Dual camera ပါဝင္တဲ့ HTC U12+ ကို ေမ ၂၃ တြင္ မိတ္ဆက္မည္

[ Zawgyi ]

HTC ဟာ ဖုန္းအသစ္ ပြဲထုတ္မိတ္ဆက္မယ့္ ေၾကာ္ျငာအတြက္ စိတ္ကူးေကာင္းတဲ့ နည္းလမ္းတစ္ခုကို ေတြ႕ရိွခဲ့ပါတယ္။ အဲ့ဒါကေတာ့ ဖုန္းအသစ္ရဲ႕ အစိတ္အပိုင္းေတြကို ဓာတ္ပံုတစ္ပံုထဲမွာ ထည့္သြင္းေဖာ္ျပတဲ့နည္း ျဖစ္ပါတယ္။

အဲ့ဒီ အစိတ္အပိုင္းေတြကေန အမ်ားႀကီး သိရိွႏိုင္ပါတယ္။ ထိပ္ဘက္မွာေတြ႕ရတဲ့ အရြယ္ငယ္တဲ့ ကင္မရာ module ႏွစ္ခုက အေရွ႕ဘက္ကင္မရာ ျဖစ္ႏိုင္ပါတယ္။ အရြယ္ႀကီးတဲ့ ကင္မရာ module ႏွစ္ခုက ပင္မကင္မရာ ျဖစ္ႏိုင္ပါတယ္။

ဒါ့အျပင္ ribbon cable ေတြနဲ႔ အစိတ္အပိုင္း ႏွစ္ခုနဲ႔ LED တစ္ခုကိုလည္း ေတြ႕ရပါတယ္။

ကင္မရာအပိုင္းမွာ ပင္မကင္မရာက 12MP + 16MP UltraPixel ကင္မရာ ျဖစ္ၿပီး အေရွ႕ဘက္ကင္မရာက 8MP + 8MP ျဖစ္ပါတယ္။ ႏွစ္ခုစလံုးမွာ OIS ပါဝင္လာမယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ dual hybrid tray ကိုလည္း ျပသထားတာေၾကာင့္ microSD card နဲ႔လည္း အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ USB-C port ကို ျပသထားေပမယ့္ 3.5mm နားၾကပ္ေပါက္ကိုေတာ့ မေတြ႕ရပါဘူး။

ဓာတ္ပံုမွာ motherboard ကိုလည္း ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ေကာလာဟလသတင္းေတြကေတာ့ Snapdragon 845 chipset သံုးထားၿပီး RAM ကို 6GB ကေန 8GB အထိ ရရိွႏိုင္မယ္လို႔ ဆိုပါတယ္။ ဘက္ထရီက 3,420mAh ပါ။ ဓာတ္ပံုမွာမပါတဲ့ screen အရြယ္က ၅.၅ လက္မျဖစ္ၿပီး QHD+ resolution ျဖစ္တယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

=============

[ Unicode ]

Dual camera ပါဝင်တဲ့ HTC U12+ ကို မေ ၂၃ တွင် မိတ်ဆက်မည်

=============

HTC ဟာ ဖုန်းအသစ် ပွဲထုတ်မိတ်ဆက်မယ့် ကြော်ငြာအတွက် စိတ်ကူးကောင်းတဲ့ နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ဖုန်းအသစ်ရဲ့ အစိတ်အပိုင်းတွေကို ဓာတ်ပုံတစ်ပုံထဲမှာ ထည့်သွင်းဖော်ပြတဲ့နည်း ဖြစ်ပါတယ်။

အဲ့ဒီ အစိတ်အပိုင်းတွေကနေ အများကြီး သိရှိနိုင်ပါတယ်။ ထိပ်ဘက်မှာတွေ့ရတဲ့ အရွယ်ငယ်တဲ့ ကင်မရာ module နှစ်ခုက အရှေ့ဘက်ကင်မရာ ဖြစ်နိုင်ပါတယ်။ အရွယ်ကြီးတဲ့ ကင်မရာ module နှစ်ခုက ပင်မကင်မရာ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ribbon cable တွေနဲ့ အစိတ်အပိုင်း နှစ်ခုနဲ့ LED တစ်ခုကိုလည်း တွေ့ရပါတယ်။

ကင်မရာအပိုင်းမှာ ပင်မကင်မရာက 12MP + 16MP UltraPixel ကင်မရာ ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 8MP + 8MP ဖြစ်ပါတယ်။ နှစ်ခုစလုံးမှာ OIS ပါဝင်လာမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် dual hybrid tray ကိုလည်း ပြသထားတာကြောင့် microSD card နဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ USB-C port ကို ပြသထားပေမယ့် 3.5mm နားကြပ်ပေါက်ကိုတော့ မတွေ့ရပါဘူး။

ဓာတ်ပုံမှာ motherboard ကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ကောလာဟလသတင်းတွေကတော့ Snapdragon 845 chipset သုံးထားပြီး RAM ကို 6GB ကနေ 8GB အထိ ရရှိနိုင်မယ်လို့ ဆိုပါတယ်။ ဘက်ထရီက 3,420mAh ပါ။ ဓာတ်ပုံမှာမပါတဲ့ screen အရွယ်က ၅.၅ လက်မဖြစ်ပြီး QHD+ resolution ဖြစ်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena