငန္းအခ်ိဳ႕ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း ေတြ႕ရပါတယ္။ e-Government ဦးေဆာင္ေကာ္မတီကို ဖြဲ႕စည္းၿပီးတဲ့ေနာက္မွာ ပထမအႀကိမ္ လုပ္ငန္းညိႇႏိႈင္းအစည္းအေဝးကို အခုႏွစ္အေစာပိုင္း (ဧၿပီ ၄ ရက္) က က်င္းပခဲ့ၿပီးျဖစ္ပါတယ္။ e-Government ျမန္ျမန္လုပ္ဖို႔ တိုးတက္ဖို႔ဆိုရင္ အခ်က္သံုးခ်က္က အဓိကျဖစ္တယ္လို႔ ဦးေဆာင္ေကာ္မတီရဲ႕ နာယက ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။ အဲဒါေတြကေတာ့ ကြ်မ္းက်င္မႈလိုအပ္ခ်က္၊ ရင္းႏွီးျမႇဳပ္ႏွံမႈ လိုအပ္ခ်က္၊ ပူးေပါင္းေဆာင္ရြက္မႈ လိုအပ္ခ်က္တို႔ပဲ ျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

(ကိုးကား- www.motc.gov.mm)

[ Unicode ]

[ Zawgyi ]

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်မှာ e-Government ဌာနတစ်ခုရှိပြီး ၀န်ကြီးဌာနဆိုင်ရာ၊ အများပြည်သူ ဝန်ဆောင်မှုပေးရေးဆိုင်ရာ အစရှိတာတွေနဲ့ပတ်သက်ပြီး e-Government ဝန်ဆောင်မှုကို ဆောင်ရွက်ပေးတာဖြစ်ပါတယ်။

အဲဒီသတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ e-Government ဌာနအနေနဲ့ အစိုးရအဖွဲ့အစည်းတွေနဲ့ ဝန်ကြီးဌာနအသီးသီးမှ e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ဖို့ အဓိကလိုအပ်ချက်တွေကို ဆောင်ရွက်ပေးနေတာလို့ပါတယ်။ အဲဒီဆောင်ရွက်ချက်တွေထဲမှာ ICT Infrastructure (Network, Data Centers, IACs, etc.,) များ တည်ဆောက်ပေးခြင်း၊ Common Application များ အသုံးပြုနိုင်ရန် ဆောင်ရွက်ဝန်ဆောင်မှုပေးခြင်း၊ နည်းပညာအထောက်အပံ့ ပေးခြင်း၊ အကြံပြုခြင်း၊ သင်တန်းများဖွင့်လှစ် ပို့ချပေးခြင်း၊ Seminar၊ Workshop များ ကျင်းပပြု လုပ်ပေးခြင်း၊ နိုင်ငံတကာချေးငွေ/ ထောက်ပံ့ငွေများဖြင့် e-Government ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာနများမှ ဆောင်ရွက်လျက်ရှိသော e-Government လုပ်ငန်းစဉ်များအား လေ့လာဆန်းစစ် အကဲဖြတ်ခြင်းလုပ်ငန်းတွေ ပါ​ဝင်တယ်လို့ သိရပါတယ်။

လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ

အစိုးရအဖွဲ့အစည်းအသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ e-Government လုပ်ငန်းစဉ်တွေကို ချိတ်ဆက်အသုံးပြုဖို့နဲ့ e-mail, EDMS, GPMS, CSMS, Myanmar National Portal and Video Conferencing စတဲ့ Common application တွေကို ချိတ်ဆက်အသုံးပြုနိုင်ဖို့ နေပြည်တော် e-GWAN ကွန်ရက်ကို တည်ဆောက် ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။ နေပြည်တော်မှာရှိတဲ့ အစိုးရဗဟိုရုံးတွေ ပြည်ထောင်စုဝန်ကြီးရုံးတွေနဲ့ ပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှ အစိုးရအဖွဲ့တွေ၊ ဝန်ကြီးဌာနတွေအကြား Online အသုံးပြုပြီး အစည်းအဝေးတွေ ပြုလုပ်နိုင်ဖို့ Video Conferencing စနစ်ကို တည်ဆောက်ပြီး ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းလည်း ပါဝင်ပါတယ်။ နေပြည်တော်၊ S12 အိတ်ချိန်း အဆောက်အဦမှာရှိတဲ့ e-Government Data Center မှာ e-Government Common Applications စနစ်တွေကို ဝန်ဆောင်မှုပေးနိုင်ဖို့နဲ့ Server Co-location ဝန်ဆောင်မှုတွေလည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အစိုးရဌာနအသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ e-Government လုပ်ငန်းစဉ်တွေကို ချိတ်ဆက်အသုံးပြုနိုင်ဖို့နဲ့ အစိုးရဗဟိုရုံးဝန်ကြီးဌာနအသီးသီးရဲ့ e-mail, Electronic Document Management System (EDMS), Government Personnel Management System (GPMS), Civil Service ID Management System (CSMS), Myanmar National Portal, Video Conferencing အစရှိတဲ့ Common Application တွေကို ချိတ်ဆက် အသုံးပြုနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

Information Access Center (IAC) ကို တည်ဆောက်ထားရှိပြီး မည်သူမဆို အင်တာနက် အခမဲ့လာရောက်သုံးနိုင်ဖို့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ဝန်ထမ်းရေးရာ ကိစ္စရပ်တွေကို IT နည်းပညာအသုံးပြုပြီး စီမံခန့်ခွဲနိုင်တဲ့ စနစ်ဖြစ်တဲ့ Government Personnel Management System (GPMS) ကိုလည်း ဆောင်ရွက်နေပါတယ်။ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးမှတ်တမ်း၊ ရာထူးခန့်အပ်မှုနဲ့ တာဝန်ထမ်းဆောင်မှုသမိုင်း၊ ခွင့်မှတ်တမ်း၊ သင်တန်းဆိုင်ရာ အချက်အလက်၊ ဝန်ထမ်းအကဲဖြတ်
မှတ်တမ်း၊ ဝန်ထမ်းအင်အားနဲ့ ဌာနဖွဲ့စည်းပုံတွေ အစရှိတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ Server တွေအသီးသီးမှာ ထည့်သွင်း သိမ်းဆည်းထားရှိပြီး လိုအပ်တဲ့အခြေအနေနဲ့ ကိုက်ညီမယ့် အချက်အလက်၊ စာရင်းဇယား၊ အစီအရင်ခံစာတွေကို မှန်ကန်တိကျစွာ ရှာဖွေထုတ်ယူနိုင်တဲ့စနစ်လို့ ဆိုပါတယ်။

Document management (create, register, send/receive, comment/instruction, read/edit, and enclose) အပါအဝင်
ရုံးလုပ်ငန်းတွေကိုစီမံခန့်ခွဲတဲ့ ဝန်ဆောင်မှုလည်းရှိတယ်လို့ ဆိုပါတယ်။ အစိုးရဗဟိုရုံးတွေနဲ့ ဝန်ကြီးဌာနတွေအားလုံးက အသုံးပြုနိုင်ဖို့ e-mail စနစ် encryption စနစ်ကိုလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ e-Meeting စနစ်ကိုလည်း တာဝန်ယူပေးနေပြီး အစိုးရဌာနဆိုင်ရာတွေအားလုံး တစ်ပြေးညီအသုံးပြုနိုင်ဖို့အတွက် ဝန်ထမ်းစိစစ်ရေးကတ်တွေကို Smart Card စနစ်နဲ့ စတင်အသုံးပြုနိုင်ဖို့၊ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးမှတ်တမ်း အချက်အလက်တွေကို စုစည်းသိမ်းဆည်းပြီး မျှဝေအသုံးပြုနိုင်ဖို့အတွက် Common Application Software ဖြစ်တဲ့ Civil Service ID Management System စနစ်ကို တည်ဆောက်ဝန်ဆောင်မှုပေး
နေတယ်လို့ ဆိုပါတယ်။ ဝန်ထမ်းတွေအနေနဲ့ ဝန်ကြီးဌာနတွေကို အဝင်အထွက်နဲ့ ဝန်ထမ်းဖြစ်ကြောင်း သက်သေခံ Smart Card
အဖြစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

GPMS စနစ်နဲ့ချိတ်ဆက် အသုံးပြုနိုင်မယ့် ဝန်ထမ်းရေးရာ e-ID စနစ်တခု တည်ဆောက်သွားနိုင်ရန်၊ ဝန်ထမ်းတွေရဲ့ ဝန်ထမ်းစိစစ်ရေး card တွေကို Smart Card စနစ်ဖြင့် စတင်အသုံးပြုနိုင်ရန်၊ GPMS စနစ်မှာ သိမ်းဆည်းထားရှိပြီးဖြစ်တဲ့ ဝန်ထမ်းတွေရဲ့အချက်အလက်
တွေကို စုစည်းမျှဝေအသုံးပြုနိုင်မယ့် Central Database စနစ် တည်ဆောက်ရာမှ National Database အဆင့်သို့ အဆင့်မြှင့်တင် သွားနိုင်ရန်လည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

e-Government Service Delivery Unit ဖွဲ့စည်းတည်ဆောက်ခြင်းစီမံကိန်း

မြန်မာနိုင်ငံမှာ e-Government လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ planning, designing, implementing နဲ့ marketing လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့အကြံဉာဏ်တွေ ပေးနိုင်စေဖို့ ရည်ရွယ်ပြီး e-Government Service Delivery Unit ဖွဲ့စည်းတည်ဆောက်ခြင်း စီမံကိန်းကိုလည်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်းတွေ အသီးသီးက လွှင့်တင်ထားတဲ့
Website တွေ၊ e-service တွေကို တစ်နေရာတည်းမှာ စုစည်းပြီး Myanmar National Portal ကို Domain Name (www.myanmar.gov.mm) နဲ့ လွှင့်တင်ပြီးလည်းဖြစ်ပါတယ်။

ဆက်လက်ပြီး ဘာတွေဆောင်ရွက်မလဲ

Cyber Legal Framework ရေးဆွဲခြင်းစီမံကိန်းကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ e-Government နဲ့ e-Commerce လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် e- Commerce e-Government တို့နဲ့ စပ်လျဉ်းတဲ့ Cyber Law and Policies တွေကို ရေးဆွဲသွားနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။ Government Integrated Data Center (e-GIDC) တည်ဆောက်ခြင်း စီမံကိန်းကိုလည်း ဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ e-Government လုပ်ငန်းစဉ် တိုးတက်လာတာနဲ့အမျှ များပြားလာမယ့် e-Services တွေကို Online ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ရည်ရွယ်ပြီး e-Government Integrated Data Center (e-GIDC) တည်ဆောက်ခြင်းစီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ အစိုးရအဖွဲ့အစည်း အသီးသီးက e-Government ဆိုင်ရာကိစ္စရပ်တွေ အကောင်အထည်ဖော်နိုင်ဖို့ ဦးဆောင်ကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းပြီး လုပ်ငန်းအချို့ဆောင်ရွက်နေပြီဖြစ်ကြောင်း တွေ့ရပါတယ်။ e-Government ဦးဆောင်ကော်မတီကို ဖွဲ့စည်းပြီးတဲ့နောက်မှာ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အခုနှစ်အစောပိုင်း (ဧပြီ ၄ ရက်) က ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ e-Government မြန်မြန်လုပ်ဖို့ တိုးတက်ဖို့ဆိုရင် အချက်သုံးချက်က အဓိကဖြစ်တယ်လို့ ဦးဆောင်ကော်မတီရဲ့ နာယက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ အဲဒါတွေကတော့ ကျွမ်းကျင်မှုလိုအပ်ချက်၊ ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်၊ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ချက်တို့ပဲ ဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

(ကိုးကား- www.motc.gov.mm)